လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

SONY VAIO DUO 11

Posted by Unknown Sunday, November 4, 2012 0 comments

Windows 8-style interface ကို အပြည့်အဝ အသုံးပြုနိုင်မယ့် Full-HD touch screen တပ်ဆင် ထုတ်လုပ်ထားတဲ့ Sony Vaio Duo 11 ultrabook မှာ 1.7 GHz Intel Core i5-3317U ပရိုဆက်ဆာ အသုံးပြုထားပြီး RAM အနေနဲ့ကတော့ 1,333 MHz DDR3 memory 6GB ထည့်သွင်း ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 128GB SSD ပါဝင်ပြီး Intel HM76 Express chipset နဲ့ Intel HD 4000 ဂရပ်ဖစ်တို့လည်း ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ Windows 8 (64-bit) operating system နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ultrabook အဖြစ်သာမက tablet တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုစနစ်အတွက် VGA plus HDMI နဲ့ Intel WiDi-ready စနစ်တို့ ထည့်သွင်းပေးထားကာ အချက်အလက်တွေ ရွှေ့ပြောင်းဖို့ အတွက်ကိုတော့ USB 3.0 port နှစ်ခုနဲ့ SD/Memory Stick card reader တစ်ခု ပါဝင်တာ တွေ့ရပါတယ်။ Ethernet, Bluetooth, 802.11n Wi-Fi စတဲ့ စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပြီး optical drive တော့ ပါဝင်ခြင်းမရှိပါဘူး။

ဒီဇိုင်း
Sony Vaio Duo 11 ကို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Laptop အဖြစ်သာမက tablet အနေနဲ့လည်း အသုံးပြုနိုင်ပြီး ကီးဘုတ်လည်း တွဲဖက်ပါဝင်ပါတယ်။ Tablet အဖြစ် အသုံးပြုရာမှာ screen က တုံ့ပြန်နိုင်စွမ်း ကောင်းမွန်ရုံ သာမကဘဲ ကိုင်ဆောင် အသုံးပြုရတာလည်း အဆင်ပြေမှုရှိပါတယ်။ ကီးဘုတ်အရွယ်အစားက ကြီးမားပြီးပါးလွှာကာ backlit စနစ် အသုံးပြု ထုတ်လုပ်ထားပါတယ်။ Touchpad ထည့်သွင်းပေးထားခြင်း မရှိဘဲ optical pointer သာ ပါရှိပါတယ်။ Stylus လည်း ထည့်သွင်း ထုတ်လုပ်ထားပြီး application အချို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ကတော့ အလျား ၁၂.၆ လက်မ၊ အနံ ၇.၈ လက်မနဲ့ အထူ ၀.၇၁ လက်မရှိပြီး ထောင့်ဖြတ် screen အရွယ်အစားက ၁၁.၆ လက်မရှိပါတယ်။ စုစုပေါင်း အလေးချိန်ကတော့ AC adapter နဲ့ဆိုရင် ၃.၅ ပေါင်ရှိပါတယ်။

သုံးသပ်ချက်
Full-HD laptop နဲ့ touch-screen tablet တို့ကို Sony Vaio Duo 11 မှာ တစ်ပေါင်းတည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ နည်းပညာဆိုင်ရာ အချက်အလက်တွေနဲ့ ဘက်ထရီ သက်တမ်းတို့လည်း အလွန်ကောင်းမွန်ပြီး အသုံးတည့်ပါတယ်။

အားသာချက်
Sony Vaio Duo 11 မှာ ultrabook တစ်မျိုးအတွက် အလွန်ကောင်းမွန်တဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို တွေ့ရမှာ ဖြစ်သလို Full HD touch screen ကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်
Laptop နဲ့ tablet အခြေအနေတွေကို အပြန်အလှန် ပြောင်းလဲ အသုံးပြုရာမှာ အဆင်မပြေမှုနဲ့ စိတ်မကျေနပ်စရာ အနည်းငယ် တွေ့ရပါတယ်။

ဘက်ထရီ
Tablet အဖြစ် အသုံးပြုရာမှာ ဘက်ထရီသက်တမ်း ကောင်းမွန်ပြီး ultrabook အနေနဲ့ အသုံးပြုရင်တော့ ဘက်ထရီသက်တမ်း နည်းပါးပါတယ်။ ရုပ်ရှင်ကြည့်ရှုဖို့အတွက် အသုံးပြုမယ်ဆိုရင် ၄ နာရီနဲ့ ၄၆ မိနစ်ခန့် ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page