လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

GSM ဖုန်းဈေး ကျပ်တစ်သိန်း ငါးသောင်းအောက် လျှော့ချမည်

Posted by Unknown Sunday, November 25, 2012 0 comments

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချလျက်ရှိသည့် GSM ဖုန်းများကို ကျပ်တစ် သိန်း ငါးသောင်းအောက် ဈေးနှုန်းဖြင့် လာမည့် ငါးလအတွင်း ဈေးလျှော့ ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြား သည်။ “တစ်သိန်းလည်း ဖြစ်နိုင်တယ်။ ငါးသောင်းလည်း ဖြစ်နိုင်တယ်။ သေချာမပြောနိုင်သေးပါဘူး။ တစ်သိန်းခွဲအောက် ရောက်နိုင်မယ် ဆိုတာပဲ ပြောနိုင်ပါတယ်” ဟု ဈေးနှုန်းလျှော့ချမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး အနေနှင့် ဇန်နဝါရီလအတွင်း ဖုန်းဈေးနှုန်း လျှော့ချပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး နောက်အကျဆုံး ဧပြီလတွင် ကျိန်းသေ လျှော့ချ သွားမည်ဖြစ်ကြောင်း ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ လျှော့ ချပေးနိုင်ရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိ မိုဘိုင်းလ်ကွန်ရက်ကို တိုးချဲ့ရန်အတွက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ZTE, Huawei, ASB(Alcatel Shanghai Bell) ကုမ္ပဏီသုံးခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး 3G ဖုန်းလိုင်းတစ်သန်းကို နှစ်လအတွင်း အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။ “ဈေးတွေကတော့ အမျိုးမျိုး ပြောနေကြတာပဲ။ ရှစ်သောင်း ပြောလိုက်၊ တစ်သိန်းပြော လိုက်နဲ့။ ကျွန်တော့်အနေနဲ့တော့ ငါးသောင်းလောက်ဆို ဝယ်နိုင်မယ် ထင်ပါတယ်” ဟု ဈေးနှုန်းအသစ်နှင့် ပတ်သက်၍ သန်လျင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းဖြစ်သူ ဦးမောင်မောင်သန်း က ပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများကို ကျပ်ဆယ့်ငါးသိန်းမှ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျပ်ငါးသိန်း၊ ယင်းမှ ကျပ်နှစ်သိန်းနှင့် ကျပ်နှစ်သိန်း ငါးသောင်းသို့ အသီးသီးလျှော့ချ သတ်မှတ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page