လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Windows 8 က Windows 7 ထက် သာလွန်သော အချက်များ

Posted by Unknown Tuesday, November 13, 2012 0 comments

Windows 8 Developer Preview ထွက်တာတောင် လအတော် ကြာသွားပါပြီ။  Preview တွေထွက်တာ တစ်ကြိမ်ထက် မကပါဘူး။ တစ်ကြိမ်ထက် တစ်ကြိမ်လည်း ပိုပြီး တည်ငြိမ် သေသပ်လာပါတယ်။ သိပ် မကြာခင် လပိုင်းအတွင်းမှာ release ထွက်ပါမယ်။ ပြီးရင် Release candidate နဲ့ အဆုံးသတ်ပါမယ်။ ဒီနှစ် သီတင်းကျွတ်လောက်ဆိုရင် အပြီးသတ် Window 8 ထွက်ပါလိမ့်မယ်။ Windows 7 ဟာ လူတွေကို စိတ်ကသိကအောက် ဖြစ်စေခဲ့တဲ့ Windows Vista ထက် အများကြီး သာလွန်ပါတယ်။ ဒါကြောင့် လည်း ပေါက်ခဲ့တာပါ။ Windows 8 ကျတော့ အသုံးပြုနိုင်တဲ့ နယ်ပယ်ပိုကျယ်လာပြီး Tablet တွေကနေ ရုပ်မြင်သံကြားစက်တွေ အထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။ Windows 8 မှာ Windows 7 မစွမ်းဆောင်နိုင်တဲ့ အရည်အသွေး အတော်များများ ရှိနေပါတယ်။ အဲဒီ အရည်အသွေးတွေကို လေ့လာ ကြည့်ရင် ဒီလိုတွေ့ရပါမယ်။ ပထမဆုံး တွေ့ရမယ့် ကွာခြားချက်ကတော့ Touch အလုပ်လုပ်ပုံ လုပ်နည်း ဖြစ်ပါတယ်။ Touch Screen ပေါ်မှာ တွေ့ရမယ့် user interface မှာတင် အကြီးအ ကျယ် ပြောင်းလဲသွားပြီဆိုတာ Window 8 သုံးတဲ့အချိန်မှာ သတိထားမိပါလိမ့်မယ်။
Windows 7 ဟာ Touch ကို အထောက်အပံ့ပေးပါတယ်။ ဒါပေမဲ့ ရှေ့တစ်ဆင့် ဆက်တက်မယ်ဆိုရင် တကယ့် Touch Interface စစ်စစ် လိုမယ်ဆိုတဲ့ ကိစ္စဟာ ထင်ရှားလာပါတယ်။ ဒီနေရာမှာ Window 8 ဟာ Metro ကို သယ်ဆောင်လာပါတယ်။ Mobile Windows 7 မှာ တွေ့ရတဲ့ User Interface မျိုးပါ။ Interface အသစ်ကို ပြောင်းလိုက်တဲ့အခါမှာ လမ်းကြောင်းရှည်ပြီး လုပ်ရကိုင်ရ လက်ဝင်တဲ့ Menu တွေ ကို ရှောင်လာနိုင်ပါတယ်။ ကိုယ်သွားချင်တဲ့ ပရိုဂရမ်တွေဆီ ပို့ပြီး မြန်မြန်ဆန်ဆန် ရောက်စေပါတယ်။ Windows 8 ရဲ့ on screen keyboard နဲ့ လက်ရေးကို မှတ်မိတဲ့ handwriting recognition ဟာလည်း Win 7 မှာထက် အများကြီး ပိုပြီး တိုးတက်ကောင်းမွန်လာပါတယ်။ Windows 8 မှာ ထူးခြားလာတာက start menu ကို မတွေ့နိုင်တော့တဲ့ အချက်ပါ။ သူ့ကို start screen နဲ့ အစားထိုးထားပါတယ်။ Windows Phone 7 ရဲ့ Home screen မှာလိုပဲ Start Screen မှာ Live tile တွေပါတယ်။ data တွေပါတယ်။ ဒါကြောင့် အသုံးပြုသူအတွက် ဆုတ်သာတက်သာ ရှိစေပြီး အသုံးပြုရတာ ပိုအဆင်ပြေပါတယ်။
