လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အင်တာနက် မြန်နှုန်းမြင့်သည့် အာရှနိုင်ငံများတွင် တောင်ကိုရီးယား ထိပ်ဆုံးမှရပ်တည်

Posted by Unknown Wednesday, November 7, 2012 0 comments

World အင်တာနက်အမြန်နှုန်း မြင့်တက်မှုတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် ဟောင်ကောင် စသည့် အာရှ- ပစိဖိတ်နိုင်ငံများက ဦးဆောင်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ် အင်တာနက် အစီရင်ခံစာ တွင် ဖော်ပြထားသည်။ Akamai ၏ အစီရင်ခံစာအရ ကမ္ဘာ့ ပျမ်းမျှ အင်တာနက်အမြန်နှုန်းသည် ဒုတိယ သုံးလပတ်အတွင်း ယခင်ကထက် ၁၃ ရာခိုင်နှုန်း (3Mbps) မြင့်တက်လာကြောင်း သိရသည်။ နိုင်ငံ များအကြား ပျမ်းမျှ အင်တာနက်အမြန်နှုန်းကို တိုင်းတာရာတွင် ဂျပန်နိုင်ငံသည် အင်တာနက် မြန်နှုန်း ပမာဏ မြင့်တက်မှု ရာခိုင်နှုန်းအများဆုံး ဖြစ်သည်။ International Telecommunications Union မှ ပြုလုပ်ထားသည့် စစ်တမ်းအရ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် ICT Development Index (IDI) အမြင့်ဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံသည် ကွန်ရက်မြန်နှုန်း အမြင့်ဆုံး ထိပ်တန်း အာရှ- ပစိဖိတ် (၁၀) နိုင်ငံတွင် အဋ္ဌမနေရာ၌ ရပ်တည်နေသည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမသုံးလပတ် အင်တာနက် အမြန်နှုန်းသည် 14.2Mbps ရှိပြီး ဂျပန်နှင့် ဟောင်ကောင်တို့တွင် အင်တာနက်အမြန်နှုန်း 10.7 Mbps နှင့် 8.9 Mbps အသီးသီး ရှိသည်။ အဆိုပါ အာရှသုံးနိုင်ငံ၏ broadband အမြန်နှုန်းသည် ဒုတိယသုံးလပတ်တွင် 10 Mbps ကျော်စီ ပိုမို မြင့်တက်လာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ အင်တာနက်အမြန်နှုန်းသည် ယခင်ကထက် ၄၉ ရာခိုင်နှုန်း မြင့်တက်လာကာ ဂျပန်နိုင်ငံက ၃၇ ရာခိုင်နှုန်းနှင့် ဟောင်ကောင်က ၂၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ အာရှ-ပစိဖိတ်နိုင်ငံများတွင် စင်ကာပူနိုင်ငံသည် အင်တာနက်မြန်နှုန်းအမြင့်ဆုံး စတုတ္ထနေရာ၌ ရပ်တည်နေပြီး ၎င်း၏ ကွန်ရက်အမြန်နှုန်းသည် 5.1 Mbps ရှိသည်။ တရုတ် (တိုင်ပေ)၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း အင်တာနက်မြန်နှုန်း အမြင့်ဆုံး အာရှ-ပစိဖိတ် (၁၀) နိုင်ငံတွင် ပါဝင်ကြောင်း သိရသည်။ ကမ္ဘာ့ ပျမ်းမျှအမြင့်ဆုံး မြန်နှုန်း ကြိမ်ရေသည် 16.1 Mbps ရှိပြီး ၎င်းကြိမ်နှုန်းသည် ပထမ သုံးလပတ်ကထက် ၁၉ ရာခိုင်နှုန်းနှင့် ယခင်နှစ်ကထက် ၄၄ ရာခိုင်နှုန်း ပိုမို မြင့်တက်လာသည်။ မြန်နှုန်းကြိမ်ရေတွင် ဟောင်ကောင်က 49.2 Mbps ဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများကို ကျော်တက်သွားပြီး အဆိုပါနိုင်ငံများ၏ မြန်နှုန်း ကြိမ်ရေသည် 46.9 Mbps နှင့် 40.5 Mbps အသီးသီးရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

(DNet Asia)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page