လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြုလိုသူများ လျှောက်ထားရမည့် လျှောက်လွှာပုံစံကို အွန်လိုင်းပေါ်တွင် Download ရယူနိုင်

Posted by Unknown Sunday, November 11, 2012 0 comments

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် သုံးလိုသူများ လျှောက်ထားရမည့် လျှောက်လွှာပုံစံကို အွန်လိုင်းပေါ်တွင် Download ရယူနိုင်ပြီဟု သိရသည်။ အဆိုပါ လျှောက်လွှာပုံစံကို www.mpt.net.mm တွင် ရယူနိုင်ပြီး အသုံးပြုလိုသူများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြစ်ပါက လျှောက်ထားသည့် စာအိတ်ပေါ်တွင် အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ ရုံးအခြေစိုက် ပြည်ပဆက်သွယ်ရေး အဆောက်အဦ၊ ၈ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်ဟု ရေး၍ ပေးပို့ရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း ဖြစ် ပါက လျှောက်ထားသည့် စာအိတ်ပေါ်တွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာထံသို့ဟုရေး၍ လိုအပ်သော စာရွက်စာတမ်းမျာကို ပူးတွဲပေးပို့ရမည်  ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ADSL အင်တာနက် တပ်ဆင်အသုံးပြုလိုသူများ အနေဖြင့် ကနဦး တပ်ဆင်ခ ငါးသောင်းကျပ် ပေး သွင်းရမည်ဖြစ်ပြီး နှစ်စဉ်ကြေး တစ်နှစ် ငါးသောင်း ကုန်ကျမည် ဖြစ်သည်။ အင်တာနက် အမြန်နှုန်း အနေဖြင့် 512 Kbps အတွက် တစ်သောင်းခုနှစ်ထောင်ကျပ်၊ 1 Mbps အတွက် သုံးသောင်းလေးထောင်ကျပ်၊ 1.5 Mbps အတွက် ငါးသောင်းကျပ်၊ 2.0 Mbps အတွက် ခြောက်သောင်း ခွဲနှင့် 2.5 Mbps အတွက် ရှစ်သောင်းကျပ် ကုန်ကျမည်ဟု သိရသည်။

(ကိုဟိန်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page