လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Google Adwords

Posted by Unknown Tuesday, November 13, 2012 0 comments

အွန်လိုင်းပေါ်က ကြော်ငြာကြောင့် စီးပွားဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကို Google ရဲ့ Adword က သက်သေပြခဲ့တယ်။  စီးပွားဖြစ် လုပ်ကိုင်တဲ့အတွက် ကြော်ငြာ ထည့်လိုသူရော ကြော်ငြာပေးသူ အတွက်ပါ အကျိုးဆက်တွေနဲ့အတူ အပြောင်းအလဲတွေ ဖြစ်ကုန်ကြရတယ်။ Google အနေနဲ့ AdWord ဆိုတဲ့ နည်းပညာကို Google နဲ့ အဓိကကျတဲ့ advertising product အနေနဲ့ ဖြစ်ထွန်းစေခဲ့တယ်။ Google က ၂၀၀၀ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့က စပြီး ချပေးလိုက်တယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ Google ရဲ့ စုစုပေါင်းကြော်ငြာကြောင့် လက်ခံရရှိတဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရှိနေတာ ကို တွေ့ရတယ်။ တစ်နည်းပြောရရင် AdWord ပရိုဂရမ်က နည်းပေးလမ်းပြအနေနဲ့ အွန်လိုင်းလောကကို တပ်လှန့် ပေးလိုက်သလို ဖြစ်သွားစေခဲ့တယ်။ ဒီပရိုဂရမ်ကနေ ကြော်ငြာ ထည့်လိုသူတွေအတွက် စတိုင် (၃) မျိုးနဲ့ ခွင့်ပြုထားပေးတယ်။ PPC စတိုင်၊ CPM စတိုင်နဲ့ Site-target စတိုင်တို့ဖြစ်တယ်။ ကြော်ငြာဖြန့်ချိမှု အနေအထားကို ကြည့်မယ်ဆိုရင်လည်း ဒေသဆိုင်ရာ ကြော်ငြာ၊ အမျိုးသားရေးဆိုင်ရာ ကြော်ငြာ နဲ့ နိုင်ငံတကာဆိုင်ရာ ကြော်ငြာဆိုပြီး ခွဲခြားပြီး ပါဝင်စေတယ်။ စာသားနဲ့ ကြော်ငြာရေးကိစ္စမှာ ခေါင်းစီး စာတန်းတစ်ခုအတွက် အက္ခရာ ၂၅ လုံးသာ ပါဝင်စေတယ်။ အပိုဆောင်းအဖြစ် ခေါင်းစီးအောက်မှာထည့်တဲ့ စာတန်းနှစ်ခုအတွက် တစ်ခုချင်းမှာ အက္ခရာ ၃၅ လုံးစီ ပါဝင်ခွင့်ပြုထားတယ်။ စာသားနဲ့ ကြော်ငြာမှုက တိုတိရှင်းဆိုတဲ့ ပုံစံမျိုးဖြစ်နေစေတယ်။ ပုံရိပ်တွေနဲ့ ကြော်ငြာရေးကိစ္စကတော့ IAB (Interactive Advertising Bureau) Standard size အမျိုးမျိုးထဲက စိတ်ကြိုက်တစ်မျိုးကို ရွေးချယ်သုံးခွင့် ပေး ထားတယ်။

AdWords ပရိုဂရမ်လုပ်ငန်းကို ဆောင်ရွက်ပေးတဲ့ အုပ်စုရဲ့ အခြေစိုက်ရုံးက ကယ်လီဖိုးနီးယားပြည် နယ်၊ မောင်တိန်းဗျူးမှာ ထားရှိတယ်။ ကြော်ငြာရောင်းချပေးတာတို့ ဝန်ဆောင်မှုပေးတာတို့ကို အားလုံး တာဝန်ယူလုပ်ပေးတယ်။ ရုံးချုပ်အနေနဲ့ကတော့ New York City Office မှာ ထားရှိတယ်။ PPC စတိုင်နဲ့ ကြော်ငြာစနစ်က ကြော်ငြာကိုကြည့်ဖို့ ကလစ်နှိပ်သွားတဲ့ အရေအတွက်ပေါ် မူတည်ပြီး ကျသင့်ကို ပေးချေစေတာ ဖြစ်တယ်။ Payper-click ရဲ့ အတိုကောက် ဝေါဟာရအနေနဲ့ သုံးစွဲကြတာ ဖြစ်တယ်။ Google အနေနဲ့ကတော့ ဒီစတိုင်ကို creative လို့ ခေါ်ဆိုကြတယ်။ ကြော်ငြာသူကို account history ထားရှိပေးတယ်။ အဲဒီကနေ အရေအတွက်ကို ကောက်ယူတာ ဖြစ်တယ်။ အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး Google က အနိမ့်ဆုံးဖြစ်စေတယ်။ bids ပုံစံနဲ့ ခွင့်ပြုပေးထားတယ်။ CPM စတိုင်ကတော့ cost-per-thousand ဆိုတဲ့ ကြော်ငြာစနစ်ကို အသုံးပြုစေတယ်။ Adwards ရဲ့ အင်္ဂါရပ်တွေထဲမှာ IP address exclusion နဲ့ Frequency capping တို့ ပါဝင်ထားတယ်။ IP address ranges ပေါ် မူတည်ဆောင်ရွက်တာနဲ့ ကြိမ်နှုန်း ကန့်သတ်ချက်နဲ့ ဆောင်ရွက်ယူ တာတွေ ဖြစ်တယ်။ Site-targeted ကြော်ငြာမှု ပုံစံစတိုင်ကို နောက်ပိုင်းမှာ Placement-targeted လို့ ခေါ်ဆိုကြတယ်။ ဒါကို ၂၀၀၃ ခုနှစ်မှာ စပြီး မိတ်ဆက် ဆောင်ရွက်ခဲ့တယ်။ ကြော်ငြာရှင်အနေနဲ့ cost-per-impression (CPM) ကိုရွေးမလား၊ cost-per-click (CPC) ကို ရွေးမလား ကြိုက်ရာကို အခြေခံထားပြီး ပါဝင်ခွင့်ပြုထားတယ်။

