လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

စတုတ္ထမျိုးဆက် iPad ကို အံ့အားသင့်ဖွယ် Apple မိတ်ဆက်

Posted by Unknown Tuesday, November 6, 2012 0 comments


Apple ကုမ္ပဏီက စတုတ္ထမျိုးဆက် iPad သစ်ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါထုတ်ကုန်သစ်တွင် ၉.၇ လက်မအရွယ် Apple Retina display ပါဝင်ပြီး တတိယမျိုးဆက် new iPad တွင် အသုံးပြုထားသည့် CPU နှင့် A5X ၏ ဂရပ်ဖစ် စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသည့် A6X ပရိုဆက်ဆာကို အသုံးပြုထားကြောင်း သိရသည်။ Apple ၏ အဆိုအရ ဘက်ထရီကို ၁၀ နာရီကြာ အသုံးပြုနိုင်ပြီး Lightning connector, အဆင့်မြှင့်ထားသည့် FaceTime HD နှင့် LTE အထောက်အပံ့တို့ ပါဝင်သည်ဟု သိရသည်။ တန်ဖိုးမှာ Wi-Fi 16GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ ကျသင့်မည်ဖြစ်ပြီး 32GB အတွက် အမေရိကန်ဒေါ်လာ ၅၉၉၊ 64GB အတွက် အမေရိကန်ဒေါ်လာ ၆၉၉ ကျသင့်မည် ဖြစ်သည်။ Wi-Fi+Cellular 16GB အတွက် အမေရိကန်ဒေါ်လာ ၆၂၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၇၂၉၊ 64GB အတွက် အမေရိကန် ဒေါ်လာ ၈၂၉ ကျသင့်မည်ဖြစ်သည်။ အဖြူနှင့် အနက် အရောင်နှစ်မျိုးဖြင့် ရရှိမည်ဖြစ်ပြီး ဒီဇိုင်းကို ပြောင်းလဲပြင်ဆင်ထားခြင်း မရှိဟု ဆိုသည်။ Apple ၏ စတုတ္ထမျိုးဆက် iPad ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး ကြိုတင်မှာယူထားနိုင်ကာ Wi-Fi အမျိုးအစားကို နိုဝင်ဘာလ ၂ ရက်မှ စတင်တင်ပို့ရောင်းချမည်ဖြစ်သည်။ LTE အမျိုးအစားကိုမူ မှာယူပြီး ရက်သတ္တပတ် အနည်းငယ်ကြာမှသာ အသုံးပြုနိုင်မည်ဟု သိရသည်။
(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page