လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Windows Phone 8 သတင်း

Posted by Unknown Wednesday, November 14, 2012 0 comments

မိုက်ကရိုဆော့ဖ်က ထုတ်တဲ့ Windwos Phone OS ဟာ ထွက်ပေါ်လာစဉ်က အားလုံး မျှော်လင့်ခဲ့သလို မိုဘိုင်းဈေးကွက်ထဲ ရှိပြီးသား iOS နဲ့ Android တို့လို ထိပ်တန်း OS တွေကို အလဲထိုးနိုင်စွမ်း မရှိတာ တွေ့ခဲ့ရပါတယ်။  ဒါပေမဲ့ မကြာမီကပဲ မိုက်ကရိုဆော့ဖ်ဘက်ကနေ ပေါက်ကြားလာတဲ့ သတင်းတစ်ပုဒ် အရတော့ Windows 7 လိုမျိုးဖြစ်လာမယ့်၊ Windows Phone 8 ဟာ ဘယ် လိုဖြစ်လာမလဲ။ လက်ရှိ ထွက်ပြီးသား Windows Phone 7.5 ခေါ် Mango ကို ကျော်နိုင်မလား သိချင်ကြမှာပါပဲ။ Pocket now ဘလော့ဂ်က ဖော်ပြတဲ့ ကျွမ်းကျင်သူပညာရှင် ပေါလ်သာရော့တ်ကတော့ အဲဒီ Windows Phone 8 ကို အပိုလို Apollo လို့ နာမည်ပေးထားကြောင်း ဆိုပါတယ်။ VoIP app တစ်ခုဖြစ်တဲ့ Targo ကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ နည်းပညာ အရာရှိချုပ် အဲရစ်ဆတ်ဇန်ကတော့ မိုက်ကရိုဆော့ဖ်ရဲ့ မကြာခင်လာတော့မယ့် Apollo ဗားရှင်းဟာ Mango မှာ မကျော်ဖြတ်ချင်တဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ Wired မဂ္ဂဇင်းကို ပြောထားပါတယ်။ Mango ကို ပြီးခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလမှာ ဖြန့်ချိခဲ့တယ်။ Feature အသစ်တွေလည်း ပါဝင်ခဲ့တာပါပဲ။ ဥပမာ built-in social media နဲ့ chatting tools တွေ၊ multitasking လုပ်ဆောင်ချက်တွေ ပါခဲ့တာပါ။ အခုလာမယ့် အပိုလို Apollo OS ကိုတော့ ဒီနှစ်လယ်ပိုင်း ဖြန့်ချိဖြစ်မယ် သတင်းပြေးနေပါတယ်။

ဒီအချိန်မှာ မိုက်ကရိုဆော့ဖ်ဘက်ကလည်း သတင်းပေါက်တဲ့ ကိစ္စရဲ့ တိကျမှုရှိ၊ မရှိကို ဘာမှမပြောပေမယ့် ကုမ္ပဏီရဲ့ OS တွေ ဖန်တီးရေး စီမံကိန်းအားလုံးကိုတော့ ခြုံငုံပြေားထားတာ ရှိပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ “စမတ်ဖုန်းတွေဟာ ပိုပြီး ကောင်းလာသင့်ပါတယ်။ တကယ်လို့နော် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ရင် တကယ်ကောင်းတဲ့ ဖုန်းဆိုတာမျိုးကတော့ သူငယ်ချင်းတစ်ဦးစီ၊ ဒါမှမဟုတ် Facebook ဆိုက်စီကို ကိုယ့်ဓာတ်ပုံကို လွယ်လွယ်ကူကူ share လုပ် ဝေမျှနိုင်တာမျိုးပဲ ဖြစ်ရပါမယ်။ Windows OS သုံးဖုန်းတွေမှာ ဒီလိုလုပ်ဆောင်ချက်တွေကို built-in ထည့်ထားပြီးသား ဖြစ်ပါတယ်။ အဲဒါကို ပိုကောင်းအောင်လုပ်ဖို့  နည်းလမ်းတွေလည်း အမြဲရှိနေဦးမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

Hardware Support ပိုင်း Windows ဖုန်းတွေက single-core processor တွေနဲ့ အလုပ်လုပ်ဖို့ ကန့်သတ်ထားတာပါ။ ပြီးတော့ storage ပမာဏကို မြှင့်တင်ပေးနိုင်မယ့် အထောက်အပံ့ပိုင်း အားနည်းတယ်။ ဒါပေမဲ့ မကြာခင် ပေါ်ထွက်လာဖွယ်ရှိတဲ့ Apollo ကတော့ multi-core processor တွေကို support လုပ်နိုင်သလို micro SD ကတ် သိုလှောင်မှုတွေကိုလည်း ထောက်ပံ့ပေးနိုင်မှာပါ။ အခုဆိုရင် Apple ရဲ့ iOS device တွေမှာ dual-core processor တွေ သုံးထားတာမို့ Windows ဖုန်းတွေမှာလည်း ခေတ်မီချင်ရင် multi-core processor တွေ သုံးဖို့များပါတယ်။ နောက်ထပ် ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Google ရဲ့ Android OS ဟာလည်း မနှစ်က ထွက်တဲ့ Android 3.0 (Honeycomb) ဗားရှင်းမှာဆို multi-core device တွေကို ထောက်ပံ့ပေးနိုင်တာ တွေ့လာရတယ်။ ဒီတော့ Apollo ကလည်း ပိုကောင်းအောင် လုပ်ရမှာပါ။

