Display နှင့် Keypad ပါဝင်သည့် အကြွေးဝယ်ကတ်ကို MasterCard မိတ်ဆက်
Sunday, November 11, 2012
0
comments

တစ်ခါသုံး password များကို
ဖန်တီးပြုလုပ်နိုင်ရန်အတွက် LCD display နှင့် touch-sensitive ခလုတ်များ
ပေါင်းစပ်ပါဝင်သည့် မျိုးဆက်သစ် 2-in-1 အကြွေးဝယ်ကတ်သစ်ကို MasterCard မှ
မိတ် ဆက်ပေးခဲ့သည်။ Display Card
ဟုခေါ်သည့် အဆိုပါကတ်အသစ်သည် ပုံမှန် credit/debit နှင့် ATM ကတ်ကို
authentication token တစ်ခုနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၎င်းသည် ပုံမှန်
credit, debit နှင့် ATM ကတ်နှင့် တူညီကာ လုပ် ဆောင်မှုအပိုင်းတွင်လည်း
အဆိုပါကတ်များအတိုင်း ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။ လက်ရှိတွင်
ဘဏ်အများစုမှာ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ၊ လုံခြုံရေး အန္တရာယ် ရှိသည့်
ရောင်းဝယ်မှုများ၊ ငွေပေးချေ လွှဲပြောင်းမှုများနှင့်
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပြောင်းလဲမှု များအတွက် သီးခြား authentication
token ကို ထုတ်ပေးထားသည်။ သို့ရာတွင် MasterCard ၏ 2-in-1
ကတ်သစ်များကြောင့် သုံးစွဲသူများမှာ သီးခြား authentication
ထုတ်ကုန်များနှင့် token များကို သယ်ဆောင်သွားရန်မလိုတော့ဘဲ ၎င်းတို့၏
အိတ်ကပ်အတွင်း အဆိုပါ ကတ်အသစ်များကို ထည့်သွင်း သယ်ဆောင်သွားခြင်းဖြင့်
အသုံးပြုနိုင် တော့မည်ဖြစ်သည်။ Display Card ကို တစ်ခါသုံး
password များ ဖန်တီးပြုလုပ်ခြင်းအပြင် အနာဂတ်တွင်လည်း ဘဏ်စာရင်း
လက်ကျန်ငွေ၊ reward point များနှင့် လက်ရှိပြုလုပ်ထားသည့်
အရောင်းအဝယ်များကိုပါ ပြုလုပ်နိုင်စေ မည် ဖြစ်ကြောင်း သိရသည်။
(CNET)
0 comments:
Post a Comment