လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

CPU : Ivy Bridge or Trinity

Posted by Unknown Wednesday, November 14, 2012 0 comments

အခု ဒီနှစ်ထဲထုတ်လာတဲ့ laptop, desktop တွေဟာ Intel ရဲ့ တတိယမျိုးဆက် Ivy Bridge processor တွေနဲ့ ပွဲထုတ်လာတယ်။  Intel အပြောအရတော့ Sandy Bridge processor တွေထက် performance 40% ပိုသာမယ်လို့ ဆိုတယ်။ 22 nanometer fabrication process နဲ့ ထုတ်လုပ်ထားတဲ့ ပထမဆုံး processor တွေပေါ့။ transistor တွေ တည်ဆောက်ရာမှာ ယခင်သုံးနေကျ Planer design က ဖယ်ခွာပြီး Tri-Gate ဆိုတဲ့ three-dimensional insulation mechanism ကို အစားထိုး အသုံးပြုခဲ့တယ်။ 22nm process နဲ့ ဆိုတော့ transistor တစ်ခုချင်းရဲ့ surface area သေးသွားပေမယ့် heigth ကတော့ မြင့်တက်လာတယ်။ ဘေးဘောင်ကျဉ်းပြီး အပေါ်ကို မြင့်တက်လာတဲ့ သဘော။ Tri-Gate ရဲ့ အားသာချက်ကတော့ လျှပ်စစ်ယိုစိမ့်မှု အများကြီး လျော့ကျသွားစေတယ်။ ဗို့အား တိုးပေးစရာမလိုဘဲ performance ပိုတိုးလာတယ်။ constant performance level အနေအထားမှာ power draw လျော့ ချပေးနိုင်မယ်။ ဘက်ထရီအား ချွေတာရတဲ့ mobile devices တွေအတွက် အလွန်သင့်တော်တာပေါ့။ performance မြင့်မြင့်ရလာသလို ဘက်ထရီအား ချွေတာနိုင်ခြင်းဟာ ခဲတစ်ချက် တည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တဲ့သဘော။ နောက်ထပ် ကောင်းသတင်းကတော့ လက်ရှိ motherboard အတော်များများမှာ ဒီ CPU အသစ်ကို တပ်သုံးလို့ ရနိုင်ခြင်းပါပဲ။ ပထမဆုံးထွက်လာတဲ့ Ivy Bridge processor တွေကတော့ core 4 ခုပဲ ပါဦးမယ်။ လောလောဆယ်ဆယ်တော့ ဂိမ်းရူးတွေရဲ့လိုဘကို ဖြည့်ပေးဖို့ တစ်လောကမှ ထုတ်ထားတဲ့ core ၆ ခုပါ high-end sandy Bridge Extreme platform ကိုတော့ အစားထိုးနိုင်ဦးမှာ မဟုတ်ဘူး။ core 6 ခုနဲ့ အလုပ်လုပ်တယ် ဆိုပေမယ့် power saving အပိုင်းမှာကျတော့ အားနည်းချက်ရှိတယ်။ ဘက်ထရီအား မြန်မြန်ကုန်မယ်။

