လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

တန်ဖိုးနည်း လက်တော့ပ်များကို Google နှင့် Samsung ပူးပေါင်းထုတ်လုပ်

Posted by Unknown Wednesday, November 7, 2012 0 comments

Google ကုမ္ပဏီသည် တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် Samsung ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၄၉ ဒေါ်လာတန် တန်ဖိုးနည်း လက်တော့ပ်များကို ထုတ်လုပ်ကာ မိုဘိုင်းကွန်ပျူတာ ဈေးကွက်အတွင်း ထိုးဖောက်သွားမည် ဖြစ်ကြောင်း  သိရသည်။ လတ်တလော အခြေအနေတွင် Windows 8 တက်ဘလက်များကို နိုင်ငံတကာ ကွန်ပျူတာ အဖွဲ့အစည်းများက ဈေးကွက်တင်ရန် စီစဉ်နေကြလျက်ရှိရာ ယင်းထက် ပိုမိုစိတ်ဝင်စားစရာ ကောင်းသည့် ဖန်တီးမှုမှာ တန်ဖိုးနည်း လက်တော့ပ် ကွန်ပျူတာများကို ထုတ်လုပ်ရန် ဖြစ်သည်ဟု Google က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဖော် ပြောကြားထားသည်။ ယင်းကွန်ပျူတာများကို ယခင်က မိတ်ဆက်ပြီးသား Chromebook စီးရီးအဖြစ် ထပ်မံထွက်ရှိလာမည် ဖြစ်ပြီး အချက်အလက် သိမ်းဆည်းမှု၌ Google ၏ Cloud Server များတွင်သာ ထားရှိရန် ပြုလုပ်ပေးထားပြီး Local Hard Drive ပါဝင်မည် မဟုတ်ပေ။ Chrome-book များ၏ မျက်နှာပြင် အရွယ်အစား ၁၁ ဒဿမ ၆ လက်မ ရှိမည် ဖြစ်ပြီး Web ဝန်ဆောင်မှုများ အသုံးပြုရာ၌ အားသာချက်များစွာ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page