လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ရင်လေးစရာ အနာဂတ် မြန်မာမိန်းကလေးများ၏ ဘ၀နှင့်သိက္ခာ

Posted by Unknown Thursday, November 15, 2012 0 comments
Photo: ယုခုဆို နည်းပညာတိုးတက်လာခြင်း
ကြောင့် ဆက်သွယ်ရေးများကောင်းလာပြီး
ကမ္ဘာကြီးဟာ ရွာလို့ပင် တင်စား နိုင်ပြီဖြစ်
ပါတယ်။ယခုအချိန်ဆို အင်တာနက်ဆိုတာ
 လူတိုင်း သုံးနိုင်ပြီး လူတန်းစားမျိုးစုံ သုံး
တတ်တဲ့ အခြေနေသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။


ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်စက အင်တာနက်ဆိုတာ ကြားသာကြားဖူး
ခဲ့တာ ဘယ်လိုသုံးရလဲ ဘာ တွေအသုံးဝင်လဲဆိုတာ မသိခဲ့ပါဘူး။

အမှတ်မကောင်းတော့ တက္ကသိုလ်အဝေးသင်ယူရင်းနဲ့ ကွန်ပြူတာကို စိတ်ဝင်စားလို့အပြင်
သင်တန်းတွေ တက်နေတဲ့အထိ အင်တာနက်ဆိုတာကို ဘာမှန်းညာမှန်းမသိခဲ့ပါဘူး။

ဒီလိုနဲ့ မှတ်မှတ်ရရ ၂၀၀၄ -၂၀၀၅ လောက်မှာ သူငယ်ချင်းတစ်ရောက်က ဘယ်လိုသုံးရလဲ
ဆိုတာ သင်ပေးရင်းနဲ့ စတင် သုံးတတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အင်တာနက်ဆိုတာ ကလေးအစ အရွယ်စုံ သုံးတတ်နေကြပါပြီ။
အင်တာနက်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးမှာလဲ အင်မတန် လွယ်ကူ
 မြန်ဆန်သလို အွန်လိုင်းကနေတဆင့် ယောင်္ကျားလေးတွေ မိန်းကလေးတွေ ခင်မင်ရင်နှီး၊ချစ်ကြိုက်ခဲ့ကြပြီး နောက်ဆုံး လက်ထပ်ကြတဲ့ အထိ များစွာ
ရှိခဲ့ကြပြီဖြစ်ပါတယ်။

အကောင်းနဲ့ အဆိုးကတော့ အမြဲတန်းဒွန့်တွဲနေကြပါတယ်။တိုးတက်လာတဲ့ အင်တာနက်
နည်းပ ညာကို အကျိုးရှိရှိ အသုံးချတဲ့သူများအတွက်တော့ အကျိုးကျေးဇူးများရရှိပြီး ၊ တလွဲ အသုံးချသူများအဖို့တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိခဲ့တာ တွေ့ရပါတယ်။

အွန်လိုင်းကနေ တဆင့် လိမ်လည်လှည့်ဖြားပြီး ငွေများတောင်းခံခြင်း၊ အထူးသဖြင့် မိန်းကလေးများကို အွန်လိုင်းကနေ တဆင့် ခြမ်းခြောက်ခြင်း၊ ဖျားရောင်းသွေးဆောင်ပြီး ဖျက်ဆီးခြင်း၊ အကျပ်ကိုင် ငွေညှစ် ခြင်းများကိုလဲ သတင်း ဂျာနယ်၊ ဘလော့များတွင် တွေ့ခဲ့ပြီးဖြစ်ကြပါလိမ့်မယ်။

 နိုင်ငံခေတ်မှီတိုးတက်လာသည်နှင့် အမျှ မြန်မာ့ ယဉ်ကျေးမှု များလဲ ပျက်စီးလာတာတွေ့ရပါတယ်။ အနောက်တိုင်း အ၀တ်အစားများ၊ကိုရီးယားအ၀တ်အစားများ ခေတ်စားလာခြင်းကြောင့်
 မြန်မာမိန်းကလေးတချို့ မလုံမခြုံအ၀တ်အစားများ အ၀တ်များကြပြီး သူတို့ရဲ့ အန္တရယ်ကို
ဖိတ်ခေါ်သကဲ့သို့ဖြစ်နေခဲ့ပါတယ်။

