လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ပုဂံဒေသ ခရီးသည်အ၀င် များလာသဖြင့် အခန်းမရမည်ကို စိုးရိမ်နေရပြီ

Posted by Unknown Monday, November 19, 2012 0 comments

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် ခရီးသည်အဝင် ကျပ်တည်းမှုစတင် ဖြစ်ပေါ်လာနေပြီး လာမည့် ခရီး သွားရာသီတွင် အခန်း မလောက်ငမှုပြဿနာများ ဖြစ်ပေါ်လာဖွယ် ရှိနေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် မှ ၇-၁၁-၂၀၁၂ ရက်က သိရသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အများဆုံး ခရီးသည် ဝင်ရောက်မှု ရှိသော ဒေသဖြစ်သည့် ပုဂံ ယဉ်ကျေးမှုဒေသတွင် နှစ်စဉ် ခရီးသည်အဝင် တိုးတက် လာမှုကြောင့် ဟိုတယ် ဇုန်သစ်များ ထပ်မံဖော်ထုတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်သော်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဒေသ ခံပြည်သူ အချို့၏ ကန့်ကွက် မှုကြောင့် ဇုန်သစ်ဖော်ရေး အစီအစဉ်မှာ ရပ်ဆိုင်းနေရသည်ဟု သိရသည်။ ''လောလောဆယ် ပုဂံမှာ ခရီးသည် အ၀င် စပြီး ကျပ်လာပြီ။ လာမယ့်နှစ်ကတော့ ပိုပြီး များလာတော့မှာပါ။ ဒီအချိန်မှာ အခန်း လိုအပ်ချက်က မြင့်မားလာတော့မှာ ဖြစ်သလို အခန်း မရရှိမှုတွေ ဖြစ်လာမှာ စိုးရတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ဦးကျော်ထွန်းက ပြောကြားသည်။ ''နိုင်ငံတကာက ရင်းနှီးမြှပ်နှံသူတွေက ဟိုတယ်တွေ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင် စားနေကြတဲ့ အချိန်မှာ ဆောက်လုပ်ခွင့် လိုင်စင်တွေနဲ့ အခြားသော အချက်အလက်တွေ ဖြည့်ဆည်းပေးရမှာ၊ ခရီးသွား ကုမ္ပဏီတွေ မေးရင် အခန်းရရှိဖို့ စိတ်ပူနေကြ ရတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိကာလတွင် နိုင်ငံတစ်ဝန်း အဓိက ခရီးစဉ်များ၌ အခန်း မရရှိနိုင်မှုများ ဖြစ်ပေါ်နေပြီး အခန်း မရရှိမှု၏ နောက်ဆက်တွဲ အဖြစ် ဈေးနှုန်းကြီး မြင့်ခြင်း များ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ''အရှေ့တောင် အာရှမှာ ဈေး အကြီးဆုံးဖြစ်နေတယ်။ ဒါတွေလျှော့ချဖို့နဲ့ အခန်းလောက်င ဖို့က လိုအပ်တဲ့နေရာမှာ ဟိုတယ်တွေ ဆောက်ခွင့်ပေးမှဖြစ်တော့မှာဟု ဦးကျော်ထွန်းက ဆက်လက်ပြောကြားသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page