လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ၂၀၁၂ ဒီဇင်ဘာလ ဆန်းတွင် ကျင်းပမည်

Posted by Unknown Thursday, November 15, 2012 0 comments

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ၂၀၁၂ ကို ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်ထိ ၃ ရက်ကြာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကျင်းပရန် စီစဉ်နေပြီလို့ သတင်း ရရှိပါတယ်။ ပြပွဲကျင်းပရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ ၁၁ ခု ဖွဲ့စည်း ထားပြီး ဗဟိုကော်မတီ အစည်း အဝေး နှစ်ကြိမ် ကျင်းပထားပြီး ဖြစ်ပါတယ်။ ကုန်စည်ပြပွဲမှာ ပြခန်းပေါင်း ၂၂၄ ခန်း လျာထား ပြီး မြန်မာဘက်မှ ပြခန်း ၁၀၈ ခန်း၊ တရုတ်ဘက်မှ ပြခန်း ၁၀၈ ခန်း၊ အခြား အိမ်နီးချင်း နိုင်ငံ များမှ ပြသနိုင်ရန် ပြခန်း ၈ ခန်း၊ အရန် ထားတယ်လို့ သိရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဒေသ စီမံ ခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ စာချုပ်အရ ၂၀၀၁ ခုနှစ်မှ စ တင်ပြီး နှစ်စဉ် နှစ်နိုင်ငံ အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမဲ့ ကုန်စည်ပြ ပွဲဖြစ်ပါတယ်။ ကုန်စည်ပြပွဲနဲ့အတူ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (Joint Border Trade Cooperation & Coordination Committee - JBTCCC) အစည်းအဝေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ အရောင်းအဝယ် စာချုပ် ချုပ်ဆိုပွဲ (Sale Contracts) နှင့် နားလည်မှု စာချွန်လွှာ (Memorandum of Understand) ရေးထိုးမှု များလည်း ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

Commerce

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page