 အတုယူသင့်တာကို မယူ ၊ အတုမယူသင့်တာကို ယူကြတဲ့အတွက် ကိုရီးယားဇာတ်လမ်းတွဲ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားများ ၊ အချစ်ကားများကြောင့် မြန်မာ မိန်းက လေး
တချို့ စိတ်ဓာတ်ပိုင်း ပျက်စီးလာကြတာကိုလဲ တွေ့ရပါတယ်။ 

 လိုရင်းမရောက်တော့လို့ အဓိကပြောချင်တာကိုဘဲပြောပါတော့မယ်။



အားလုံးမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ကောင်း တဲ့သူက ကောင်းပါတယ်လို့
 ကြိုတင်ပြောခဲ့ပါရစေ။

ကျွန်တော် သိတဲ့သူတစ်ရောက်ပေါ့၊ သူက နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ ဒီကို
ခနပြန်လာတာပေါ့။ အွန်လိုင်းကို အားရင် အချိန်တော်တော်များ သုံးပြီး facebook ကိုလဲ အမြဲတန်း သုံးနေကြပေါ့။ ဒီမှာ ခနရောက်ခိုက် အွန်လိုင်းကနေ ကောင်မလေး တစ်ရောက်နဲ့သိပြီး ဖုန်းတွေဆက် ၊ကောင်းမလေးဆီသွားလည်ရင်းနဲ့ ဘာလိုလို ညာလိုလိုဖြစ်သွားတဲ့ ထိတော့ သိခဲ့တာပေါ့။

 ဒီလိုနဲ့ ၂ လလောက်နေပြီး နိုင်ငံခြားကိုပြန်ထွက်တော့မယ့် အချိန် တွေ့ဆုံခိုက်မှာ သူ့ကောင်
မလေးပုံဆိုပြီး ဓာတ်ပုံထုတ် ပြပြီးကြွားတာပေါ့။

ဓာတ်ပုံထဲမှာ အခန်း တစ်ခန်း မီးရောင်မှိန်မှိန် လေးထဲမှာ ကောင်မလေးနဲ့ သူနဲ့ ဖက်ပြီး
ရိုက်ထားတဲ့ပုံလေ။

 ဒါနဲ့ ဘယ်နေရာမှာ ရိုက်ထားတာလဲမေးကြည့်တော့ သူကပြောတယ် မင်းဒါလေးတောင်
မသိဘူးလားတဲ့၊တည်းခိုခန်းမှာရိုက်ထားတာလို့ပြောပါတယ်။

 ကြားကြားခြင်း  ကောင်မလေးရဲ့စိတ်ကို တော်တော်အံသြ သွားပါ တယ်၊ပျက်စီးနေတဲ့ မိန်းကလေးလဲမဟုတ်တဲ့အတွက် ၁ လ ၂ လ အတွင်း အွန်လိုင်းကနေ အချိန်တိုလေးအတွင်း
 သိခဲ့ တဲ့သူတစ်ရောက်ကို ဒီလိုအခြေအနေထိ ဖြစ်ခဲ့ကြတာကို မယုံနိုင်လောက်အောင်ပါဘဲ။



