လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Jailbreak ပြုလုပ်ပြီးသည့် iOS များအတွက် ထည့်သွင်းသင့်သည် Cydia ၏ အကောင်းဆုံး Source များ

Posted by Unknown Sunday, November 4, 2012 0 comments

iOS  အသုံးပြုတဲ့ Apple User တွေအတွက် Jailbreak ပြုလုပ်ထားတဲ့ သင်တို့ရဲ့ Apple Device  တွေမှာ  Application တွေ ထည့်သွင်းအသုံးပြုဖို့အတွက် Cydia ကို အသုံးပြုပြီး Source တွေကို Install ပြုလုပ်ရပါမယ်။ Cydia ရဲ့ Source တွေကို Jailbreak ပြုလုပ်ပြီးသူတွေ အနေနဲ့ ထည့်သွင်းအသုံးပြုမှသာ Jailbreak ပြုလုပ်တဲ့ အကျိုးခံစားခွင့်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ယခုတစ်ပတ် ဖော်ပြပေးမှာကတော့ Jailbreak ပြုလုပ်ပြီးတဲ့ iOS မှာတော့ ထည့်သွင်းသင့်တဲ့ Cydia ရဲ့ အကောင်းဆုံး Source တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာပြည်က iOS အသုံးပြုသူတွေ အနေနဲ့ iPhone, iPad တို့မှာ မြန်မာစာကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် Cydia ထဲက Manage ထဲမှ Add Source ကို နှိပ်ပြီး http://cydia.macforus.com ဆိုတဲ့ လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိပ်စာကတော့ မြန်မာစာလုံးတွေကို ဖတ်ရှုရိုက်နှိပ်နိုင်အောင် ထည့်သွင်းရတဲ့ source ဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ iTunes ပေါ်က အခပေးပြီးမှ ရယူအသုံးပြုရမယ့် Application တွေကို Crack လုပ်ထားတဲ့ ဆိုက်ကနေ အခမဲ့ ဒေါင်းလုပ်လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်မယ့် Source ဖြစ်ပါတယ်။ Source ရဲ့ လိပ်စာကတော့ http://cydia.hackulo.us ဆိုတဲ့ လိပ်စာဖြစ်ပါတယ်။ ဒါကတော့ Crack Application တွေကို အခမဲ့ ထည့်သွင်း အသုံးပြုနိုင်မယ့် Installous ကို ထည့်သွင်းမယ့် လိပ်စာဖြစ်ပါတယ်။ Safari, Group SMS တို့ကို WiFi အသုံးပြုပြီး Sync ပြုလုပ်ပေးမယ့် Repo ကတော့ http://repo/biteyouapple.com ဆိုတဲ့ လိပ်စာနဲ့ ဖြစ်ပါတယ်။ ဒီ Application လေးကိုတော့ လူအများစုက သတိပြုမိမယ် မထင်ပါဘူး။ iOS 5.0 နဲ့ အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ iPhone, iPad တို့ကို စိတ်ကြိုက် Customize ပြုလုပ် ပြင်ဆင်နိုင်မယ့် Source  တစ်ခုကတော့ http://repo.hackyo uriphone.org ဆိုတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဒီ Source မှာ Winter-board Theme တွေ ပါဝင်မှာ ဖြစ်ပြီး iPhone, iPad တို့ကို အလှဆင်ချင်သူတွေအတွက် သင့်တော်တဲ့ Repo တစ်ခု ဖြစ်ပါတယ်။ ဒီ Source ကတော့ မတူညီတဲ့ Application တွေ Themes တွေကို ဖန်တီးပြုလုပ်နိုင်မယ့် Repo တစ်ခု ဖြစ်ပါတယ်။ App-locker, REtinaPad, FaceBreak, SleepFX, SMS+Spingtomize 2, Infinidock, Infinifolder အစရှိတာတွေ အများအပြား ပါဝင်တာကို တွေ့ရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ Themes နဲ့ အဆင်ပြေ လိုက်ဖက်စေမယ့် Keyboard တွေကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Source ဖိုင်ရဲ့ လိပ်စာကတော့ http://apt.pwncenter.com ဖြစ်ပါတယ်။ Auto 3G, Call Controller, iBlacklist, Installous အစရှိတဲ့ Application တွေကို  ထည့်သွင်း အသုံးပြုချင်သူတွေ အတွက်ကတော့ http://repo.biteyourapple.net ဆိုတဲ့ လိပ်စာကို Source ဖိုင်ထဲကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Application များစွာကို ဒီ Repo ကနေ ရရှိနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် Application များ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရေပန်းစားတဲ့ Application တွေနဲ့ Inspell, MCleaner, My SMS အစရှိတဲ့ Application တွေကို ရယူအသုံးပြုချင်သူတွေအတွက် http://cydia.xsellize.com ဆိုတဲ့ လိပ်စာကို Cydia ရဲ့ Source ထဲကို ထည့်သွင်း ဒေါင်းလုပ်ပြုလုပ်ပြီး Install ပြုလုပ်ခြင်းဖြင့် ဒီ Application တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ http://sifuliphonerepo.com ဆိုတဲ့ လိပ်စာကတော့ Installous ကဲ့သို့ Crack  Application ကို ထည့်သွင်း အသုံးပြုနိုင်မယ့် Cydia ရဲ့ Repo တစ်ခု ဖြစ်ပါတယ်။ ဒီ  Repo မှာ AdBlocker, CallBar, 3G Unrestrictor, Myi, Facebreak အစရှိတာတွေကို ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ iPhone Cake ဆိုတာကတော့ App-tracker ကဲ့သို့ Crack App တွေကို တင်ပေးတဲ့ ဆိုက်ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် Repo ကတော့ Crack App အများအပြားကို ဒေါင်းလုပ် လုပ်ယူနိုင်မယ့်  Repo ဖြစ်ပါတယ်။ Cydia ရဲ့ Source ကနေ http://cydia.iphonecake.com ဆိုတဲ့ လိပ်စာကို ထည့်သွင်းပေးလိုက်တယ်ဆိုရင် iPhone Cake ဆိုက်မှာ တင်ထားတဲ့ Crack Application တွေကို ဒေါင်းလုပ်ပြုလုပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page