လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Google က Samsung Chromebook သစ်ကို ကြေညာ

Posted by Unknown Wednesday, November 7, 2012 0 comments
Google ကုမ္ပဏီသည် Samsung က အသစ်ထုတ်လုပ်ထားသည့် ARM processor သုံး Chromebook ကို  ကြေညာမှုပြုခဲ့သလို ကြိုတင်အမှာများကိုလည်း စတင်လက်ခံလျက်ရှိပြီး အဆိုပါ Chromebook laptop ၏ ဈေးနှုန်းမှာ ၂၄၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Samsung ၏ Chromebook သစ်မှာ Samsung ကပင် ထုတ်လုပ်ထားပြီး Exynos 5 Dual Processor ဟု သိထားသော ARM Cortex A15 processor ကို အသုံးပြုထားခြင်းဖြစ်ပြီး ယခု Chromebook ၏ အရင် model ဟောင်းဖြစ်သည့် Chrome-book 550 မှာမူ Intel Core processor ကို အသုံးပြုခဲ့ခြင်းဖြစ်သည့်အတွက် ယခု Chromebook အား ARM-based Chromebook ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ARM-based hromebook မှာ အရွယ်အစားအားဖြင့် 11.6-inch 1366x768 display ကို သုံးထားသည့်အတွက် သယ်ဆောင်ရ ပိုမိုလွယ်ကူသော laptop အမျိုးအစားထဲတွင် ပါဝင်ပြီး အလေးချိန်အားဖြင့် ၂.၅ ပေါင်လေးကာ အထူမှာ 0.8-inch သာရှိ၍ တစ်လက်မပင် မပြည့်ပေ။ Google က ပြောဆိုရာတွင် ယခု Chromebook မှာ battery သက်တမ်း ၆ နာရီခွဲအထိ သုံးနိုင်မည်ဖြစ်ကာ Google Drive cloud storage\100GB ပမာဏကို ၂ နှစ်အထိ အသုံးပြုခွင့် ရမည်ဖြစ်သည်။ အဆိုပါ Chromebook သစ်တွင် VGA အဆင့် ကင်မရာ၊ USB 2.0 နှင့် 3.0 ports၊ HDMI တို့ ပါဝင်သလို built-in dual band Wi-Fi 802.11 a/b/g/n တို့နှင့် Bluetooth 3.0 ကို အသုံးပြုနိုင်မည် ဖြစ်သည်။ Chromebook series များကို ပြီးခဲ့သည့်နှစ် မေလပိုင်းမှ စတင်ကာ ထုတ်လုပ်လာခဲ့ခြင်းဖြစ်ပြီး cloud စနစ်ကို ရယူထားသည့်အတွက် မည်သည့် Chromebook ကို ဝယ်ယူထားသည်ဖြစ်စေ Google account မှတစ်ဆင့် sign in လုပ်ကာ cloud storage ကို သုံးနိုင်မည်ဖြစ်ကာ ယခင် Chromebook 550 ၏ ဈေးနှုန်းမှာ ၅၄၉.၉၉ ဒေါ်လာ ဖြစ်သည်။

(ရတနာပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page