လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Want နှင့် Collect ခလုတ်များကို Facebook စမ်းသပ်သုံးစွဲ

Posted by Unknown Tuesday, November 6, 2012 0 comments
 

နာမည်ကျော် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် Facebook က personal နှင့် retail Facebook စာမျက်နှာများပေါ်တွင် Want နှင့် Collect ခလုတ်သစ်များကို စတင်စမ်းသပ်အသုံးပြုခဲ့ကြောင်း PCMag.com မှ ဖော်ပြခဲ့သည်။ အဆိုပါ feature သစ်များကို Fab.com, Pottery Barn, Wayfair, Smith Optics, Victoria’s Secret, Michael Kors နှင့် Neiman Marcus စသည့် retailer စာမျက်နှာများတွင် စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ Want ခလုတ်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များကို အသုံးပြုသူများ၏ ဝယ်ယူလိုသည့်စာရင်း (Wishlist) တွင် ထည့်သွင်းပေးမည်ဖြစ်သည်။ Collect ခလုတ်မှာ အနည်းငယ်ကွဲပြားခြားနားပြီး ၎င်းကို Facebook စာမျက်နှာပေါ်ရှိ ထုတ်ကုန်တစ်ခု၏ ဓာတ်ပုံတစ်ပုံပေါ် တွင် တွေ့မြင်ရမည်ဖြစ်သည်။ အသုံးပြုသူမှ အဆိုပါ ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် ၎င်းထုတ်ကုန်၏ ဓာတ်ပုံကို အသုံးပြုသူ၏ timeline တွင် တင်ကာ အသုံးပြုသူ၏ သူငယ်ချင်းများအား ဖော်ပြပေးမည်ဟု သိရသည်။ အဆိုပါ Facebook Collection ကို Pottery Barn ကုမ္ပဏီ၏ စာမျက်နှာတွင် ပထမဦးဆုံး ဖြန့်ချိပေးခဲ့ခြင်း ဖြစ်ကြောင်း Washingtone Post မှ ဖော်ပြခဲ့သည်။ ထို့အပြင် မကြာသေးမီက ကြေညာခဲ့သည့် Facebook Gifts နှင့်မတူသည့်အချက်မှာ ကုမ္ပဏီတစ်ခု၏ Collection စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ရောင်းချမှုများအတွက် မည်သည့်တန်ဖိုးဖြတ်တောက်မှုကိုမျှ ပြုလုပ်မည် မဟုတ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

(Inc.com)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page