လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Android 2.3 Gingerbread က ဆိုက်ဘာဒုစရိုက်သမားများ၏ ပစ်မှတ်အထားခံရဆုံး မိုဘိုင်း OS ဖြစ်လာ

Posted by Unknown Sunday, November 11, 2012 0 comments

Google ကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ Gingerbread မှာ အောက်တိုဘာလ ၏ လူသုံးအများဆုံး Android platform အဖြစ်ရပ်တည်ခဲ့သည့်အပြင် malware များ၏ ပစ်မှတ်အထားခံရဆုံး မိုဘိုင်း OS အဖြစ်လည်း ရပ်တည်ခဲ့ကြောင်း သိရသည်။ နှစ်နှစ်သက်တမ်း ရှိပြီဖြစ်သည့် အဆိုပါ operating system ကို Android ထုတ်ကုန်အားလုံး၏ ထက်ဝက်ကျော်ခန့်တွင် အသုံးပြုလျက်ရှိပြီး Android 2.3.6 Gingerbread ထံသို့ malware ဝင်ရောက်ရန် ကြိုးပမ်းမှု ပမာဏမှာ ၂၀၁၂ ခုနှစ် တတိယသုံးလပတ်အတွင်း ၂၈ ရာခိုင်နှုန်း အထိရှိခဲ့ကြောင်းနှင့် Ice Cream Sandwich ထံတွင် malware ဝင်ရောက်ရန် ကြိုးပမ်းမှုပမာဏ ၂၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Kaspersky Lab မှ ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုအများစုမှာ Java အားနည်းချက်များကို အသုံးချကာ တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်မှာ text message များကို ဝန်ဆောင်မှုများထံပေးပို့သည့် အသုံးပြုများ ထံမှ ငွေကြေးများ ခိုးယူသည့် SMS Trojan များဖြင့် တိုက်ခိုက်မှုများဖြစ်ကြောင်း သိရသည်။ မိုဘိုင်း malware တိုက်ခိုက်မှုပမာ ဏမှာ လျော့ကျခဲ့သော်လည်း ယခုနှစ် ဒုတိယ သုံးလပတ် တိုက်ခိုက်မှုပေါင်း ၁၅,၀၀၀ နီးပါးရှိခဲ့ပြီး တတိယ သုံးလပတ်တွင် ၉,၁၀၀ ရှိခဲ့ကြောင်း Kaspersky မှ ဖော်ပြခဲ့သည်။

(BGR)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page