လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Android OS Setting စနစ်များ အသုံးပြုခြင်း

Posted by Unknown Wednesday, November 14, 2012 0 comments

ယခုဖော်ပြပေးမှာကတော့ Language & Keyboard ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Language & Keyboard ဆိုတဲ့စနစ်ထဲမှာတော့ Select Language, Select Input Method အစရှိတဲ့စနစ်တွေ ပါဝင်ပါတယ်။ ပထမဆုံး အနေနဲ့ Select Language ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါမယ်။ Select Language ဆိုတဲ့ထဲမှာတော့ ဖုန်းထဲမှာ အသုံးပြုမယ့် ဘာသာစကားတွေနဲ့ ကီးဘုတ်မှာ အသုံးပြုမယ့် ဘာသာ စကားတွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Select Input Method ဆိုတဲ့ထဲမှာတော့ ကိုယ်အသုံးပြုမယ့် ကီးဘုတ်စနစ်တွေကို ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုကတော့ Accessibility ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ Accessibility, Talkback, The Power Key Ends Calls ဆိုတဲ့စနစ်တွေ ပါဝင်ပါတယ်။ Accessibility ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာ ကိုယ်ထည့်သွင်း မှတ်သား ထားတဲ့ Credit ကတ်နံပါတ်တွေ၊ Password တွေ အစရှိတဲ့ ကိုယ်မှတ်သားထားတဲ့ အရာတွေအားလုံးကို လိုအပ်တဲ့အချိန်မှာ ထုတ်ပေးနိုင်ဖို့အတွက် မှတ်သားထားပေးမှာ ဖြစ်ပါတယ်။
Accessibility ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ အဲဒီနေရာလေးမှာ အမှတ်အသားလေး လုပ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ နောက်ထပ်စနစ် တစ်ခုကတော့ Talkback ဆိုတဲ့စနစ်ကလည်း Accessibility စနစ်နဲ့အတူ တွဲဖက် အသုံးပြုနိုင်မယ့် စနစ်ပဲ ဖြစ်ပါတယ်။ သူကလည်း အသုံးပြုနိုင်မယ့် စနစ်က အတူတူပဲ ဖြစ်ပါတယ်။ Accessibility Service ကနေ မှတ်သားပေးထားတဲ့ အရာတွေကို ပြန်လည် ထုတ်နုတ်ပေးမယ့် နေရာ ဖြစ်ပါတယ်။ ဒီစနစ်ကိုလည်း အသုံးပြုမယ်ဆိုရင် သူ့နေရာမှာ အမှတ်ကလေး ပြုလုပ်ပေးထားလိုက်ရုံပါပဲ။ The Power Key End Calls ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ပါဝါခလုတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းရဲ့ Screen ပိတ်သွားတဲ့အပြင် ဖုန်းခေါ်ဆိုခြင်းကိုလည်း ပိတ်လိုက်မှာ ဖြစ်ပါမယ်။ ဖုန်းပြောဆိုခြင်းကို ရပ်တန့်ပြီး ဖုန်းချချင်တယ်ဆိုရင် ပါဝါခလုတ်ကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း ဖုန်းကိုချပေးမယ့် စနစ်လည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝါခလုတ်ကို နှိပ်လိုက်တဲ့ အချိန်မှာ ဖုန်းပြောဆိုခြင်းကို အရင်ဆုံး ရပ်တန့်ပြီး ဖုန်းကို အရင်ချပေးပြီးမှ Screen ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ တစ်ပြိုင်တည်း မဟုတ်ပါဘူး။ ဖုန်းကျသွားပြီးမှ Screen ပိတ်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းမှာပါဝင်တဲ့ Accelerometer Sensor, Gyro Sensor အစရှိတဲ့ Sensor စနစ်တွေပေါ်မှာ အခြေခံပြီး ဒီ Sensor စနစ်တွေကနေ ဖုန်းကို တိုက်ရိုက်ချပေးမှာ ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုကတော့ Date & Time ဆိုတဲ့ စနစ်ပါပဲ။ ဒီထဲမှာတော့ Autometic, Set Date, Set Time Zone, Set Time, Use 24 Hour Format, Select Date Format အစရှိတဲ့ စနစ်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Automatic ဆိုတာကတော့ အချိန်တွေကို အလိုအလျောက် စနစ်နဲ့ပဲ ထားမယ်လို့ သတ်မှတ်တဲ့ သဘောပါပဲ။
Set Date ဆိုတာကတော့ ကိုယ့်ဖုန်းရဲ့ နေ့ရက်တွေကို တိုက်ညှိနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Set Time Zone ဆိုတာကတော့ ကိုယ်က ဘယ်နိုင်ငံရဲ့ အချိန်စနစ်ကို အသုံးပြုမယ် ဆိုတာကို ရွေးချယ်တဲ့နေရာ ပဲ ဖြစ်ပါတယ်။ SetTime ဆိုတာကတော့ ဖုန်းရဲ့အချိန်ကို တိုက်ညှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ Use 24 Hour Format ဆိုတာကတော့ ဖုန်းမှာ အသုံးပြုထားတဲ့ နာရီစနစ်ကို ၁၂ နာရီစနစ်နဲ့ အသုံးပြုမှာလား၊ ဒါမှမဟုတ် ၂၄ နာရီစနစ်နဲ့ အသုံးပြုမှာလား ဆိုတာကို ရွေးချယ်နိုင်မယ့် နေရာဖြစ်ပါတယ်။ ၂၄ နာရီစနစ် ဆိုတာ ကတော့ နေ့လယ် ၁၂ နာရီပြီးတဲ့အချိန်မှာ ၁ နာရီမဖြစ်ဘဲ ၁၃ နာရီ ၁၄ နာရီ အစရှိသဖြင့် တစ်နေ့စာ အပြည့် ၂၄ နာရီပြသမယ့် စနစ်ပဲ ဖြစ်ပါတယ်။ Set Date Format ဆိုတာကတော့ ဖုန်းမှာပေါ်တဲ့ Date စနစ်တွေမှာ နေ့စွဲကို ရှေ့ကပေါ်မယ်၊ လကို အလယ်က ပေါ်မယ်၊ နှစ်ကို နောက်ကပေါ်မယ် ဒါမှမဟုတ်လည်း ကိုယ်က နှစ်ကိုရှေ့ဆုံးမှာ ဖော်ပြချင်တယ်ဆို အစရှိသဖြင့် ကိုယ်အသုံးပြုချင်တဲ့ ပုံစံအတိုင်း ရွေးချယ် အသုံးပြုနိုင်မယ့် နေရာပဲ ဖြစ်ပါတယ်။ နောက်ဆုံးစနစ်တစ်ခုကတော့ About Phone ဆိုတဲ့ စနစ်ပါပဲ။ ဒီစနစ်ထဲမှာတော့ ဖုန်းတစ်ခုလုံးရဲ့ အချက်အလက်တွေကို စုစည်း ဖော်ပြထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ Firmware Version, IMEI နံပါတ်၊ ဖုန်းမော်ဒယ်နံပါတ်၊ Software Update အစရှိတဲ့ အချက် အလက်တွေကို စုစည်း ဖော်ပြပေးထားတဲ့ နေရာပဲ ဖြစ်ပါတယ်။

ကိုသက်

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page