AMD Fine-Tunes Their Mainstream Offerings
Intel က သူ့ရဲ့ processor တွေကို power consumption အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေစဉ်မှာ AMD ကတော့ သူ့ရဲ့ Trinity series processor  အမျိုးအစားသစ်ကို performance boost တင်ပြီး ပွဲထုတ်လိုက်တယ်။ Trinity series processor တွေထဲက အမြင့်ဆုံးဖြစ်တဲ့ A10-5800k ဟာ ပုံမှန်အနေအထားမှာ clock rate 3.8GHz နဲ့ အလုပ်လုပ် မောင်းနှင်ပြီး Turbo boost တင်တဲ့ အနေအထားမှာ 4.2GHz အထိ တင်နိုင်တယ်။ ဒီလို clock rate မြင့်မားစွာ တင်နိုင်ခြင်းကလည်း Piledriver ဆိုတဲ့ architecture အသစ်နဲ့ တည်ဆောက်ထားလို့ပါ။ ပြီးခဲ့တဲ့နှစ်က ထွက်လာတဲ့ Bulldozer architecture ပေါ်မှာ ဆင့်တက်မွမ်းမံခဲ့တာ။ processor မှာပါတဲ့ core 2 ခုအနက် တစ်ခုချင်းကိုမတူတဲ့ specific tasks တွေ assigned လုပ်ဆောင်စေတာကြောင့် core တစ်ခုထက် ပုံသေအလုပ်လုပ်တဲ့ fixed module  တစ်ခုနဲ့ ပိုဆင်တူတယ်။ အားနည်းချက် ရှိပေမယ့် module တစ်ခုချင်းကို ထိထိရောက်ရောက် ခိုင်းစားနိုင်တာကြောင့် complete cores 2 ခုထက် စွမ်းဆောင်အား နည်းနည်း ပိုကောင်းတယ်။ CPU performance  အပိုင်းမှာ Intel Ivy Bridge နဲ့ တန်းတူနီးပါး ဆိုပေမယ့် GPU performance အပိုင်းမှာကျတော့ ပိုပြီးသာတယ်။ သူ့မှာတစ်တွဲတည်းပါလာတဲ့ integrated graphics core က သူအောင်မြင်ခဲ့တဲ့ AMD Radeon Line က နည်းပညာတွေ သုံးထားတာကြောင့်ပါ။ Piledriver-based chips တွေဟာ သူ့အရင်ထွက်ခဲ့တဲ့ AMD liano ထက် CPU performance မှာ 15% ပိုသာပြီး GPU performance မှာ 30% ပိုသာပါတယ်။ desktop computer တွေအတွက် power consumption များတာက အကြောင်းမဟုတ်ပေမယ့် laptop တွေ အတွက်ကတော့ အကြောင်းဟုတ်နေတယ်။ Trinity processor အသစ်က power consumption 125 Watts ရှိချိန်မှာ Ivy Bridge processor တွေက 77 watts ဝန်းကျင်ပဲ ရှိတယ်။ Intel အနေနဲ့ Tri-Gate transistor နဲ့ 22nm process ကနေ ဒီလို power စားသက်သာတဲ့ processor တွေ ထုတ်လုပ်နိုင်ခဲ့ခြင်းပါ။ ၂၀၁၂ ခုနှစ်ထဲမှာတော့ ပါးပါးလျလျ ကျစ်ကျစ် လျစ်လျစ် performance ကောင်းကောင်း၊ ဘက်ထရီပါဝါ ကြာကြာခံတဲ့ Laptop တွေရဲ့ ရွေးချယ်ခံစရာ processor တွေ ဖြစ်လာရေးအတွက် သူတို့တွေ အစွမ်းကုန် ယှဉ်ပြိုင်ကြဦးမှာပါ။

RAM: More Performance With Each Cycle
ရှေ့လာမယ့် ၂ နှစ် အတောအတွင်း DDR4 desktop memory ပေါ်ထွက်လာဖွယ် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။ ဘာတွေ ထူးလာမလဲ ဆိုတော့ clock rate မြင့်မြင့်နဲ့ အလုပ်လုပ်တာကြောင့် ပိုမြန်လာသလို power စားလည်းသက်သာသွားတယ်။ DDR3 RAM တောင် Standard ဖြစ်လာတာ သိပ်ကြာသေးတာ မဟုတ်ဘူး။ အခုတော့ DDR4 RAM လာတော့မယ်။ ဘယ်တော့ လာမယ်ဆိုတာကတော့ Intel နဲ့ AMD အပေါ်မှာ မူတည်နေတယ်။ သူတို့နှစ်ဦးစလုံး ဘယ်သူကမှ RAM modules မထုတ်လုပ်ဘူး။ သူတို့ တကယ်ထုတ်လုပ်တာက RAM modules ကို ကိုင်တွယ်စီမံခန့်ခွဲပေးတဲ့ controllers တွေကို ထုတ်လုပ်ပေးတာ။ RAM modules ကို ထိန်းချုပ်စီမံခန့်ခွဲတဲ့ controller အပေါ်မူတည်ပြီး အဲဒီ RAM memory ရဲ့ type and grade တွေ ကွဲပြားသွားရတာ။ လောလောဆယ်တော့ tech giants ကြီး နှစ်ဦးစလုံးကတော့ DDR3 ၌ ပျော်မွေ့နေကြပုံ ပေါ်ပါတယ်။ DDR4 ကိုတော့ ရှေ့ပြေး prototype လို့ သဘောထားပုံပါပဲ။ DDR4 ဟာ DDR3 ထက် အများကြီး ပိုမြန်လာမှာ ဖြစ်ပေမယ့် လက်ရှိ systems တွေ အနေနဲ့ DDR4 ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ဦးမှာ မဟုတ်ဘူး။ RAM modules တွေ ထုတ်လုပ်သူ Corsair ခန့်မှန်းတာကတော့ ၂၀၁၂ လွန်ပြီးမှပဲ DDR4 ကို  Server  ကွန်ပျူတာတွေရဲ့ RAM Standard အဖြစ် အသုံးပြုလာနိုင်တယ်တဲ့။ PC ကွန်ပျူတာတွေမှာ DDR4 ထည့်သွင်းလာနိုင်ဖို့ ကိစ္စကတော့ ၂၀၁၃ ခုနှစ်ထဲမှာ Intel က ထုတ်လုပ်တဲ့ မျိုးဆက်သစ် Haswell chips ထွက်လာတဲ့အထိ စောင့်ရလိမ့်မယ်။ လုံးဝပုံစံအသစ်နဲ့ ပြန်ဖန် တီးထားတဲ့ memory controller chip ဖြစ်လိမ့်မယ်။ ဈေးကွက်သုတေသန လုပ်နေတဲ့ iSuppli ခန့်မှန်းချက်အရကတော့ ၂၀၁၅ ခုနှစ်လောက်မှပဲ အများဆုံး mainstream ဖြစ်လာ လိမ့်မယ်တဲ့။ တကယ်လို့ လျှပ်စစ်အား သက်သာတာ မသက်သာတာ အပူစွန့်ထုတ်မှုများတာ မများတာ ပဓာနမထားဘူး ဆိုရင်တော့ DDR3 ကို overclocking လုပ်မယ်ဆိုရင် သီအိုရီသဘောအရ ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ ဒီလို over clocked လုပ်တဲ့ အနေအထားမျိုးကို မြန်နှုန်းမြင့်မြင့် အလိုအပ်ဆုံး အနေအထား (extreme performance requirements) တွေရှိလာတဲ့ အခါမျိုးမှာသာ လုပ်ဆောင်သင့်တယ်လို့ အကြံပြု ထားပါတယ်။

