လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဇော်ဂျီနှင့် ယူနီကုဒ်များကို မိုဘိုင်း Firefox ပေါ်တွင် Font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်တော့မည်

Posted by Unknown Tuesday, November 6, 2012 0 comments













မိုဘိုင်း Firefox တွင် ဇော်ဂျီနှင့် ယူနီကုဒ် Font များကို Font ထည့်သွင်းစရာမလိုဘဲ ဖတ် ရှုနိုင်တော့မည်ဖြစ်ကြောင်း  သတင်းရရှိသည်။ အဆိုပါ ဇော်ဂျီနှင့် ယူနီကုဒ် Font များကို မိုဘိုင်း Firefox ပေါ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည့် Tagu (တန်ခူး) ကို မြန်မာ Developer တစ်ဦးဖြစ်သူ ကိုထိန်လင်းရွှေက ရေးဆွဲထားခြင်း ဖြစ်သည်။ အဆိုပါ Tagu  ဆော့ဖ်ဝဲကို မကြာမီ အချိန်အတွင်း အသုံးပြုနိုင်အောင်  ဖြန့်ချိပေးမည်ဖြစ်ပြီး သုံးစွဲသူကိုယ်တိုင် မိုဘိုင်းအတွက် Compile လုပ်ပြီး  သုံးစွဲနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းပေါ်တွင် Tagu ကို Compile လုပ်ပြီး သုံးစွဲလိုသူများအနေဖြင့် Firefox add-on Source Code ကို https://github.com/saturngod/Tagu-firefox  ပေါ်တွင် ရယူ သုံးစွဲနိုင်သည်။  မြန်မာ Developer ကိုထိန်လင်းရွှေအနေဖြင့် လက်ရှိအချိန်တွင် Desktop Browser များအတွက် Tagu ကို https://chrom.google.com/webstore နှင့် https://addons.mozilla.org တို့တွင် အခမဲ့ ရယူအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။ ထို့အပြင် Chrome Browser အတွက် Source  Code ကို https://github.com/saturngod/Tagu-Chrome ပေါ်တွင် တင်ပေးထားသည်။  ယင်းသည် Massachusetts Institute of Technology (MIT) ၏ အခမဲ့ Software လိုင်စင်တစ်ခုဖြစ်သည့် အသုံးပြုလိုသူတိုင်း လွတ်လပ်စွာ အသုံးပြုနိုင်သည်။

(ယုဇနကိုကို)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page