လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများတွင် Titan စူပါကွန်ပျူတာကို စတင်အသုံးပြု

Posted by Unknown Sunday, November 11, 2012 0 comments

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး Nvidia GPU များဖြင့် ထုတ်လုပ်ထားသည့် Titan စူပါကွန်ပျူတာကို မိုးလေဝသ အခြေအနေ ခန့်မှန်းခြင်းကဲ့သို့သော သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများတွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။  အဆိုပါ Titan စူပါကွန်ပျူတာသည် တစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း ၂၀,၀၀၀ ထရေလီယံ ပြုလုပ်နိုင်သည်။ စွမ်းအင်ဌာန၏ Titan စူပါကွန်ပျူတာ အကူအညီဖြင့် မိုးလေဝသ ခန့်မှန်းချက်များကို ပိုမိုတိကျစွာ ပြုလုပ်နိုင်ပြီး ယခုလမှ စတင်ကာ ၎င်းစူပါကွန်ပျူတာကို သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများတွင် အသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
Titan စူပါကွန်ပျူတာကို ကျောင်းများ၊ နိုင်ငံပိုင် လက်တွေ့ စမ်းသပ်ခန်းများနှင့် စက်မှုလုပ်ငန်း အသီးသီးမှ သုတေသနပညာရှင်များ အသုံးပြုနိုင်မည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲခြင်းနှင့် အစားထိုးလောင်စာများ ကဲ့သို့သော သုတေသန လုပ်ငန်းများတွင် Titan စူပါကွန်ပျူတာ၏ အကူအညီဖြင့် ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသန လုပ်ငန်းများအပေါ် မူတည်၍ Titan ကို material science code ရာသီဥတု ပြောင်းလဲမှုများ၊ ဇီဝလောင်စာ၊ အဏုမြူစွမ်းအင်၊ လောင်စာများ လောင်ကျွမ်းမှု၊ ရူပနက္ခတ္တဗေဒ စသည့် ကဏ္ဍခြောက်ခုတွင် အဓိက အသုံးပြုမည်ဖြစ်ကြောင်း Nvidia မှ Scott ၏ အဆိုအရ သိရသည်။ Titan သည် အဆင့်မြင့် microprocessor များနှင့် ဗီဒီယိုဂိမ်းများတွင် အများဆုံး အသုံးပြုသည့် discrete graphics chip ခေါ် GPU များကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားသည့် စူပါကွန်ပျူတာ နည်းပညာသစ် နှစ်ခုအနက် တစ်ခုဖြစ်ပြီး ဂျပန်နှင့်တရုတ်တို့မှ လက်ရှိထိပ်တန်း စူပါကွန်ပျူတာများထက် စွမ်းဆောင်ရည် ပိုမိုပြည့်ဝ ကောင်းမွန်သည်။ Oak Ridge ၏ Jaguar စနစ်ထက် စွမ်းဆောင်ရည် ၁၀ ဆ ပိုမိုကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှု ၅ ဆ ပိုမို နည်းပါးကြောင်း စူပါကွန်ပျူတာအတွက် GPU စနစ် ထောက်ပံ့ပေးထားသော Nvidia ကုမ္ပဏီမှ ပြောကြားခဲ့သည်။
(ဟေမာ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page