လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

လာမည့်နှစ်တွင် 1080p ဖုန်းများကို Samsung နှင့် LG ထုတ်လုပ်မည်

Posted by Unknown Tuesday, November 6, 2012 0 comments


iPhone 5 ၏  Retina Display ထက် pixel သိပ်သည်းဆ ပိုမိုများပြားသော 1080p စမတ်ဖုန်းများကို Samsung နှင့် LG ကုမ္ပဏီတို့က ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်  မိတ်ဆက်မည်ဖြစ်ကြောင်း ကိုရီးယား သတင်းဌာနတစ်ခု၏ အဆိုအရ သိရသည်။ Samsung  Electronics နှင့် LG Electronics တို့သည် ၎င်းတို့၏ စမတ်ဖုန်းများအတွက် display အရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၃ ခုနှစ် ပထမနှစ်ဝက်တွင် 1080p high-resolution display များကို ၎င်း၏ စမတ်ဖုန်းများတွင် ပြောင်းလဲတပ်ဆင် ထုတ်လုပ်မည် ဖြစ်ကြောင်း MK News သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ စမတ်ဖုန်းကုမ္ပဏီကြီး နှစ်ခုစလုံးသည် အသစ်ထွက်ပေါ်လာမည့် display များကို 400ppi (pixels per inch) ကျော်ဖြင့် ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြပြီး full  HD display တစ်ခု၏ ပုံသေ resolution မှာ 440ppi ဖြစ်သည်။ လက်ရှိတွင် Samsung ကုမ္ပဏီ၏ resolution အမြင့်ဆုံး display မှာ Galaxy Nexus တွင် တပ်ဆင်ထားသည့် display  ဖြစ်ပြီး resolution 316ppi ရှိသည်။ LG မှ ၅ လက်မအရွယ် 440ppi display တစ်မျိုးကို အစောပိုင်းကပင် ထုတ်လုပ်လျက်ရှိပြီး Samsung ကုမ္ပဏီအနေဖြင့်လည်း ၎င်း၏ ကိုယ်ပိုင် display စီးပွားရေးလုပ်ငန်းမှနေ၍ 1080p display များ မှာယူရန် စီစဉ်လျက်ရှိသည်။ HTC ကုမ္ပဏီမှ မကြာသေးမီက မိတ်ဆက်ပေးလိုက်သည့် J Butterfly စမတ်ဖုန်းတွင် 440ppi full 1080p display တပ်ဆင် ထုတ်လုပ်ထားသည်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page