Onscreen Keyboard အသုံးပြုပုံ
Tuesday, November 13, 2012
0
comments

Touchphone တွေပေါ်မှာ စာရိုက်စရာကိစ္စ ပေါ်လာရင် Onscreen Keyboard ကို
အသုံးပြုလေ့ ရှိတယ်။ တချို့ Application တွေကတော့ စာရိုက်ဖို့ကိစ္စ
ပေါ်လာစဉ်မှာ Onscreen Keyboard ကို အလိုလို ဖွင့်ပေးနိုင်ပြီး တခြား
ကိစ္စတွေမှာတော့ Text Field ခေါ်တဲ့ စာရိုက်သွင်းဖို့ အကွက်ကလေးကို တစ်ချက်
ပုတ်လိုက်တာနဲ့ Onscreen Keyboard ဖွင့်လာလိမ့်မယ်။ Onscreen Keyboard တစ်ခုမှာ Settings လုပ်လို့ရတာတွေ အများကြီး ရှိတယ်။
Language & Keyboard settings အခန်းကျမှ ဖော်ပြတော့မယ်။
တချို့ဖုန်းတွေမှာတော့ Android Keyboard settings ဆီသွားချင်ရင် Microphone
Key ( ) ကို ခပ်ကြာကြာဖိ Window အကွက်လေး ပေါ်လာရင် Setting icon
ကလေးဆီကို Drag လုပ်သွားရုံပဲ။ ဖုန်းတိုင်းမှာတော့ ဒီလိုမျိုး မရပါဘူး။
တချို့ ဖုန်းတွေမှာကျတော့ စာရိုက်သွင်းတာကို ပါးစပ်က ခေါ်ပေးလို့ ရတယ်။
Entering text by speaking ပေါ့။
စာရိုက်သွင်းမယ်ဆိုရင် (Enter text by typing)
Text Field ခေါ်တဲ့ စာရိုက်ရမယ်။ Box ထဲ လက်နဲ့ထိလိုက်။ Onscreen Keyboard
ပေါ်လာလိမ့်မယ်။ Text Field ထဲမှာ ရိုက်ပြီးသား စာသားတွေ ရှိတယ်ဆိုရင်
ကိုယ်စရိုက်သွင်းချင်တဲ့ နေရာမှာ လက်ညှိုး နဲ့ ထောက်လိုက် Insertion point
နဲ့ Tab ပေါ်လာမယ်။ လိုတဲ့ နေရာကို အတိအကျ မရသေးရင် Drag လုပ်ပြီး ရွှေ့ယူ။
Onscreen Keyboard ပေါ်က ရိုက်သွင်းလိုက်သမျှ စာသားတွေဟာ Text Field နဲ့
Keyboard အပေါ်စပ်က Strip အကွက်ထဲမှာ ပေါ်လာလိမ့်မယ်။ ဘယ်စာလုံးကို
ရိုက်လိုက်တာလဲ။ ဟိုဟာလား၊ ဒီဟာလားဆိုတဲ့ ခန့်မှန်းစာလုံး (Suggestions)
တွေ ပေါ်လာလိမ့်မယ်။ Strip ရဲ့ ဘယ်ဘက် အစွန်ဆုံး အကွက်မှာ ပြထားတဲ့
Boldfaced suggestion ကတော့ ဖြစ်တန်ချေ မရှိဆုံး ခန့်မှန်းစာလုံးပေါ့။
ခန့်မှန်းစာလုံးတွေ ဘယ်လောက်များများ ပြထားတယ်ဆိုတာ သိချင်ရင် ဘယ်ဘက်ကို
ပွတ်ပွတ်ဆွဲပြီး ကြည့်လို့ရတယ်။ စာလုံးမှားရိုက်လို့ ပြန်ဖျက်ချင်ရင်
Delete Key ( ) နဲ့ ဖျက်ရပါတယ်။ ညာဘက်ကနေ ဘယ်ဘက်ကို တစ်လုံးချင်း
ဖျက်ပေးပါတယ်။ စာရိုက်သွင်းတာ ပြီးသွားပြီ၊ ပြည့်စုံသွားပြီ ဆိုရင်တော့
Save လုပ်မလား မေးလာရင်တော့ Save လုပ်လိုက်။ Keyboard ကို
ပြန်ဖျောက်ချင်ရင် Back နဲ့ ပြန်ထွက်။
ကိန်းဂဏန်းနဲ့ သင်္ကေတတွေ ရိုက်သွင်းချင်ရင်
(Enter numbers, symbols and other characters)
ကိန်းဂဏန်း (Number)၊ သင်္ကေတ (Symbols) နဲ့ စာလုံးတစ်လုံးရဲ့
အခြားပုံစံကွဲတွေ လိုချင်တယ်ဆိုရင် သက်ဆိုင်ရာ Key တစ်ခုပေါ်က
လက်ညှိုးထိပ်နဲ့ ကြာကြာထောက်ထားလိုက်ရင် အနက်ရောင်နောက်ခံမှာ အဖြူနဲ့
ပေါ်လာလိမ့်မယ်။ ဥပမာ W ဆိုတဲ့ Key ထဲမှာ @ ဆိုတဲ့ သင်္ကေတလေးလည်း အပေါ်ဘက်မှာ
ပါတယ်။ W-Key ကို ခပ်မြန်မြန်လေး Touch လုပ်လိုက်ရင် W ပေါ်မယ်။
နည်းနည်းကြာကြာ ဖိလိုက်ရင် @ ဆိုတဲ့ သင်္ကေတလေး Text Field ထဲမှာ ပေါ်မယ်။
အဲဒီ W-Key ကိုပဲ ဒီထက် ပိုကြာကြာ ဖိထားရင် W, @, ©, ® အစရှိသဖြင့်
ရွေးချယ်စရာ ၄ ခု ပေါ်လာမယ်။ ကြိုက်တာကို ရွေးပေါ့။ Symbol key
