လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အဆင့်မြင့် Music Player Feature များပါဝင်သည့် Samsung Galaxy Music Smartphone

Posted by Unknown Tuesday, November 6, 2012 0 comments

နာမည်ကျော် Samsung အီလက်ထရွန်နစ်ကုမ္ပဏီမှ Galaxy Music အမည်ရှိ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ကြေညာခဲ့ပြီး အ ဆိုပါစမတ်ဖုန်းတွင် အဆင့်မြင့်အသံအရည်အသွေးနှင့် အလွန်ကောင်း
မွန်သည့် music player feature များ ပါဝင်ကြောင်းသိရ သည်။ Galaxy Music စမတ်ဖုန်းကို Android 4.0 Ice Cream Sandwich operating system ဖြင့်အသုံးပြုနိုင်မည်ဖြစ်ပြီး ၃ လက်မအ ရွယ် QVGA TFT display တပ်ဆင်ထုတ်လုပ်ထားသည်။ အသုံးပြုထားသည့် ပရိုဆက်ဆာ အမျိုးအစားကိုမူ မသိရှိရသေးဘဲ RAM 512MB နှင့် internal memory 4GB ထည့်သွင်းပေးထားကာ memory card ဖြင့် 32GB အထိ ထပ်မံတိုး၍ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်း၏ကျောဘက်တွင် 3-megapixel fixed-focus ကင်မရာတပ်ဆင်ပေးထားပြီး Wi-Fi b/g/n, Wi-Fi Direct, Bluetooth 3.0 နှင့် microUSB port များအသုံးပြုကာ အခြား device များဖြင့် ချိတ်ဆက်အသုံးပြုခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။ 9-lumen WVGA projector ကိုထည့်သွင်းပေးထားသည့်အတွက် Galaxy Beam နည်းတူ projector တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အရွယ်အစားအနေဖြင့် အလျား ၁၁၀.၁ မီလီမီတာ၊ အနံ ၅၉.၀ မီလီမီတာနှင့် အထူ ၁၂.၂၅ မီလီမီတာရှိကာ အလေးချိန်စုစု ပေါင်း ၁၀၆.၉ ဂရမ်ရှိသည်။ 1,300mAh ဘက်ထရီအသုံးပြုထုတ်လုပ်ထားပြီး ရောင်းချမည့်တန်ဖိုးနှင့် အချိန်တို့ကိုမူ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးပေ။
(GSMArena)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page