ရုပ်ချောအပြောကောင်းလို့လား၊ နိုင်ငံခြားပြန် ပိုက်ဆံသုံးနိုင်တဲ့သူမို့လို့လား ၊ အယုံလွယ်သူ
မလို့လားတော့ မသိပါဘူး ၊သူ့အကြောင်းကိုယ့်အကြောင်းလဲ သေချာမသိ၊ စိတ်နေစိတ်ထားလဲ ကောင်းလားဆိုးလား မသိဘဲနဲ့ အချိန် ၁ လကျော်လေးအတွင်းမှာ ဒီလို အခြေအနေထိရောက်ခဲ့တယ်ဆိုတော့ ၊ နိုင်ငံခြား ဥရောပ နိုင်ငံတွေရဲ့ အခုမြင် အခုကြိုက်ကြပြီး LivingTogether ကို သဘောကြလို့လား၊ ဒါမှမဟုတ် ခပ်ရိုင်းရိုင်းပြောရရင်  အပေးအကမ်း ရက်ရောတယ်လို့ပြောရမလားတောင် မသိတော့ပါဘူး။ ဒီနေရာမှာ ယောင်္ကျားလေးကိုတော့ အပြစ်ပြောရင်ပြောကြမှာပါ၊

ဒါပေမယ့် ယောင်္ကျားလေးချင်းမလို့ ဘက်လိုက်ပြောတာတော့မဟုတ်ပါဘူး။ လက်ခုပ်ဆိုတာ
 တစ်ဖက်ထဲနဲ့ မမည်ပါဘူး၊ လက်နှစ်ဖက်တီးမှ မည်တာပါ။

ဘယ်လိုဘဲဖြစ်ဖြစ် မိန်းကလေးဘက်က အရင်ထိခိုက် နစ်နာမှာဆိုတော့ ကြိုတင်စဉ်းစားပြီး
ကိုယ့်ကိုကို ထိန်းသိမ်း သင့်ပါတယ်။

    ဒီလိုနဲ့ အဲဒီတစ်ယောက်က နိုင်ငံခြားရောက်သွားပြီး ၂ လ ၃ လ လောက်ကြာတော့
အွန်လိုင်းမှာတွေ့လို့ စကားပြောရင်းနဲ့ မေးဖြစ်တယ်၊ ဟိုကောင်မလေးနဲ့ကော အဆက်အသွယ်ရှိသေးလားပေါ့၊ သူကပြန်ပြောတယ် ငါအ ဆက်အသွယ်ဖြတ်
လိုက်ပြီတဲ့လေ။

ကာယကံရှင်တွေကတော့ ဘယ်လိုခံစားပြီး၊ ဘယ်လို သဘောထားလဲတော့ မသိပါဘူး။
ကျွန်တော်ကတော့ မိန်းကလေးအတွက် နှမချင်းကိုယ်ချင်းစာပြီး
သက်ပျင်းချမိလိုက်ပါတယ်။

 မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်ကိုကို တန်ဖိုးထားပြီး ကိုယ့်ဘ၀အတွက် လက်တွဲမယ့်သူအပေါ်ကို သစ္စာရှိရှိ စောင့်ထိန်းသင့်တယ်လို့ ထင်မိပါတယ်။စိတ်အလိုလိုက်
မှုကြောင့်ဘ၀ကို ပုံအပ်ပေးမယ်ဆိုရင်တောင် အဲဒီလူဟာ အချိန်ကြာကြာလက်တွဲခဲ့ပြီး ကိုယ့်ကိုတစ်ကယ်ချစ်တဲ့သူ၊ အမှန်တကယ် လက်တွဲ လက်ထပ်မယ့်သူသာ ဖြစ်သင့်ပါတယ်။
ကျွန်တော် ပညာပေး ဘလော့ရေးတိုင်း အမြဲတန်းလိုလို
 ပြောနေကြစကားရှိပါတယ်။

“ လူတစ်ရောက်ကို အချိန်ခဏလေးအတွင်း မယုံကြည်သင့်ပေ၊ အချိန်ကြာကြာလက်တွဲ၊ စကားများများပြောကြည့်ပြီးမှ လူတစ်ရောက်ရဲ့ အတွင်းစိတ်၊ ကိုယ့်ကျင့်တရားကို
သိနိုင်ပေသည်။

