လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

OSX အတွက် Windows Phone 3.0 ကို Microsoft ဖြန့်ချီ

Posted by Unknown Sunday, November 11, 2012 0 comments

Mac ကွန်ပျူတာတစ်လုံးနှင့် Windows မိုဘိုင်းတစ်လုံး ပိုင်ဆိုင်သူများအတွက် Microsoft က Windows Phone 3.0 app ကို ဖြန့်ချိပေးခဲ့သည်။  ယခင်က Windows Phone 7 Connector for Mac ဟု ခေါ်တွင်သည့် Windows Phone 3.0 app တွင် အသုံးပြုသူများသည် ၎င်းတို့၏ Windows Phone စမတ်ဖုန်းကို OSX  စက်များဖြင့် အချက်အလက် လွှဲပြောင်းခြင်းကို အလွယ်တကူ ပြုလုပ်နိုင်စေ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Windows Phone app သစ်ကို အလွယ်တကူ အသုံးပြုနိုင်ပြီး ၎င်းတွင် Windows Phone 8, iPhoto 9.3.2  နှင့် Aperture 3.3.2 အတွက် အထောက်အပံ့၊ Retina display Mac များအတွက် အထောက်အပံ့နှင့် Windows Phone 8 စမတ်ဖုန်းများအတွက် ဘက်ထရီအားသွင်းမှု အခြေအနေတို့ ပါဝင်လာသည်။ ထို့အပြင် အသုံးပြုသူများသည် ၎င်းတို့၏ Apple ကွန်ပျူတာပေါ်မှာ device ပေါ်သို့ ဖိုင်များကို drag and drop ပြုလုပ်ကာ ထည့်သွင်းနိုင်မည်ဟု သိရသည်။ Window Phone ကို အသုံးပြုသူများသည် ရုပ်ရှင်များ၊ သီချင်းများနှင့် iTunes မှ အခြား အချက်အလက်များကို Windows Phone ထုတ်ကုန်ပေါ်တွင် sync ပြုလုပ်နိုင်သည်။ သို့ရာတွင် iTunes မှ မီဒီယာဖိုင်များကို လွှဲပြောင်းရယူသည့်အခါ၌ DRM-free ဖိုင်များကိုသာ ရယူနိုင်မည် ဖြစ်သည်။ ဓာတ်ပုံများနှင့် ဗီဒီယိုများကို sync ပြုလုပ်ရာတွင် iPhoto နှင့် Aperture library ကို အသုံးပြုကာ sync လုပ်နိုင်မည်ဟု သိရသည်။ Windows Phone 3.0 for OSX ကို Mac App Store တွင် အခမဲ့ ဖြန့်ချိထားသည်။

(နောင်နောင်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page