လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် တွေ့ဆုံ

Posted by Unknown Monday, November 19, 2012 0 comments

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားတို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့် ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားနှင့် အတူ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမား သုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်း သွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ''ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွှတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ် ကတည်းက သံတမာန် ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစောဆုံး သံတမာန် ဆက်ဆံခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ ဟိုးတုန်းကလည်း ရင်းနှီးချစ်ခင်စွာ ကျွန်တော်တို့ ဆက်ဆံ လာခဲ့ကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံတွေ့ခဲရပါတယ်။ သို့သော်လည်း မစ္စတာအိုဘားမား သမ္မတဖြစ်လာ တဲ့နောက်ပိုင်းမှာ ဒီသမ္မတကြီးရဲ့ အမြော်အမြင်ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား ကောင်း မွန်လာပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေရှည်တည်တံခိုင်မြဲအောင် ကျွန်တော် တို့ ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့ကိုကျွန်တော်တို့ ဆက်ပြီးတော့ နိုင်ငံအချင်းချင်း တန်းတူညီတူ ရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကိုဆက်ပြီး သွားရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်၊ စံညွန်းတွေနဲ့မီအောင် ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ မြင့်မားအောင် ပညာရေး၊ ကျန်းမာရေး နောက် တစ်ခုက ၀န်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သပ်ပြီးတော့လည်း အမေရိ ကန်နိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် သွားဖို့အတွက် သမ္မတကြီးဆီက သဘောတူညီချက်ကို ကျွန်တော်တို့ ရရှိလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုး ရလာဒ်တွေ ကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်နဲ့ ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက် သွားပါမယ်။ အခုလိုဆက်ဆံရေး တိုးတက်ကောင်း မွန်လာဖို့က အမေရိကန် သမ္မတကြီးရဲ့ အမျော်အမြင်ကြီးမားမှု၊ နောက်တစ်ခါ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက် မှုတွေကြောင့် ကျွန်တော်တို့ ဒီလို တိုးတက်ကောင်းမွန် လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သမ္မတကြီး သုံးစွဲခဲ့တဲ့ စကားအတိုင်းပါဘဲ။ ကျွန်တော်တို့လည်း move forward ဆိုပြီး သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားက ''နိုင်ငံတော် သမ္မတကြီးနဲ့တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျွန်တော်ကို ပျူပျူဌာဌာ ကြိုဆိုတဲ့ အတွက် ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်အနေနဲ့ နည်းနည်း အချိန်တိုတိုပဲ ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိန့်ခွန်းတစ်ခု ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေ အတွက် သူတို့သိသင့်တဲ့ ဟာတွေ ကျွန်တော် အဲဒီကျတော့ ပြောမှာပါ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နှစ်ဦးဆွေးနွေးတဲ့ အခါမှာ သမ္မတကြီးနဲ့ ဆွေးနွေးတဲ့ အခါမှာ အပြုသဘောဆောင်တဲ့ ဟာတွေ အများကြီး ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် သမ္မတကြီးကို တစ်ကယ်ပြောခဲ့တဲ့ ကိစ္စကတော့ သူလုပ်ကိုင်ဆောင်ရွက် ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး အစီအစဉ်တွေဟာ တစ်ကယ်ပဲ ဒီတိုင်းပြည် ရှေ့ကို တိုးတက်ဖို့ အတွက် အထောက် အကူပြုမယ်ဆိုတဲ့ အကြောင်းပါပဲ။ သမ္မတကြီး ခြေလှမ်းဆန့်ခဲ့တဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ ကလေးစစ်သား ကိစ္စတွေ အဲဒီကိစ္စတွေ အားလုံးဟာ ကျွန်တော်တို့ လူ့အခွင့်အရေး ဆွေးနွေးပွဲ မှာလည်း ဒါတွေက ဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ဒါတွေက တစ်ကယ်ပဲ တိုင်းပြည်ကြီးကို ရှေ့ကိုတိုးတက်အောင် အကျိုးပြုနိုင်မယ့် သဘောရှိပါတယ်။ ဒါဟာလည်း နောင်အရှည်သဖြင့် ဆက်ဆံရေး၊ အရှည်သဖြင့် သွားရမယ့် ခရီးအတွက် ပထမဆုံး ခြေလှမ်းလို့ ကျွန်တော်ထင်မြင်ပါတယ်။ သမ္မတကြီး ဆောင်ရွက် ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေသာ တစ်ကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုး တက် ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့ နှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို တိုးတက်အောင် လုပ်တာဟာ တစ်ကယ်ပဲ ဒီနိုင်ငံတင်သာမက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေ အတွက်ပါ အကျိုးပြုပါလိမ့်မယ်။ နောက်တစ်ခုက သမ္မတကြီးတို့ အနေနဲ့ စုပ်စုပ် ပိုင်ပိုင် လုပ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ လူအများကို သေကြေ ပျက်စီးစေနိုင်တဲ့ လက်နက် ကြီးတွေကို ပပျောက်အောင် လုပ်တဲ့အတွက်၊ မပြန့်ပွားအောင်လုပ်တဲ့ ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ ဒါတွေ ကို လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီး ကျွန်တော်တို့ကို အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တင်မကဘူး။ နောက်တစ်ခေါက်လည်း လာနိုင်လိမ့်မယ်လို့ ကျွန်တော် မျော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page