လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် (၁၀) ခု

Posted by Unknown Sunday, November 11, 2012 0 comments

Android Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။  ဒီလိုအခမဲ့ ရယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း များစွာပေါ်ထွက်လျက်ရှိနေပြီး ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

1. 1mobile
1mobile ကတော့ Android User အများစု သိရှိပြီးသားဖြစ်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Page ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော် ပါဝင်တဲ့ 1mobile မှာတော့ အခြားဝက်ဘ်ဆိုက်တွေထက်ကို ဝင်ရောက်လေ့လာပြီး ဒေါင်းလုပ်ရယူသူ များပြားလှပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.1mobile.com ဖြစ်ပါတယ်။

2. Approb
Android Application တွေ အခမဲ့ ရယူနိုင်မယ့် ဝက်ဘ်ဆိုက်တွေအကြောင်းကို ပြောမယ်ဆိုရင် Approb ကို ကျော်သွားလို့ရနိုင်မှာ မဟုတ်ပါဘူး။ နေ့စဉ်ဝင်ရောက်ကြည့်ရှုသူပေါင်း နှစ်သောင်းကျော်ရှိပြီး ပမာဏကြီးမားတဲ့ ဂိမ်းများကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။ Application Installation ပိုင်းနဲ့ပတ်သက်လို့လည်း ရှင်းလင်းချက်များ ပါဝင်နေပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.approb.com ဖြစ်ပါတယ်။

3. Android freeware
ဝက်ဘ်ဆိုက်ရဲ့ နာမည်ကိုက Android freeware ဖြစ်ပြီး Android Application တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ရယူနိုင်မယ့် Application နဲ့ Game များစွာကို ဝက်ဘ်ဆိုက်အတွင်းမှာ ထည့်သွင်းပေးထားပြီး Android freeware ရဲ့ Fan ပေါင်း နှစ်သောင်းလေးထောင်ကျော် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidfreeware.net ဖြစ်ပါတယ်။

4. Androidapps
Androidapps ဟာလည်း Android Application တွေကို အခမဲ့ ရယူနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Application တွေကို Category အလိုက် ခွဲခြားပေးထားပြီး စာမျက်နှာပေါင်း တစ်သောင်းငါးထောင်ကျော် ပါဝင်နေပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidapps.com ဖြစ်ပါတယ်။

5. Androidgamesroom
Android Application နဲ့ Game အမျိုးအစားပေါင်းစုံလင်စွာရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ထပ်မံဖော်ပြပေးရမယ် ဆိုရင်တော့ Androidgamesroom မှာ ဝင်ရောက် လေ့လာရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိဒေါင်းလုပ်ရယူလိုတဲ့ Application နဲ့ Game တွေကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပြီး နေ့စဉ်ဝင်ရောက် ကြည့်ရှုသူပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidgamesroom.com ဖြစ်ပါတယ်။

6. Playandroid
နံပါတ် ၆ နေရာမှာရှိတဲ့ Playandroid ကိုတော့ နေ့စဉ်ဝင်ရောက်လေ့လာသူပေါင်း တစ်သောင်းကျော်ရှိနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Category အလိုက်ခွဲခြားထားတဲ့ Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး Register ပြုလုပ်ထားသူများအနေနဲ့ ပိုမိုများပြားတဲ့ Application တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့  www.playandroid.com ဖြစ်ပါတယ်။

7. Best android downloads
Best android downloads မှာတော့ အရွယ်အစားကြီးမားတဲ့ ဂိမ်းအမျိုးအစား http://www.appdoll.com တွေကို ရယူနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ များစွာသော Category တွေထဲက Application နဲ့ Game တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိရယူလိုတဲ့ ဖိုင်တွေကို ရှာဖွေဖို့အတွက်လည်း Keywords တွေကတဆင့် အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ လင့်ကတော့ www.bestandroiddownloads.com ဖြစ်ပါတယ်။

8. Appsapk
ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်ရှိပြီး၊ Application တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူများအတွက် အဆင်အပြေဆုံးပုံစံနဲ့ တည်ဆောက်ထားပြီး နေ့စဉ်အသုံးပြုသူပေါင်း နှစ်ထောင်ကျော် ရှိပါတယ်။ အလွန်ကောင်းမွန်တဲ့ ရှာဖွေမှုစနစ်ကို ထည့်သွင်းထားတဲ့ Appsapk ရဲ့ လင့်ကတော့ www.appsapk.com ဖြစ်ပါတယ်။

9. Android software download
Android software download ကတော့ စာမျက်နှာပေါင်း ငါးရာကျော်နဲ့ နံပါတ်ကိုးနေရာမှာ ရှိနေပါတယ်။ Android Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး လင့်ကတော့ www.androidsoftwaredownload.com ဖြစ်ပါတယ်။

10. Appdoll
နံပါတ်တစ်ဆယ်နေရာမှာတော့ Appdoll က ရယူထားပတယ်။ ဒီဝက်ဘ်ဆိုက်အတွင်းမှာတော့ Android နဲ့ပတ်သက်တဲ့ Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး အလွယ်တကူ ရယူနိုင်ဖို့အတွက် Category အလိုက် ခွဲခြားပေးထားပါတယ်။ ဝက်ဘ်ဆိုက်လင့်ကတော့ www.appdoll.com ဖြစ်ပါတယ်။

(ရတနာပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page