လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

iPhone4 ပျောက်ကြား Cover အသစ်

Posted by Unknown Wednesday, November 7, 2012 0 comments

iPhone 4 မှာ အသုံးပြုနိုင်မယ့် ခါးချိတ် ပါဝင်တဲ့ ကာဘာတစ်မျိုး ဖြစ်ပါတယ်။  Speck တံဆိပ် Cover အမျိုးအစားဖြစ်ပြီး ပျောက်ကြားဒီဇိုင်း ဖြစ်တာကြောင့် ဒီဇိုင်း ဆန်းဆန်းကိုမှ ကြိုက်နှစ်သက်သူများ အတွက် အဆင်ပြေမဲ့ ဒီဇိုင်း အမျိုးအစား ဖြစ်ပါတယ်။ အမျိုးသားများ အတွက် အထူး သင့်လျော်တဲ့ ဒီဇိုင်းမျိုးရှိပြီး၊ iPhone ကို ပိုမိုဆွဲဆောင်မှု ရရှိစေမှာ ဖြစ်ပါတယ်။ ကာဗာဟာ Plastic အမျိုးအစားကောင်းနဲ့ ပြုလုပ်ထားတာကြောင့် အလေးချိန်က လုံးဝ မသိသာပါဘူး။ အဲဒီ အတွက်ကြောင့် အသုံးပြုထားစဉ်မှာ အဆင်ပြေတဲ့ ခံစားမှုကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ ခါးချိတ်နဲ့ Cover နှစ်ခုတွဲ ပါဝင်ပြီး ခါးချိတ် ပါဝင်တာကြောင့် ခါးမှာ ချိတ်ဆွဲ အသုံးပြုနိုင်သလို ဖုန်းအသုံးပြုချိန်တွေမှာ ခါးချိတ်မှာ ဖြုတ်ပြီး အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iPhone 4 အတွက် သီးသန့်ဒီဇိုင်း ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ ဖုန်းအတွက် အကာအကွယ် အပြည့်အဝ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူ အသုံးပြုလိုသူများ အနေဖြင့် တန်ဖိုး ၁၅,၀၀၀ ကျပ်ဖြင့် အရိန္ဒမာ မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း- ၄၀၀၉၂၄ တွင် ဆက်သွယ် မေးမြန်း ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(ချမ်းချမ်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page