GRAPHICS CARD: AMD Against Nvidia
AMD က ထုတ်တဲ့ Radeon HD 7970 ကတော့ PCI Express 3.0 standard ကို ပထမဦးဆုံး support လုပ်တဲ့ graphics card လို့ ဆိုရမယ်။ 3DMark Vantage Extreme benchmark တိုင်းတာမှုအရ  scores  ရမှတ် ၁၇,၅၀၀ ဆိုတော့ သူ့ထက်အရင်ထွက်ခဲ့တဲ့ Radeon HD 6970 ထက် 50% ပိုကောင်းလာတဲ့သဘော။ ဒါပေမဲ့ ဒီလို performance ပိုကောင်းလာရခြင်းဟာ PCI Express 3.0 standard တစ်ခုချင်းကြောင့်တော့ မဟုတ်ပါဘူး။ လက်ရှိ benchmark စမ်းသပ်ချက်တွေအရ PCI Express 2.0 နဲ့ PCI Express 3.0 ကြားမှာ ဘာမှပိုပြီး ထူးခြားသိသာတာ မရှိဘူးလို့ ပြနေတယ်။ ပိုကောင်းလာရတဲ့ အကြောင်းရင်းကတော့ RAM ပမာဏ 50% ပိုတိုးလာပြီး shader computing units 33% ပိုတိုးလာလို့ပဲ။ PCI Express 3.0 standard ရဲ့အလွန်လျင်မြန်တဲ့ data transfer rate ကို ပြည့်ပြည့်ဝဝ အခွင့်အရေးယူ အသုံးချနိုင်မယ့် Radeon graphic card အမျိုးအစားအသစ် ကတော့ ရှေ့နှစ်ကုန်လောက်မှပဲ ထွက်လာဖွယ်ရှိတယ်။ ဂိမ်းရူးတွေရဲ့ လိုဘကိုဖြည့်ပေးဖို့ kepler architecture နဲ့ တည်ဆောက်ထားတဲ့ NVIDIA ရဲ့ GPU အမျိုးအစားအသစ် ထွက်လာဖို့ကတော့ နည်းနည်းစောင့်ရလိမ့်မယ်။ NVIDIA ရဲ့ အကောင်းဆုံး resources တွေကို လက်စွမ်းပြထားတာကြောင့် ပွဲကတော့ကြည့်ကောင်းမှာ သေချာတယ်။ AMD ခမျာမှာလည်း NVIDIA နဲ့ ယှဉ်လိုက်ရင် price and performance အပိုင်းမှာ ခြေတစ်လှမ်း အမြဲနောက်ကျသလို ဖြစ်နေခဲ့ရတာ။ AMD နဲ့ NVIDIA uarchitecture ပုံစံသစ် နှစ်ခုစလုံးဟာ သူ့နည်းသူ့ဟန်နဲ့ အားသာချက် ရှိတာချည်းပါပဲ။ အသိသာဆုံးကတော့ power comsumption ကိုသိသိသာသာ လျှော့ချနိုင်ခြင်းပါပဲ။ graphics card တွေဟာ လျှပ်စစ်အားများတယ်။ အပူထုတ်လွှတ်မှုများတယ်။ ဘက်ထရီအား မြန်မြန်ကုန်တယ်ဆိုတဲ့ အားနည်းချက်ကို ပြုပြင်ဖာထေးလိုက်တဲ့သဘောပဲ။ AMD နဲ့ NVIDIA ဘယ် graphic card ကို ဝယ်သုံးသင့်သလဲ ဆိုတာကတော့ ဝယ်သုံးမယ့်သူရဲ့ budget အပေါ် မူတည်တယ်။ သူတို့နှစ်ဦးကတော့ သူထုတ်တဲ့ graphic card တွေ ဈေးသက်သာလာဖို့နဲ့ ကောင်းသည်ထက်ကောင်းအောင် ဆက်လက် ယှဉ်ပြိုင်နေကြမှာပါပဲ။ သူတို့ အဲဒီလို ပြိုင်နေလို့လည်း အရည်အသွေးပိုင်းမှာ စိတ်ချယုံကြည်နေ မှု ကောင်းနေရတာပါ။

