လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဖုန်းနှင့်ကွန်ပျူတာနှစ်မျိုးလုံးတွင် Skype Account တစ်ခုတည်းဖြင့် အသုံးပြုနိုင်မည်

Posted by Unknown Wednesday, November 7, 2012 0 comments

Skype Account တစ် ခုရှိထားရုံဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို ပြည်တွင်း ရှိ နိုင်ငံခြားဖုန်းခေါ်ဆိုမှု ဖွင့် လှစ်ထားသည့် မည်သည့် ဖုန်းများတွင်မဆို ဖုန်းမှ တိုက်ရိုက်ဖြစ်စေ၊ အင် တာနက်မှဖြစ်စေ တစ်ချိန်တည်းတွင် နှစ်မျိုးစလုံး တစ်ပြိုင်နက် အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။ Skype ၀န်ဆောင်မှုကို အသုံးပြုနိုင် ရန်အတွက် အသုံးပြုလိုသူထဲတွင် နိုင်ငံ ခြားသို့ ခေါ်ဆိုခွင့်ရှိထားသော ကြိုးဖုန်း (သို့) နိုင်ငံခြားသို့ခေါ်ဆိုနိုင်သော မိုဘိုင်း ဖုန်း (Hand Phone) တစ်မျိုးရှိရန် လိုအပ် သည်။ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက် ၍ Pfingo myanmar မှ ကိုဇော်လင်းထိုက် က “ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင် မှုကို ဆောင်ရွက်ပေးတာသိပ်မကြာသေး ပါဘူး။ အသုံးပြုနိုင်တာတော့ ကြာပါပြီ။ အင်တာနက် အလွယ်တကူရရှိနိုင်တဲ့ နေရာများတွင် နှစ်မျိုးစလုံးအသုံးပြုနိုင် ပါတယ်။ ဖုန်းကနေ နိုင်ငံခြားကို တိုက် ရိုက်ခေါ်မယ်ဆိုရင် အနည်းဆုံး FEC 1unit ကုန်မှာပါ။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှု က နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပြီး ဈေး နှုန်းက ၇၀%သက်သာတယ်” ဟု ပြောခဲ့ သည်။ Skype ၀န်ဆောင်မှုများကို ၀န်ဆောင် မှုပေးလျက်ရှိသည့် PFingo Myanmar မှကိုဇော်လင်းထိုက်က “ကျွန်တော်တို့ အရင်အင်တာနက်ဆိုင် ဖွင့်တုန်းက တည်းက Skype Account တစ်ခုတည်း ကိုပဲ စက်အလုံးပေါင်းများစွာ အသုံးပြု ခဲ့ပါတယ်။ အခုစနစ်ကတော့ ကွန်ပျူ တာနဲ့ အသုံးပြုနိုင်သလို ဖုန်းမှာလည်း အသုံးပြုနိုင်ဖို့ နှစ်မျိုးလုံးမှာ Skype Account တစ်ခုရှိရုံနှင့် တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ ဖုန်း bill ကလည်း အရမ်းသက်သာတဲ့ ဈေးနှုန်း ဖြစ်တဲ့အတွက် အသုံးပြုသူတွေ အဆင် ပြေစေမှာပါ} ဟု ပြောကြားခဲ့သည်။ Pfingo Reseller Myanmar အနေ ဖြင့် Pfingo ၀န်ဆောင်မှုအပြင် Pfingo နှင့် ပတ်သက်သည့် ၀န်ဆောင်မှုမျိုးကို ပြု လုပ်ပေးလျက်ရှိသည်။ ဏ်ငညါသ ၀န်ဆောင် မှုများတွင်လည်း ဖုန်းမှတစ်ဆင့် တိုက် ရိုက်နိုင်ငံခြားသို့ခေါ်ဆိုနိုင်သည့် ၀န်ဆောင် မှုများကိုလည်း ပြုလုပ်ပေးကြောင်း သိ ရသည်။

(အေးချမ်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page