ကိုနှိပ်သွားရင် 123, ABC နဲ့ SYM ဆိုပြီး ပြောင်းသွားလိမ့်မယ်။ 123, ABC
ကို ရွေးရင် Text စာသားရိုက်ဖို့ A to Z character key တွေ ပေါ်လာမယ်။ အဲဒီ
Character Key တစ်ခုချင်းမှာလည်း အသုံးများ သင်္ကေတ တချို့နဲ့ ဂဏန်းတွေ
တွဲဖက်ပေးထားတယ်။ Key တစ်ခုချင်းမှာ ဘာတွေပါသလဲ သိချင်ရင်တော့
ကြာကြာဖိကြည့်။ အပေါ်ဘက် မြားပြထားတဲ့ Alt key ( ) ကို နှိပ်ပြီး
Capital Letter နဲ့ Small Letter လိုသ လို ပြောင်းနိုင်တယ်။
SYM ကို ရွေးရင် အသုံးများ သင်္ကေတ အစုံအလင်နဲ့ ဂဏန်းနံပါတ်တွေ ပေါ်လာမယ်။
Alt key ( ) ကို ထပ်နှိပ်လိုက်ရင် နောက်ထပ် သင်္ကေတ အသစ်တွေ
ထပ်ပေါ်လာမယ်။ Key တစ်ခုချင်းမှာ ဘယ်လိုသင်္ကေတတွေ ထပ်မံခွဲခြား ဖော်ပြထားတယ်
သိချင်ရင်တော့ ရှေ့မှာ ဖော်ပြခဲ့သလိုပဲ ကြာကြာဖိ (Touch & Hold)
ကြည့်ပေါ့။
Keyboard အနေအထား ပြောင်းချင်ရင်
(Change the Keyboard Orientation)
Display မျက်နှာပြင်ကျဉ်းတဲ့ ဖုန်းမှာ Onscreen Keyboard ကို အလျားလိုက်
အနေအထားသုံးကာ Key ကွက် အရွယ်အစား ပိုကြီးလာလို့ ပိုပြီးအဆင်ပြေတယ်။
ဒီလိုသုံးနိုင်အောင် Auto rotation ကို Activate လုပ်လိုက်ရင်ရပြီ။
ဖုန်းရဲ့ အလှည့်အစောင်း အနေအထားပေါ် မူတည်ပြီး အလျားလိုက်၊ ဒေါင်လိုက်
အလိုလိုပြောင်းသွားလိမ့်မယ်။
Keyboard ပေါ်က ဘာသာစကား ပြောင်းချင်ရင်
(Change the Keyboard Language)
Onscreen keyboard မှာ English အပြင် တခြား Language တွေ
ပြောင်းသုံးချင်တယ်ဆိုရင် Setting > Locate & Text ဆီကို အရင်သွား။
Select Input method ထဲက မိမိရွေးချယ်ထားတဲ့ Keypad setting ထဲဝင်ပြီး
Language ရွေးလိုက်။ အဲဒါဆို ပြောင်းလဲ အသုံးပြုနိုင်မယ့် Language တွေကို
ပြထားတယ်။ အဲဒီထဲက လိုရာ ဘာသာစကား တစ်ခုကို ရွေးလိုက်ပေါ့။
စကားသံနဲ့ စာရိုက်သွင်းနည်း
(Entering text by speaking)
လူတစ်ယောက်ရဲ့ စကားသံ၊ လေသံ၊ အသံပုံရိပ်ကို သရုပ်ခွဲ နားလည်နိုင်ဖို့
Voice-recognition နည်းပညာ အသုံးချထားတဲ့ စမ်းသပ်နေဆဲ Feature တစ်ခု
ဖြစ်ပါတယ်။ Google's speech-recognition service နဲ့ ချိတ်ဆက်ပြီး Data
Connection လုပ်ရမှာ ဖြစ်တာကြောင့် Mobile Network ဒါမှမဟုတ် Wi-Fi Network
တွေကနေ အင်တာနက် ချိတ်ဆက်ထားဖို့ လိုပါတယ်။ စကားသံနဲ့ စာရိုက်သွင်းဖို့
အရင်ဦးဆုံး လုပ်ဆောင်ရမှာကတော့ Setting > Voice input and output >
Voice recognition settings > Language အဆင့်ဆင့်သွားလိုက်။ အဲဒါဆို
ရွေးချယ်စရာ ဘာသာစကားတွေ တစ်သီကြီး ပေါ်လာမယ်။ အဲဒီထဲကကြိုက်တဲ့ Language
တစ်ခုကို ရွေးလိုက်။ Text Field ကို Touch လုပ်လိုက်။ ပေါ်လာတဲ့ Onscreen
keyboard ပေါ်က Microphone Key ( ) ကို နှိပ်လိုက်။ Speak now လို့
ပေါ်လာရင် Text by speaking လုပ်လို့ ရပြီ။ စကားသံကို ဖြည်းဖြည်းနဲ့မှန်မှန် ခေါ်ပေး။ စကားသံ ခဏရပ်ချိန်မှာ Google's
speech-recognition service ကနေ စကားသံတွေကို ခွဲခြမ်းစိတ်ဖြာပြီး
Transcribed လုပ်ပြီး Text ထဲမှာ Underlined တားထားတဲ့ Text စာသားတွေအဖြစ်
ပေါ်လာမယ်။ မှားရင် Delete လုပ်။ လိုတဲ့နေရာမှာ ပြင်ဆင် တည်းဖြတ်။ မှန်ရင်
ဆက်လုပ်။
0 comments:
Post a Comment