THUNDERBOLT : High speed for peripherals
Intel အနေနဲ့ high-speed interfaces business မှာ ကိုယ်ပိုင် အပြိုင်နည်းပညာတွေ ရှိနှင့်ပြီးသား။ ၂၀၁၀ ခုနှစ် Windows ကွန်ပျူတာတွေအတွက် USB 3.0 adapter တွေ ပေါ်ထွန်းလာချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ Mac ကွန်ပျူတာတွေအတွက် Thunderbolt Project ကို အစပျိုးခဲ့တယ်။ သီအိုရီအရ data transfer rate 10Gbps အထိ ရနိုင်တယ်ဆိုတော့ USB 3.0 ထက် ၂ ဆပိုမြန်တဲ့သဘော။ တကယ့်လက်တွေ့မှာဆိုရင် USB 3.0 က 1.4Gbps လောက်ပဲရပြီး Thunderbolt က 6.6Gbps အထိ ရတာကြောင့် ၅ ဆလောက် ပိုမြန်တယ်လို့ဆိုရမယ်။ USB 3.0 Standard ရဲ့ အချက်အလက် လွဲနှုန်းက USB 2.0 ထက်၁ဝဆပိုမြန်တယ်။  Standard  တစ်ခုကနေတစ်ခုကို ပြောင်းရတာလည်း ပိုလွယ်တယ်။ Thunderbolt ကို PC Motherboard တွေက လက်ရှိအနေအထားမှာ support မလုပ်နိုင်သေး ဘူး။ နောက်ပိုင်းမှာတော့ support လုပ်လာဖို့တော့ ရှိတယ်။ အခုဆိုရင် Intel တတိယမျိုးဆက် Ivy Bridge processes တွေ ပေါ်ထွက်လာပြီဆိုတော့ Thunderbolt ကိုလည်း ပွဲထုတ်ဖို့ ပိုနီးလာပြီပေါ့။ ဒီနှစ်တတိယ သုံးလပတ်အတွင်းမှာပဲ Thunderbolt product တွေ ပွဲထုတ်လာဖို့ ရှိပါတယ်။ Western Digital ရဲ့ external hard drives, Seagate ရဲ့ Goflex devices တွေမှာ Thunderbolt adapter  နဲ့ ထွက်လာသလို Belkin docking station မှာThunderbolt adapter တပ်ဆင်ထားပြီး HDMI, USB 2.0 နဲ့ Firewire တွေလည်း ထည့်သွင်းပေးထားတာကြောင့် မည်သည့် Laptop, PC နဲ့မဆို တွဲသုံးနိုင်မယ်။ ဘယ် port မှာပဲ ထိုးထိုး။ data တွေအားလုံးက Thunderbolt cable ကြိုးတစ်ချောင်းတည်းပေါ်ကပဲ သွားနေမယ်။ data transfer လုပ်ရာမှာ direction 2 ဖက်စလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း transmitts လုပ်ပေးတယ်။ docking station မှာ devices ၇ ခု daisy chained ပုံစံ ချိတ်သုံးနိုင်တာကြောင့် ကြိုးရှုပ်တဲ့ ကိစ္စ ပြေလည်သွားစေပေမယ့် chain ထဲက တစ်ခုခုမှာ ကမောက်ကမ ဖြစ်သွားတာနဲ့ ကျန်တဲ့ devices တွေဆီ downstream ချနေတာလည်း ရပ်သွားမှာပဲ။ ဒီနှစ်တရုတ် (တိုင်ပေ) မှာ ကျင်းပမယ့် Computer ပြပွဲမှာ ထုတ်လုပ်သူတွေက Thunderbolt-supported motherboards တွေ အပြိုင်ထုတ်ပြလာဖွယ် ရှိတယ်။ တချို့ motherboards တွေဆို Thunderbolt port 2 ခုတောင် ပါနိုင်တယ်။

စိုင်းတင့်ထူး

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page