Google နဲ့ အဓိကပြိုင်ဘက်တွေကတော့ Yahoo! Search Marketing နဲ့ Microsoft Ad Center တို့ဖြစ်တယ်။ ၂၀၁၀ ခုနှစ် ရောက်တဲ့အခါ Yahoo က Microsoft နဲ့ ပါတနာ လုပ်လိုက်တယ်။ Yahoo Search Marketing ကို Microsoft က ထိန်းချုပ် ဆောင်ရွက်ပေးတဲ့ ပုံစံဖြစ်တယ်။ Adword နဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ပြီး ခြေရာကောက်ကြည့်မယ်ဆိုရင် Yellow Paper က စပြီး ပြောရမှာဖြစ်တယ်။ အင်တာနက်နဲ့ www တို့ရဲ့ ခေတ်ဦးပိုင်းမှာ Yellow Paper ဆိုတာကို အသုံးပြုခဲ့ကြရသေးတယ်။ Yellow Paper ကို တီထွင်ခဲ့သူကတော့ I deal Lab က Bill Gross ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ပုံလုပ်နည်းနဲ့ စိတ်ကူးစိတ်သန်းကို အခြေခံပြီး အမြင်သစ်နဲ့ Adword ပေါ်ထွန်းလာခဲ့တာ လို့ ပြောရမှာဖြစ်တယ်။ Google အနေနဲ့ ဒီလိုအခြေခံကို တရားဝင်ဝယ်ယူဖို့ ဆန္ဒရှိခဲ့ပေ မယ့် ညှိနှိုင်းပြောဆိုတဲ့ အဆင့်ပင် မရောက်ခဲ့ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်မယ်လို့ ဆုံးဖြတ် လိုက်ကြပြီး ၂၀၀၀ ခုနှစ်မှာ စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ကြတာလို့ မှတ်တမ်းမှတ်ရာတွေမှာ ရှိနေခဲ့တယ်။

စစချင်း AdWords သုံးကြော်ငြာရှင်တွေကို လစဉ်ကြေးနဲ့ ဆောင်ရွက်စေတယ်။ နောက်ပိုင်းရောက်မှသာ လှုံ့ဆော်မှုစတိုင်တွေနဲ့ ဖြစ်လာစေတယ်။ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါ GAP (Google Advertising Professional) ဆိုတာ ရှိလာတယ်။ ၂၀၀၈ နှစ်မှ Google Online Marketing Challenge ဆိုတာကို စတင် လုပ်ကိုင်တယ်။ ၄၇ နိုင်ငံက ကျောင်းသားပေါင်း ၈၀၀၀ လောက် ပါဝင် ဆင်နွှဲ ခဲ့ကြတာကို တွေ့ရတယ်။ တစ်ဆင့်တစ်ဆင့် တက်ရင်း ၂၀၁၁ ခုနှစ်မှာ နိုင်ငံပေါင်း ၇၀ က ကျောင်းသားပေါင်း ၁၅,၀၀၀ လောက်အထိ ပါဝင်မှုရှိခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ Google က AdWord interface ကို ပြန်လည်ပြုပြင်မှုတွေ လုပ်ပြီး Google Map အကူအညီနဲ့ Local Business Ads နဲ့ Video Ads တို့ ဖြည့်စွက်ပါဝင်လာစေတယ်။ AdWords ကြော်ငြာစနစ်ကို မူလအစက MySQL ပေါ်မှာ တင်ထားဆောင်ရွက်ပြီး နောက်ပိုင်းမှာ Oracle ကို အသုံးချစေခဲ့တယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ MySQL ဆီကို ပြန်ရောက်လာခဲ့တယ်။ ခုတော့ AdWords စနစ်မှာ Spreadsheet editing တို့ Search Query Report တို့ ပိုကောင်းတဲ့ Convesion metrics တို့လို အင်္ဂါရပ်သစ်တွေနဲ့ ပိုပြီး အဆင်ချောမွေ့တဲ့ အနေအထားနဲ့ အသုံးချခွင့်ရနေကြပြီ ဖြစ်တယ်။ ဒါပေမဲ့ Google က ကန့်သတ် တားမြစ်ချက်တွေ ပြုလုပ်လာတာကို တွေ့နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အွန်လိုင်းပေါ်က ကြော်ငြာမှုတွေကို AdWord ပရိုဂရမ်က လှုပ်လှုပ်ခါခါ ဖြစ်သွားစေခဲ့တာ ဖြစ်ကြောင်း တင်ပြပေးလိုက်ရပါတယ်။

(စမ်းဝေသူ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page