လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

လေ့လာသူတွေအကြိုက် ဝက်ဘ်ဆိုက်များ

Posted by Unknown Wednesday, November 14, 2012 0 comments

အင်တာနက်ဆို လူတချို့အတွက် လေ့လာစရာတွေ မကုန်ခန်းနိုင်တဲ့ နည်းပညာ ပဒေသာ ပင်ကြီး လို့ ခေါ်ဆိုနိုင်သလို  အသုံးမချတတ်တဲ့ သူတွေအတွက်တော့ အချိန်တွေသာ ကုန်ဆုံးသွားတယ် ဘာမှ မရလိုက်ပါဘူး။ ဒါဟာ အွန်လိုင်းမှာ လေ့လာစရာ ဝက်ဘ်ဆိုက်တွေကို အသေးစိတ် မရှာဖွေနိုင်လို့ပါ။ အင်တာနက် အသုံးပြုတဲ့သူတွေ အကျိုးရှိစွာ အသုံးချနိုင်စေဖို့အတွက် ဟစ်ဟော့ဂီတ သတင်းတွေကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် ဓာတ်ပုံ၊ သတင်း စုံလင်စွာ ဖော်ပြပေးတဲ့ ဝက်ဘ်ဆိုက်တွေ အပြင် ဘောလုံးအားကစားကို ဝါသနာပါသူတွေအတွက် ဘောလုံးသတင်းများကို လေ့လာသူတွေအကြိုက် ဝက်ဘ်ဆိုက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

http://www.hiphopdx.com
ယနေ့အချိန်မှာ လူငယ်တွေကို ဘယ်လို တေးသီချင်းတွေကို နားထောင်နေသလဲဆိုရင် Hip Hop နဲ့ R&B အဓိကထား နားထောင်တဲ့သူတွေ များပါတယ်။ အဲဒီအတွက် ဟစ်ဟော့စတိုင်လ်၊ ယဉ်ကျေးမှုပုံစံတွေအပြင် Rap သီချင်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ နောက်ဆုံးထွက် အယ်လ်ဘမ်တွေ၊ ဗီဒီယိုတွေ၊ ပါတီပွဲတွေက R&B အဆိုတော်၊ ဟစ်ဟော့ အဆိုတော်တွေရဲ့ ဓာတ်ပုံသတင်းတွေကို စုံစုံလင်လင် ဖော်ပြပေးနိုင်တဲ့ ဝက်ဘ်ဆိုက်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။ ဟစ်ဟော့ဂီတဆိုင်ရာ Music, Video, Audio ကဏ္ဍတွေပါရှိလို့ ဟစ်ဟော့ဂီတနဲ့ စီးမျောချင်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် ဝက်ဘ်ဆိုက်လေးပါ။

http://www.myanmarmp3album.com
မြန်မာသီချင်းများကို စုံစုံလင်လင် အခမဲ့ Download ဆွဲ၍ရအောင် တင်ထားပေးပါတယ်။ နောက်ဆုံးပေါ် သီချင်းများသာမက မကြာသေးခင်က သီချင်းများကိုပါ ရယူနိုင်ပါတယ်။ Download Link အများစုဟာ Broken တို့ Expired ဖြစ်နေတတ်ပေမယ့် အဲ့လိုမျိုး မဖြစ်စေရအောင် သေချာစွာ စီစဉ်ပေးထားပါတယ်။ Search Option တောင်ပါသေးပါတယ်။ သီချင်းကောင်းတွေ အတော်တော်များများ ရှိတဲ့အတွက် တခြားသော Site များနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ သာနေတာကို တွေ့ရပါလိမ့်မယ်။ သီချင်းတွေကို တစ်ပုဒ်ချင်းစီ Download လုပ်မရဘဲ Album တစ်ခုလုံးကိုပါ Download လုပ်ရတော့ နည်းနည်းတော့ ကြန့်ကြာနိုင်ပါတယ်။ Connection ကောင်းရရင်တော့ စိတ်ကြိုက် Download ပြုလုပ်နိုင်ပါလိမ့်မယ်။