ထိုမှသာ ကိုယ့်အတွက် လူကောင်းလား လူဆိုးလားဆိုတာကို တွက်ချက်နိုင်ပါလိမ့်မည် “
ကြားဖူး မြင်ဖူး တွေ့ဖူးခဲ့သော ယခုလို ဖြစ်စဉ်မျိုး အများကြီးထဲမှ တစ်ခုကို မိန်းကလေးများအတွက်၊ အထူးသဖြင့် ယခုခေတ်ကာလတွင် အဖြစ်အများဆုံး တက္ကသိုလ်တက်စ စိတ်ကစားတတ်တဲ့အရွယ် ဆယ်ကျော်သက် ကောင်မလေးများအတွက် အချစ်ကို ကိုးကွယ်ပြီး ဒုက္ခမရောက်စေရန်၊

ကိုယ့်ကိုကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် အတွက် ဗဟုသုတ၊ ပညာပေး ၊ ရှောင်ကြဉ် သင့်တာ ရှောင်ကြဉ် နိုင်အောင် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ မိန်းကလေးအားလုံးကို မဆိုလိုပါ။
ကျွန်တော်ဘဲ ခေတ်နောက်ကြ ကျန်နေခဲ့တာလား၊ ဒါမှမဟုတ် တိုးတက်သွားလို့
လိုက်မမှီတော့တာလား မသိတော့ပါဘူး။

ဒီလို တိုးတက်လာပုံမျိုးကိုတော့ စိုးရိမ် ကြောက်လန့်မိပါတယ်။ မြန်မာမိန်းကလေးများ
အနေဖြင့် အသားကပ် ဘောင်းဘီများ၊ ပေါင်တို ဘောင်းဘီများဝတ်ခြင်းတို့ကို အားမကြ အတုမယူကြဘဲ မြန်မာ့ယဉ်ကျေးမှု အ၀တ်အစားများ၊ မြန်မာ့စိတ်ဓာတ် ၊

စိတ်နေစိတ်ထားတွေကို ထိမ်းသိမ်း စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္တပြုရင်းနဲ့ ရေးထားတာ
အမှားပါရင် ခွင့်လွတ် ပေးကြပါလို့ 

