လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Search စာမျက်နှာ အသွင်အပြင်သစ်ကို Google မိတ်ဆက်

Posted by Unknown Sunday, November 11, 2012 0 comments
 

နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Google က navigation tool များကို ရေပြင်ညီအတိုင်းပြောင်းလဲ ထားသည့် ၎င်း၏ Search စာမျက်နှာ အသွင်အပြင်သစ်ကို မိတ်ဆက်ပေးခဲ့သည်။ Google မှ ပြောင်းလဲပြင်ဆင်လိုက်သည့် Search စာမျက်နှာသစ်တွင် navigation tool များကို စာမျက်နှာ၏ ဘယ်ဘက်အပေါ်မှ ထိပ်ဘက်သို့ ရွှေ့ပြောင်းခဲ့ပြီး ရှာဖွေမှုအချို့တွင်လည်း ကြော်ငြာများပါဝင်ခြင်း မရှိတော့ ကြောင်းသိရသည်။ ကြော်ငြာများကို ဖော်ပြရာတွင် “ponies”, “election” စသည့် စာလုံးများဖြင့် ရှာဖွေသည့် အခါ မည်သည့်ကြော်ငြာကိုမျှ ဖော်ပြခြင်းမရှိသော်လည်း “camera” နှင့် “insurance” စာလုံးများဖြင့် ရှာဖွေရာတွင်မူ ယခင်အတိုင်း ရှာဖွေမှုရလဒ်များနှင့် ကြော်ငြာများကိုပါ ဖော်ပြပေး မည်ဖြစ်သည်။ Google ၏ပြောကြားချက်အရ Search စာမျက်နှာကို ရိုးရှင်းပြီး သပ်ရပ်သည့် ဒီဇိုင်းတစ်ခုအဖြစ် ဖန်တီးလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားသည့် Search စာမျက်နှာကိုမူ ဖုံးကွယ်ထားပြီး ၎င်းကို အသုံးပြုလိုသည့်အခါတွင် Search tools ခလုတ်ကိုနှိပ်ကာ ပေါ်လာသည့် drop down menu မှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ Search စာမျက်နှာ ဒီဇိုင်းသစ်ကို အမေရိကန်ရှိ အသုံးပြုသူများထံ စတင်ဖြန့်ချိပေးခဲ့ပြီး မကြာမီကာလ အတွင်း အခြားနိုင်ငံများရှိ အသုံးပြုသူများထံ ဖြန့်ချိပေးမည်ဟု သိရသည်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page