Desktop Integration
Windows Phone 8 Apollo မှာ ၎င်းရဲ့ တွဲဖက် desktop ဗားရှင်းဖြစ်တဲ့ Windows 8 OS နဲ့ တွဲဖက်နိုင်မယ့် အတွေ့အကြုံတွေပေးဖို့ ရှိပါတယ်။ Windows 8 ကတော့ ဒီနှစ်လယ်ထဲ ဖြန့်ဖြစ်ဖို့ များတယ် ပြောပါတယ်။ လက်ရှိမှာ Apple ကပဲ ထုတ်တဲ့ PC ဗားရှင်း Mac OS နဲ့ မိုဘိုင်း device တွေမှာ သုံးတဲ့ iOS တို့ဟာ သီးခြားစီ ခွဲထားတဲ့ code base တွေ၊ platform တွေနဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ Apollo မှာတော့ OS အားလုံးရဲ့ ပေါင်းစပ်နိုင်မှုကို တွေ့ရဖို့ ရှိတယ်လို့ မှန်းနေကြပါတယ်။ Windows  Phone  8 ဟာ Windows 8 နဲ့ နီးနီးစပ်စပ် ရှိမှာမို့ desktop မှာသုံးတဲ့ application တော်တော်များများကို ဖုန်းဗားရှင်းအဖြစ် လွယ်လွယ်ပြောင်းသုံးလို့ ရနိုင်လာပါလိမ့်မယ်။

App တွေပါလာဦးမယ်
မိုက်ကရိုဆော့ဖ်ဟာ Windows Phone 8 တွေကို ဒီနှစ်လယ်၊ နှစ်ကုန်မှာ ဖြန့်ဖြစ်ရင် သူ့ရဲ့ app ဈေးကွက် ထဲကို အနည်းဆုံး Application ဆော့ဖ်ဝဲ ၁၀၀,၀၀၀ လောက် ထည့်သွင်းထားဖို့ စီစဉ်နေပါတယ်။ ဒါက ပြိုင်ဖက်တွေရဲ့ app store တွေနဲ့ ယှဉ်ဖို့ ကြိုပြင်ထားတဲ့ ခြေလှမ်းပါ။ အဲဒီအချိန်မှာတော့ iOS app store မှာ app ပေါင်း ၅၅၀,၀၀၀ ကျော်ရှိကာ၊ Android  ဈေးကွက်ထဲမှာတော့ app ပေါင်း ၇၅၀,၀၀၀ ခန့် ရှိနေပါပြီ။ Apollo OS မှာ Food-spotting app လို့ခေါ်မယ့် စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကို စာရင်းပြုစု ရှာဖွေနိုင်မယ့် ဆော့ဖ်ဝဲတွေ ပါလာမှာပါ။ နောက်တစ်ခုပါမှာက Windows ရဲ့ ကိုယ်ပိုင် Skype app ဖြစ်မယ်။ နောက်ဆုံးတစ်ခုကတော့ lens app လို့ခေါ်တဲ့ စမတ်ဖုန်းတွေရဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုတွေမှာ ပုံရိပ်ဖမ်းယူအား ပိုကောင်းအောင်လုပ်ပေးမယ့် app တွေပါပဲ။

Data Management ပိုင်း
Apollo မှာ Data Smart လို့ခေါ်တဲ့ tool တစ်ခုပါမယ်။ အဲဒါက သင့်ရဲ့လစဉ် ဒေတာသုံးစွဲမှုကို လွယ်ကူ စွာ ခြေရာခံနိုင်အောင် ကူညီပေးမယ်။ ဥပမာ ကိုယ် download ချနေတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မှန်ကန်အောင် ကူညီပေးနိုင်ပြီး ကိုယ့်ရဲ့ဒေတာသုံးစွဲမှုကို ချိန်ညှိပေးနိုင်တာမျိုးပါ။ Apollo ရဲ့ Data management ပိုင်းဟာ Android 4 ခေါ် Ice Cream Sandwich OS ထက်လည်း ပိုကောင်းပါမယ်။ Built-in data usage app ထည့်ထားလို့ ကိုယ့်ရဲ့ဒေတာ သုံးစွဲမှုနှုန်းကို ထိန်းချုပ်နိုင်ပါတယ်။

ခြုံငုံအကဲဖြတ်ချက်
ခြုံငုံပြောရရင်တော့ အခုသတင်းပေါက်ကြားမှုအရ ဖော်ပြချက်များဟာ တကယ်လည်း အပြည့် အဝ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမဲ့ မိုက်ကရိုဆော့ဖ်ဟာ သူ့သမိုင်းမှာ OS တစ်ခုချင်းကို အဆင့်မြှင့်တင်လာပြီး၊ ပိုကောင်းအောင်၊ စမတ်ကျနအောင် လုပ်နိုင်လာခဲ့တယ်။ ဒါကြောင့် တကယ်ထွက်လာတော့မှ Windows Phone 8 ခေါ် Apollo OS ဟာ ဘယ်လိုဆိုတာ သိရမှာ ဖြစ်ပေမဲ့ ပိုကောင်းမှာလို့ လူတိုင်းကတော့ ထင်နေကြတာပါ။                    

How Windows Phone 8 'Apollo' Would Stack Up Against iOS 5, Android 4

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page