အောင်နိုင်ဦးပို့ ပေးသည်။
စာရေးဆရာ နာမည်  ပါလာပါဘူး။
ပို့ ပေးသူနာမည်သာဖော်ပြပေးလိုက်ပါသည်။
ယခုဆို နည်းပညာ တိုးတက်လာခြင်းကြောင့် ဆက်သွယ်ရေး များေ ကာင်းလာပြီး ကမ္ဘာကြီးဟာ ရွာလို့ပင် တင်စား နိုင်ပြီ ဖြစ်ပါတယ်။ ယခုအချိန်ဆို အင်တာနက်ဆိုတာ လူတိုင်းသုံးနိုင်ပြီး လူတန်းစားမျိုးစုံ သုံးတတ် တဲ့ အခြေအနေ သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်စက အင်တာနက် ဆိုတာ ကြားသာ ကြားဖူးခဲ့တာ ဘယ်လို သုံးရလဲ ဘာတွေ အသုံးဝင်လဲဆိုတာ မသိခဲ့ပါဘူး။ အမှတ် မကောင်းတော့ တက္ကသိုလ် အဝေးသင်ယူရင်းနဲ့ ကွန်ပြူတာကို စိတ်ဝင်စားလို့ အပြင် သင်တန်းတွေ တက်နေတဲ့ အထိ အင်တာနက် ဆိုတာကို ဘာမှန်း ညာမှန်း မသိခဲ့ပါဘူး။ ဒီလိုနဲ့ မှတ်မှတ်ရရ ၂၀၀၄ -၂၀၀၅ လောက်မှာ သူငယ်ချင်း တစ်ယောက်က ဘယ်လို သုံးရလဲဆိုတာ သင်ပေး ရင်းနဲ့ စတင် သုံးတတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အင်တာနက် ဆိုတာ ကလေးအစ အရွယ်စုံ သုံး တတ်နေကြပါပြီ။ အင်တာနက် ဆိုတာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရေး မှာလဲ အင်မတန် လွယ်ကူ မြန်ဆန် သလို အွန်လိုင်းကနေ တဆင့် ယောင်္ကျားလေးတွေ မိန်းကလေးတွေ ခင်မင်ရင်နှီး၊ ချစ်ကြိုက် ခဲ့ကြပြီး နောက်ဆုံး လက်ထပ်ကြတဲ့ အထိများစွာ ရှိခဲ့ကြပြီဖြစ် ပါတယ်။ အကောင်းနဲ့ အဆိုးကတော့ အမြဲတန်း ဒွန်တွဲနေကြပါတယ်။ တိုးတက်လာတဲ့ အင်တာနက် နည်းပညာကို အ ကျိုးရှိရှိ အသုံးချတဲ့သူများ အတွက်တော့ အကျိုးကျေးဇူး များရရှိပြီး ၊ တလွဲ အသုံးချသူများ အဖို့တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိခဲ့တာ တွေ့ရပါတယ်။ အွန်လိုင်းကနေ တဆင့် လိမ်လည်လှည့်ဖြားပြီး ငွေများ တောင်းခံခြင်း၊ အထူးသဖြင့် မိန်းကလေးများကို အွန် လိုင်းကနေ တဆင့် ချိမ်းခြောက်ခြင်း၊ ဖျားရောင်းသွေးဆောင်ပြီး ဖျက်ဆီးခြင်း၊ အကျပ်ကိုင် ငွေညှစ် ခြင်း များကိုလဲ သတင်း ဂျာနယ်၊ ဘလော့များတွင် တွေ့ခဲ့ပြီးဖြစ်ကြ ပါလိမ့် မယ်။ နိုင်ငံခေတ်မှီ တိုးတက်လာသည်နှင့် အမျှ မြန်မာ့ ယဉ်ကျေးမှုများလဲ ပျက်စီး လာတာေ တွ့ရပါတယ်။ အနောက် တိုင်း အ၀တ်အစားများ၊ ကိုရီးယား အ၀တ်အစားများ ခေတ်စားလာခြင်းကြောင့် မြန်မာ မိန်းကလေး တချို့ မလုံမခြုံ အ၀တ်အစားများ အ၀တ်များကြပြီး သူတို့ရဲ့ အန္တရယ်ကို ဖိတ်ခေါ် သကဲ့သို့ ဖြစ်နေခဲ့ပါတယ်။ အတုယူ သင့်တာကို မယူ ၊ အတုမယူ သင့်တာကို ယူကြတဲ့ အတွက် ကိုရီးယား ဇာတ်လမ်းတွဲ အိမ်ထောင်ရေး  ဖောက်ပြန်တဲ့ ကားများ ၊ အချစ်ကားများကြောင့် မြန်မာ မိန်းကလေး တချို့ စိတ်ဓာတ်ပိုင်း ပျက်စီးလာကြတာ ကိုလဲ တွေ့ရပါတယ်။ လိုရင်း မရောက်တော့လို့ အဓိကပြောချင်တာကို ဘဲပြောပါတော့မယ်။

