လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Android 4.0 Mini PC

Posted by Unknown Wednesday, November 7, 2012 0 comments


Android OS ကို TV ပေါ်မှာ အသုံးပြုနိုင်မယ့် Android Mini PC အမှတ်တံဆိပ်  MK802 မော်ဒယ် Mini Android TV Box ဖြစ်ပါတယ်။  Android application နဲ့ ဂိမ်းတွေကို TV ပေါ်မှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ဗီဒီယိုနဲ့ သီချင်းတွေကိုလည်း ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။ Android OS 4.0 ကို အသုံးပြုနိုင်မှာဖြစ်ပြီး 1.5GHz အမြန်နှုန်းရှိတဲ့ Cortex- A8 processor ကို ထည့်သွင်း အသုံးပြုထားတယ်လို့ သိရပါတယ်။ Memroy အနေနဲ့ 1GB (RAM)၊ 4GB (ROM) ပါရှိပြီး သိုလှောင်မှုအတွက် Micro TF Card slot ပါဝင်ကာ 32GB အထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ TV ရဲ့ HDMI ပေါက်နဲ့ ချိတ်ဆက်ကာ အသုံးပြုရမှာဖြစ်ပြီး Micro 5 pin USB/ USB 2.0 ပေါက် ပါဝင်တဲ့အတွက် မောက်စ်နဲ့ချိတ်ဆက်ကာ ဂိမ်းတွေကို ဆော့ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် WiFi စနစ် အထောက်အပံ့ ပါဝင်တဲ့အတွက် အင်တာနက်ကို ကြိုးမဲ့အနေနဲ့ ချိတ်ဆက်ကာ YouTube, Twitter, Skype, Gmail, Browse စတာတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်ပေါ့ပါးပြီး အလွယ်တကူ သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလိုသူများ အနေဖြင့် ဖုန်း ၃၈၀၅၃၆ နှင့် ၀၉- ၈၆၂၂၇၄၄ သို့ဆက် သွယ်စုံစမ်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

(သူရ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page