လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ

Posted by Unknown Monday, November 5, 2012 0 comments


ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထားကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး  16 Megapixel အထိ sensor အားကောင်းတယ်လို့ ဆိုပါတယ်။ စာရင်းအရဆိုရင်

OS  : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်)   : ၃လက်မ
Optical Zoom    :  ၁၀ဆ
Thickness (အထူ)    : 16 mm  (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution    : 16 megapixels
Feature  : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)

Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံးကင်မရာ ဖြစ်လာပါအုံးမယ်။ နည်းပညာပြပွဲကြီး IFA 2012 မှာ ဝင်ရောက်မိတ်ဆက်ပြသမယ်လို့လည်း GSM Arena မှ ဖော်ပြထားပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page