အားလုံး မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ကောင်းတဲ့သူက ကောင်းပါတယ်လို့ ကြိုတင်ပြောခဲ့ပါ ရစေ။ ကျွန်တော်သိတဲ့ သူတစ်ရောက်ပေါ့၊ သူကနိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ ဒီကို ခနပြန်လာတာပေါ့။ အွန် လိုင်းကို အားရင် အချိန်တော်တော်များ သုံးပြီး facebook ကိုလဲ အမြဲတမ်း သုံးနေကြပါ့။ ဒီမှာ ခနရောက်ခိုက် အွန်လိုင်းကနေ ကောင်မလေး တစ်ရောက်နဲ့ သိပြီး ဖုန်းတွေဆက်၊  ကောင်းမလေး ဆီသွားလည်ရင်းနဲ့ ဘာလိုလို ညာလိုလိုဖြစ်သွားတဲ့ ထိတော့ သိခဲ့တာပေါ့။ ဒီလိုနဲ့ ၂ လ လောက် နေပြီး နိုင်ငံခြား ကိုပြန်ထွက်တော့မယ့် အချိန် တွေ့ဆုံခိုက်မှာ သူ့ကောင်မလေးပုံ ဆိုပြီး ဓာတ်ပုံထုတ်ပြပြီး ကြွားတာပေါ့။ ဓာတ်ပုံထဲမှာ အခန်းတစ်ခန်း မီးရောင်မှိန်မှိန်လေး ထဲမှာ ကောင်မလေးနဲ့ သူ နဲ့ ဖက်ပြီး ရိုက်ထားတဲ့ ပုံလေ။ ဒါနဲ့ ဘယ်နေရာမှာ ရိုက်ထားတာလဲ မေးကြည့်တော့ သူကပြောတယ် မင်း ဒါလေးတောင် မသိဘူးလားတဲ့၊ တည်းခိုခန်းမှာ ရိုက်ထားတာလို့ ပြောပါတယ်။ ကြားကြားချင်း ကာင်မလေးရဲ့ စိတ်ကို တော်တော် အံသြသွားပါတယ်။ ပျက်စီးနေတဲ့ မိန်းကလေးလဲ မဟုတ်တဲ့ အတွက် ၁ လ ၂ လ အတွင်း အွန်လိုင်းကနေ အချိန်တိုလေး အတွင်းသိခဲ့တဲ့ သူတစ်ရောက်ကို ဒီလိုအခြေ အနေထိ ဖြစ်ခဲ့ကြ တာကို မယုံနိုင်လောက်အောင် ပါဘဲ။ ရုပ်ချော အပြောကောင်းလို့လား၊ နိုင်ငံခြားပြန် ပိုက်ဆံသုံးနိုင်တဲ့ သူမို့လို့လား၊ အယုံလွယ်သူ မလို့လားတော့ မသိပါဘူး ၊သူ့အကြောင်း ကိုယ့်အကြောင်းလဲ သေချာမသိ၊ စိတ်နေ စိတ်ထားလဲ ကောင်းလား ဆိုးလားမသိ ဘဲနဲ့ အချိန် ၁ လကျော်လေး အတွင်းမှာ ဒီလို အခြေအနေ ထိရောက်ခဲ့တယ် ဆိုတော့ ၊ နိုင်ငံခြား ဥရောပနိုင် ငံတွေရဲ့  အခုမြင် အခုကြိုက်ကြပြီး Living Together ကို သဘော ကြလို့လား၊ ဒါမှမဟုတ် ခပ်ရိုင်းရိုင်းပြော ရရင် အပေးအကမ်း ရက်ရော တယ်လို့ ပြောရ မလားတောင် မသိတော့ ပါဘူး။ ဒီနေရာမှာ ယောင်္ကျားလေးကိုတော့ အပြစ်ပြောရင် ပြောကြမှာပါ။

ဒါပေမယ့် ယောင်္ကျားလေးချင်း မလို့ ဘက်လိုက်ပြောတာတော့ မဟုတ်ပါဘူး။ လက်ခုပ်ဆိုတာ တစ်ဖက်ထဲနဲ့ မမြည်ပါဘူး၊ လက်နှစ်ဖက်တီးမှ မြည်တာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မိန်းကလေး ဘက်က အရင် ထိခိုက်နစ်နာ မှာ ဆိုတာကို ကြိုတင်စဉ်းစားပြီး ကိုယ့်ကိုကို ထိန်းသိမ်း သင့်ပါတယ်။ ဒီလိုနဲ့ အဲဒီ တစ်ယောက်က နိုင်ငံခြားရောက် သွားပြီး ၂ လ၃ လလောက်ကြာတော့ အွန်လိုင်းမှာ တွေ့လို့ စကားပြောရင်း နဲ့ မေးဖြစ်တယ်၊ ဟိုကောင်မလေးနဲ့ ကော အဆက်အသွယ် ရှိသေးလားပေါ့၊ သူကပြန်ပြောတယ် ငါအ ဆက်အသွယ်ဖြတ် လိုက်ပြီတဲ့လေ။ ကာယကံရှင် တွေကတော့ ဘယ်လို ခံစားပြီး၊ ဘယ်လို သဘော ထားလဲတော့ မသိပါဘူး။ ကျွန်တော်ကတော့ မိန်းကလေး အတွက် နှမချင်း ကိုယ်ချင်းစာပြီး သက်ပျင်း ချမိလိုက်ပါတယ်။ မြန်မာမိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ့်ကိုကို တန်ဖိုးထားပြီး ကိုယ့်ဘ၀အတွက် လက်တွဲမယ့်သူအပေါ် ကို သစ္စာရှိရှိ စောင့်ထိန်း သင့်တယ်လို့ ထင်မိပါတယ်။ စိတ်အလို လိုက်မှုကြောင့် ဘ၀ကို ပုံအပ်ပေးမယ် ဆိုရင်ေ တာင် အဲဒီလူဟာ အချိန်ကြာကြာ လက်တွဲခဲ့ပြီး ကိုယ့်ကို တစ်ကယ်ချစ်တဲ့သူ၊ အမှန်တကယ် လက်တွဲ လက် ထပ်မယ့်သူ သာဖြစ်သင့်ပါတယ်။ ကျွန်တော် ပညာပေး ဘလော့ရေး တိုင်း အမြဲတန်း လိုလို ပြောနေကြစကား ရှိပါတယ်။