Desktop ကို လိုအပ်တဲ့ Application တစ်ခု ဖွင့်လိုက်တဲ့အခါမှာ recycle bin နဲ့ taskber ကို မြင်နေရပါဦးမယ်။ ဒါပေမဲ့ Start menu နေရာမှာရှိတဲ့ ခလုတ်ကတော့ Start Screen ဆီပဲ ပြန်ပြီး ပို့ပေးပါလိမ့်မယ်။ Monitor Support လုပ်တဲ့နေရာမှာ Windows 8 က Windows 7 ထက် သာပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ monitor တစ်လုံးထက် ပိုသုံးလာတာ ရှိပါတယ်။ အိုင်စီတီနဲ့ အီလက်ထရွန်နစ် ပြပွဲတွေ သွားကြည့်ရင် Monitor ၃ လုံးကနေ ၆ လုံးအထိ ပူးကပ်ပြီး မြင်ကွင်းကြီးကြီး ဖန်တီးထားတာမျိုးပေါ့။ ဒီလိုကိစ္စတွေ ရှိလာတဲ့အတွက် Microsoft ဟာ Windows 8 မှာ desktop Management ကို အသစ်ပြင်ပြီး ရေးဆွဲလာပါတယ်။ ဒါကြောင့် မိတ်ဆွေဟာ Windows 8 ကို သုံးခဲ့မယ်ဆိုရင် Monitor တစ်လုံးပေါ်မှာ Start Screen ကိုထားပြီး နောက်တစ်လုံးပေါ်မှာ desktop ကို ထားနိုင်ပါတယ်။ အဲဒီ Monitor နှစ်ခုလုံးပေါ်မှာ သီးခြား Taskbar ပုံစံနှစ်မျိုးလည်း ထားနိုင်ပါတယ်။ Taskbar ပေါ်မှာ မတူညီတဲ့ icon တွေ Pin လုပ်ထားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ တကယ်လို့ Monitor ၃ လုံးလောက်များ သုံးမယ်ဆိုရင် မတူညီတဲ့ background ၃ မျိုးလောက်တောင် သုံးနိုင်ပါဦးမယ်။
Charm ဆိုတဲ့ အသုံးအနှုန်းကတော့ Windows 8 မှာမှ စပြီး ကြားဖူးတာ ဖြစ်ပါလိမ့်မယ်။ Serach, Share, device နဲ့ Setting ဆိုပြီး နဂိုမူလ Charm တွေကို တွေ့နိုင်ပါတယ်။ အဲဒီ Charm တွေဟာ မတူညီတဲ့ Application devices နဲ့ Setting တွေပေါ်မှာ အလုပ်လုပ်နိုင်တဲ့အပြင် Screen ရဲ့ ညာဘက်ကနေ ပွတ်ဆွဲပြီး Screen အလယ်ကို ဆွဲခေါ်နိုင်ပါတယ်။ Setting Charm မှာ ကိုယ်လောလောဆယ် အသုံးပြုနေတဲ့ application နဲ့ သက်ဆိုင်တာ တွေ့ပါမယ်။ Volume, Brightness, restart နဲ့ power option စတာတွေကိုလည်း Setting charm ကနေ ချိန်ညှိနိုင်ပါတယ်။ Search နဲ့ device charm တွေကတော့ ခေါင်းစဉ်ကြည့်ရုံနဲ့ သဘောသဘာဝကို သိနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Share Charm ပါ။ Share လုပ်ငန်းစဉ်ကို အထောက်အပံ့ပေးတဲ့ မည်သည့် metro application ကနေမဆို Content, Link နဲ့ ကိုယ်ပေးချင်ရာ မှန်သမျှကို အဆက်အသွယ်ရှိတဲ့ လူတွေဆီပေးနိုင်ပါတယ်။ Windows 7 မှာ default အနေနဲ့ မတွေ့ခဲ့ရတဲ့ Facebook နဲ့ twitter support ကိုလည်း Windows 8 မှာ တွေ့နိုင်ပါတယ်။ Search လုပ်ငန်းစဉ်ကတော့ Windows 7 နဲ့ Windows 8 မှာ လုံးလုံးကြီး ကွဲပြားသွားပြီး Start menu ကနေ လုပ်နိုင်မယ့် Search လုပ်ငန်းစဉ်ကို မျှော်လင့်လို့ မရတော့ဘူး။
