လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Gmail တွင် သိထားသင့်သည့် Feature (၁၀) မျိုး

Posted by Unknown Tuesday, November 13, 2012 0 comments
Photo

အင်တာနက်အသုံးပြုသူ အများစုဟာ လက်ရှိအချိန်မှာတော့ Gmail ကို လူတိုင်းနီးပါး အသုံးပြုနေကြ ပါတယ်။  Gmail ဟာ Googel ထုတ်ကုန် တစ်ခုဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ခြင်း၊ သိုလှောင်မှု ပမာဏ များပြားခြင်းနဲ့ အသုံးပြုရ လွယ်ကူရိုးရှင်းခြင်းတို့ကြောင့် အသုံးပြုသူ အများအပြား ရှိနေပါတယ်။ Googel ဟာ Gmail အတွက်လည်း Feature အသစ်တွေ ထပ်မံ ဖန်တီးပြီး၊ အမြဲလိုလို ဆန်းသစ်နေပေမယ့် အသုံးးပြုသူ အများစုဟာ Email ပို့ခြင်း၊ လက်ခံခြင်းနဲ့ Chat ပြုလုပ်ခြင်းတို့အပြင် Gmail ကို ပိုမိုအသုံးချလေ့မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ Gmail Feature တွေနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် (၁၀) ချက်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

1.Multiple Sing In
Gmail Account ကို တစ်ခုထက်ပိုမို အသုံးပြုသူများအတွက် များစွာ အဆင်ပြေပါတယ်။ Wed Browser တစ်ခုထဲမှာပဲ Account များစွာကို တစ်ပြိုက်နက် အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ အချိန်ကုန်များစွာ သက်သာစေပါတယ်။ မိမိ ထပ်မံဖွင့်လှစ်တဲ့ Account ကိုလည်း Main Account Sign Out မပြုမလုပ်ချင်း မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် များစွာ အဆင်ပြေလှပါတယ်။

2.Gmail Backup (Offline)
Gmail ကို Connection မရှိတဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်ဖို့အတွက် မိမိရဲ့ စက်ထဲမှာ Backup ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ အရင်အချိန်တုန်းက ဝင်ရောက်ထားတဲ့ Mail တွေ Attachment တွေကို Offline ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

3.Gmail Voice and Video Chat
Gmail မှတစ်ဆင့် Video Chat ပြုလုပ်နိုင်မယ့် Feature ဖြစ်ပါတယ်။ Video and Type Chat ကိုတော့ Googel ရဲ့ လူသုံးများတဲ့ Service တစ်ခုအဖြစ်နဲ့ ရပ်တည်နေပြီး၊ Video Chat ကိုတော့ အသုံးပြုသူ နည်းပါးနေပါသေးတယ်။ Gmail Video Chat ကို အသုံးပြုဖို့အတွက် Plag-in တစ်ခုကို ဒေါင်းလုပ် ရယူရမှာ ဖြစ်ပါတယ်။

4.Gmail Forward
Gmail ကိုအလိုအလျောက် Forward ပြုလုပ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ သင့်မှာ Gmail Account နှစ်ခု example- a and b  ရှိနေပြီး၊ Mail a ထဲကို ဝင်ရောက်သမျှ Mail တွေကို အလိုအလျောက် Mail b ထဲကို ရောက်ရှိစေမည့် နည်းလမ်းဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာ a and b နှစ်ခုလုံး ဖွင့်နေစရာမလိုပဲ Mail b တစ်ခုထဲကို အသုံးပြုခြင်းအားဖြင့် ပြည့်စုံနိုင်မှာ ဖြစ်ပါတယ်။

5.Gmail  Themes
Themes ကိုတော့ လူသုံးအများလာပြီဖြစ်ပါတယ်။ Themes ဟာ Gmail ရဲ့ နောက်ခံ Background ကို ပြောင်းလဲပေးတဲ့ စနစ်တစ်ခု ဖြစ်ပြီး မိမိရဲ့ Gmail ကို အမြင်တင့်တယ်စေ ပါတယ်။ ရွေးချယ်စရာပုံအမျိုးမျိုးရှိပြီး မိမိစိတ်တိုင်းကျလည်း Customize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

6.Auto Reply
ဒီစနစ်ဟာ မိမိထဲကို Mail တစ်စောင်ဝင်ရောက်လာတိုင်း အလိုအလျောက် ပြန်လည်ဖြေကြားပေးတဲ့ အနစ်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့များ တစ်ပတ်အတွင်း အွန်လိုင်းမရရှိနိုင်တဲ့ နေရာတစ်ခုကို သွားချိန်မှာ မိမိရဲ့ Gmail Autoreply ကို အသုံးပြုခြင်းဖြင့် အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

7.Gmail Detail
Gmail ရဲ့ အောက်ဆုံးမှာ ပါဝင်နေတဲ့ Feature လေးတစ်ခုဖြစ်ပါတယ်။ Detail မှာ ဖော်ပြပေးတာကတော့ Gmail အသုံးပြုချိန်၊ အသုံးပြု IP နဲ့ Gmail ကို ဘယ်လိုပေါ်ကနေ အသုံးပြုတယ်ဆိုတာ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပြီး မိမိရဲ့ Gmail ကို တခြားသူ ရယူသုံးစွဲနိုင်ခြင်းမှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

8.Gmail Lable
Gmail Lable စနစ်ဟာလည်း အလွန်ကောင်းမွန်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ မိမိထဲကို ဝင်ရောက်လာတဲ့ Mail တွေကို အမျိုးအစား ခွဲခြားသတ်မှတ်ပေးထားနိုင်မှာ ဖြစ်ပြီး Filter နဲ့ တွဲဖက်ပြီးတော့လည်း Auto Lable တပ်တာမျိုးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

9.Gmail Filter
Gmail Filter ဟာ မိမိထဲကို ပို့လိုက်တဲ့ မေးလ်တွေ စစ်ဆေးပေးတဲ့ နေရာဖြစ်ပါတယ်။ ကြိုတင်သတ်မှတ်ချက်တွေကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပြီး၊ Lable ခွဲခြင်း၊ Forward လုပ်ခြင်း အပါအဝင် အလိုအလျောက် ဖျက်ပစ်ခြင်းတွေကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

10.Gmail Delete Permanently
ဒါကတော့ Gmail ကို အသုံးမပြုတော့တဲ့ အခြေအနေတစ်ခုမှာ ဖျက်ပစ်လိုက်တာ ဖြစ်ပါတယ်။ Acconts and Imort  အောက်မှာ ရှိတဲ့ Other Google Account Settings မှ တစ်ဆင့် My Product Edit ထဲမှာ ဝင်ရောက်ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ အသုံးမလိုတော့တဲ့ Gmail Account တွေကို ဖျက်ပစ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page