လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Google Earth 7 တွင် Tour Guide နှင့် 3D မြင်ကွင်း Feature များ ထည့်သွင်း

Posted by Unknown Sunday, November 11, 2012 0 comments

ယခုနှစ် အစောပိုင်းက Google Earth မိုဘိုင်းအတွက် ထုတ်လုပ်ပေးခဲ့သည့် tour guide နှင့် 3D မြင်ကွင်း feature ကို Google Earth 7 desktop application အဖြစ် ကုမ္ပဏီမှ ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။  အဆိုပါ feature တွင် အသုံးပြုသူများသည် မြို့များ၏ မြင်ကွင်းကို 3D စနစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး ဝေးကွာသည့် နေရာဒေသ ၁၁,၀၀၀ ကျော်၏ ခရီးသွားလမ်းညွှန် အချက်အလက်များကို တစ်ထိုင်တည်း သိရှိရမည် ဖြစ်သည်။ ၎င်း tour guide feature သည် tour guide တစ်ဦးကဲ့သို့ လမ်းညွှန်မှုများကို ကောင်းမွန် ပြည့်စုံစွာ ပြုလုပ်ပေးနိုင်သည်။ နေရာဒေသများစွာသို့ virtual tour သွားရောက်နိုင်ပြီး အသုံးပြုသူ စိတ်ပါဝင်စားနိုင်သည့် ဒေသတွင်း နေရာအချို့ကိုလည်း အကြံပေး ဖော်ပြချက်များ ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ သမိုင်းဝင် အထင်ကရ နေရာများ၊ ထင်ရှားသည့် ဒေသများနှင့် အခြား စိတ်ဝင်စားဖွယ် အချက်အလက်များကို တစ်ခဏအတွင်း စုံလင်စွာ မြင်တွေ့ရမည်ဖြစ်ကာ ၎င်းတို့အတွက် အသုံးပြုသည့် အချက်အလက်များနှင့် နေရာဒေသ မှတ်တမ်းများမှာ Wikipedia စွယ်စုံ ဝက်ဘ်ဆိုက်မှ ရယူ ဖော်ပြထားခြင်းဖြစ်သည်။ 3D မြင်ကွင်း feature ဖြင့်လည်း desktop အသုံးပြုသူများ အနေဖြင့် Rome,  Munich, Mannheim, Protland, Seattle, Austin, Long Beach, Denver အပါအဝင် ကမ္ဘာ့အကြီးဆုံး မြို့တော်များ၊ နိုင်ငံများကို 3D မြင်ကွင်းဖြင့် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမည် ဖြစ်သည်။ ယခု ထုတ်လုပ်ပေးလိုက်သည့် Google Earth 7 feature သစ်ကို desktop နှင့် laptop များတွင် မိုဘိုင်းထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ feature သစ်ကို လက်ရှိဗားရှင်းက update  ပြုလုပ်ခြင်းဖြင့် လည်းကောင်း၊ Google Earth ဝက်ဘ်ဆိုက်မှ Google Earth 7 ကို download ပြုလုပ်ခြင်းဖြင့် လည်းကောင်း ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

(ဟေမာ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page