Search Charm ကနေ သွားချင်သွား ဒါမှမဟုတ် Start Screen ကနေ သွားချင်သွား ဒီလမ်းနှစ်သွယ်ပဲ ရှိပါတယ်။ ကိုယ်ရှာချင်တာကို စပြီး ရိုက်ထည့်တဲ့အချိန်မှာပဲ နီးစပ်တဲ့ result တွေကို screen ပေါ်မှာ စပြပေးမယ်။ Google Serach လိုပါပဲ။ စက်ထဲက Program နဲ့ ဖိုင်တွေရှာဖို့ Search က အသုံးကျပါတယ်။ Search ကနေ ပေါ်လာတဲ့ application ကို ဆွဲပြီး သုံးနိုင်ပါတယ်။ အပြင်ဘက် ထွက်ရှာချင်တယ် ဆိုရင်တော့ Internet Explorer ဖွင့်ပြီး Bing ကတစ်ဆင့် ရှာနိုင်ပါတယ်။ Windows 7 အထိ ထွက်ခဲ့သမျှ Version အားလုံးဟာ X86 PC တွေနဲ့ပဲ အလုပ်လုပ်ပါတယ်။ Windows 8 ကတော့ အစဉ်အလာကို ဖောက်ထွက်လိုက်ပါပြီ။ ARM Processor နဲ့ Chip တွေ သုံးထားတဲ့ စက်ကို အထောက်အပံ့ ပေးပါတော့မယ်။ ဒါကြောင့် ဒီနေ့ ဈေးကွက်ထဲမှာ မြင်နေရတဲ့ Tablet နဲ့ Smart phone အတော်များများမှာ Windows 8 ကို တွေ့လာရဖို့ ရှိနေပါတယ်။ Microsoft ဟာ အိုင်တီပစ္စည်း အတော်များများပေါ်မှာ Windwos 8 ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ချင်ပုံရပါတယ်။ Windows 8 Store ဆိုတဲ့ဟာကလည်း Windows 8 မှာမှစပြီး မိတ်ဆက်ပေးတဲ့အရာ ဖြစ်ပါတယ်။ Developer preview မှာ ဒါကို မတွေ့ရသေးပါဘူး။
ဒါပေမဲ့ Windows 8 တရားဝင်ထွက်ရင် အဓိက အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါလာပါလိမ့်မယ်။ Application တွေကို အဲဒီ Store နဲ့ ချိတ်ဆက်ပြီး ဝယ်လို့ရပါမယ်။ Developer တွေ အနေနဲ့ CD/DVD အချပ်တွေက တစ်ဆင့်ရောင်းဖို့ မလိုတော့တာမို့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကိုလည်း အထောက်အကူပြုပါမယ်။ ဒါပေမဲ့ လောလောဆယ် ရောင်းနေတဲ့ ဘယ် Application တွေကို ဖြတ်ချပြီး online purchase ထဲ သွင်းမယ်ဆိုတဲ့ သတင်းမျိုး ထွက်မလာသေးပါဘူး။ OS တစ်ခုကို Cloud နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ ဆိုတဲ့ ကိစ္စဟာလည်း အခြေအနေနဲ့ အချိန်အခါအရ Windows 8 မှာမှ ပေါ်ပေါက်လာရတာပါ။ Windows 8 ကို Cloud နဲ့ ပူးမယ်ဆိုတာကို အရင်ကတည်းက ရည်ရွယ်ပုံရပါတယ်။ Windows 8 သုံးတဲ့သူတွေဟာ မတူညီတဲ့ Windows PC တွေမှာ ရှိတဲ့ Setting တွေကို တန်းညှိနိုင်ပါမယ်။ IE မှာရှိတဲ့ browsing history တွေ ညှိတာမျိုးပေါ့။ ဒါ့အပြင် အမျိုးမျိုးသော Windows 8 ကွန်ပျူတာတွေကြားမှာ ဓာတ်ပုံတွေကိုလည်း မျှဝေနိုင်ကြပါဦးမယ်။ Windows 7 မှာ ဒါမျိုးတွေကို OS က တစ်ဆင့် တိုက်ရိုက်လုပ်ဖို့ မမျှော်လင့်နိုင်ခဲ့ပါဘူး။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page