http://www.cartooncottage.com
ကာတွန်းရေးဆွဲတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သူတွေ သာမက ဝါသနာပါလို့ လေ့လာ လိုသူတွေအတွက် အွန်လိုင်းမှာ လေ့လာစရာ ဝက်ဘ်ဆိုက်တွေ အတော်များပါတယ်။ ဒီဝက်ဘ်ဆိုက်လေး မှာတော့ ကာတွန်းရုပ်ပုံလေးတွေကို Free ရယူခွင့် ပေးထားပြီး စိတ်လှုပ်ရှား ပျော်ရွှင်စရာ Animation ရုပ်ပုံအတော်များများကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Flash animation ရုပ်ပုံတွေကို အဓိက တင်ထားပေးတယ်လို့ ဆိုနိုင်ပြီး တခြား ကာတွန်း ရုပ်ပုံလေးတွေကိုလည်း Free ရယူနိုင်ပါသေးတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကောင်းကွက် တစ်ခုကတော့ ကိုယ်ပိုင်ဘလော့တွေ ရှိတယ်ဆိုရင် ဝက်ဘ်ဆိုက်ကနေ Animation ရုပ်ပုံတွေကို ရယူပြီး မိမိရဲ့ကိုယ်ပိုင်ဆိုက်မှာ တင်ထားနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ် တိုင်ပြုလုပ်ထားတဲ့ ကာတွန်းပုံလေးတွေ တင်ပေးနိုင်ပါသေးတယ်။

http://www.soccermyanmar.com
အားကစားဝါသနာပါတဲ့ သူတွေအတွက် ဘောလုံးသတင်းတွေကို ဖတ်ရှုနိုင်မယ့် နေရာလေးပဲ ဖြစ်ပါ တယ်။ မြန်မာပြည် ပရိသတ်တွေ မလွတ်တမ်း စောင့်ကြည့်နေရတဲ့ ပရီးမီးယားလိဂ် ကစားသ မားတွေရဲ့အကြောင်းကို ရေးသားပေးထားတဲ့ နေရာလေး ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးသတင်းများ သာမက ပြည်တွင်း မြန်မာနေရှင်နယ်လိဂ် အသင်းများ၏ အကြောင်းကိုပါ ဖတ်ရှုစေနိုင်မည် ဖြစ်သည်။ ညပိုင်း ဘောလုံးပွဲများကြောင့် အိပ်ရေးပျက် မခံချင်သူများအတွက်လည်း ညဥ့်နက်ပိုင်းကန်သော ဘောလုံး ပွဲများ၏ အဖြေကို မနက်ပိုင်း သိရှိနိုင်အောင်ပါ အသစ်သစ်သော တင်ဆက်မှုများဖြင့် အွန်လိုင်း အားကစား ပရိသတ်များ အကြိုက်တွေ့နေသော မြန်မာဘောလုံး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

http://www.picassomio.com
Picassomio ဝက်ဘ်ဆိုက်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားက ပန်းချီကား လက်ရာတွေကို ဝယ်ယူစုဆောင်းပြီး တစ်ဆင့် ပြန်ရောင်းချတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ယင်းဝက်ဘ်ဆိုက်မှာ ကမ္ဘာ့ထိပ်သီး ပန်းချီကားများစွာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် စတိုင်များစွာကို ခွဲခြားထားပြီး နိုင်ငံအလိုက်မှာ အကောင်းဆုံးသော ပန်းချီကားတွေကို ရှာဖွေနိုင်ပါတယ်။ Picassomic ဝက်ဘ်ဆိုက်ဟာ ပန်းချီချစ်သူများနှင့် ခေတ်စားလာသော မော်ဒန် Art ရေစီးတွင် အမီလိုက်လိုသူတွေ ကြည့်ရှုသင့်တဲ့ ဝက်ဘ်ဆိုက်ကောင်းလေး တစ်ခုပါ။ နာမည်ကျော် ပန်းချီကားတွေကို ကြည့်ရှုရတာ ဝါသနာပါတဲ့ သူတွေအတွက်တော့ မဝယ်ယူနိုင်ရင်တောင် လေ့လာသင့်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page