လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Aztech WiFi Repeater

Posted by Unknown Tuesday, November 6, 2012 0 comments

Wi-Fi repeater လိုမျိုး Networking Device အများစုဟာ အသုံးပြုရလွယ်ကူခြင်းမရှိတဲ့အပြင် install လုပ်တဲ့အခါမှာလည်း ခက်ခဲစေပါတယ်။ ဒါပေမဲ့ Aztech WL559E Wireless-N repeater မှာတော့ အသုံးပြု သူများအတွက် အားနည်းချက်များမရှိတဲ့ အပြင် wall socket တစ်ခုမှာ တိုက်ရိုက်တပ်ဆင်ပြီး အသုံးပြုနိုင်ရန် အတွက် ပြုလုပ်ထားပါတယ်။ WL559E မှာ WPS နည်းပညာပါဝင်တဲ့အတွက် ခလုတ်တစ်ခု ကို နှိပ်လိုက်ရုံနဲ့ network setting တွေကို အလိုအလျောက် သတ်မှတ်ပေးနိုင် ပါတယ်။ နောက်ထပ် အသုံးတည့်စေမယ့် feature တွေကတော့ repeater ကို သင့်တော်မယ့် နေရာမှာ တပ်ဆင်နိုင်ရန်အတွက် Wi-Fi signal strength ကို ဖော်ပြပေးမယ့် onboard LED များနဲ့ smart TV လိုမျိုး ကြိုးမဲ့စနစ်မပါဝင်တဲ့ အိမ်သုံးအီလက်ထရွန်နစ်ထုတ်ကုန်များအတွက် Ethernet output ပါဝင်ခြင်းတို့ ဖြစ်ပါတယ်။ Aztech WL559E ကို စင်ကာပူဒေါ်လာ ၈၉ (အမေရိကန်ဒေါ်လာ ၇၁.၅၁) နဲ့ စင်ကာပူ၊ မလေးရှား နဲ့ ဟောင်ကောင်တို့မှာ ရောင်းချလျက်ရှိပါတယ်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page