“လူတစ်ရောက်ကိုအချိန်ခဏလေးအတွင်း မယုံကြည်သင့်ပေ၊ အချိန်ကြာကြာ လက်တွဲ၊ စကားများ များပြောကြည့်ပြီး မှ လူတစ်ရောက်ရဲ့ အတွင်းစိတ်၊ ကိုယ့်ကျင့်တရား ကို သိနိုင်ပေသည်။ ထိုမှသာ ကိုယ့်အတွက် လူကောင်းလား လူဆိုးလား ဆိုတာကို တွက်ချက်နိုင်ပါလိမ့်မည် “ ကြားဖူး မြင် ဖူးတွေ့ဖူးခဲ့သော ယခုလိုဖြစ်စဉ် မျိုးအများကြီး ထဲမှ တစ်ခုကို မိန်းကလေးများ အတွက်၊ အထူးသဖြင့် ယခုခေတ် ကာလတွင် အဖြစ်အများဆုံး တက္ကသိုလ်တက်စ စိတ်ကစားတတ်တဲ့ အရွယ် ဆယ်ကျော်သက် ကောင်မလေး များအတွက် အချစ်ကို ကိုးကွယ်ပြီး ဒုက္ခမရောက်စေရန်၊ ကိုယ့်ကိုကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် အတွက် ဗဟုသုတ၊ ပညာပေး ၊ ရှောင်ကြဉ်သင့်တာ ရှော င်ကြဉ် နိုင်အောင် ရေးသားလိုက်ခြင်း ဖြစ်ပါသည်။ မိန်းကလေး အားလုံးကို မဆိုလိုပါ။ ကျွန်တော်ပဲ ခေတ်ေ နာက်ကျ ကျန်နေခဲ့တာလား၊ ဒါမှမဟုတ် တိုးတက်သွားလို့ လိုက်မမှီတော့တာ လား မသိတော့ပါဘူး။ ဒီလို တိုးတက်လာ ပုံမျိုးကိုတော့ စိုးရိမ်ကြောက်လန့် မိပါတယ်။ မြန်မာ မိန်းကလေးများ အနေဖြင့် အသား ကပ်ဘောင်းဘီများ၊ ပေါင်တိုဘောင်းဘီများ ၀တ်ခြင်းတို့ကို အားမကျ အတုမယူကြဘဲ မြန်မာ့ ယဉ်ကျေးမှု အ၀တ် အစားများ၊ မြန်မာ့စိတ်ဓာတ်၊ စိတ်နေ စိတ်ထားတွေကို ထိမ်းသိမ်း စောင့်ရှောက်နိုင်ကြ ပါစေလို့ ဆန္တပြုရင်း နဲ့ ရေးထားတာ အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ တောင်းပန် အပ်ပါသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page