လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Surface Tablet ကို Online မှ မှာယူနိုင်ပြီ

Posted by Unknown Wednesday, November 7, 2012 0 comments

Microsoft  ကုမ္ပဏီသည် ၎င်းတို့၏ Windows RT အမျိုးအစား ထုတ်ကုန်သစ်ဖြစ်သည့် Surface tablet ကို တရားဝင်ဖြန့်ချိရန် သတ်မှတ်ထားသော  အောက်တိုဘာလ ၂၆ ရက်မတိုင်ခင်မှာပင် online မှတစ်ဆင့် ဝယ်ယူနိုင်မည့် အမှာများကို စတင်လက်ခံနေပြီ ဖြစ်သည်။ အဆိုပါ Surface tablet ကို ကမ္ဘာတစ်ဝန်းရှိ online ဈေးကွက် ၈ ခုဖြစ်သည့် သြစသြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ် (တိုင်ပေ)၊ အင်္ဂလန်နှင့် အမေရိကန်တို့တွင် ကြိုတင်အမှာဖြင့် ဝယ်ယူနိုင်ပြီဖြစ်သော်လည်း သတင်းများ ဖော်ပြချက်အရ အမေရိကန် ဈေးကွက်တွင်မူ online အမှာများ ရောင်းကုန်သွားပြီ ဖြစ်သည်ဟု သိရှိရသည်။ Surface tablet ကို 32GB နှင့် 64GB ဆိုပြီး storage ၂ မျိုး ထုတ်လုပ်ထားကာ 32GB ရိုးရိုး၏ ဈေးနှုန်းမှာ ၄၉၉ ဒေါ်လာ၊ 32GB (with blackTouch Cover keyboard) နှင့်ဆိုလျှင် ၅၉၉ ဒေါ်လာနှင့် 64GB (with black Touch Cover keyboard) နှင့်ဆိုပါက ၆၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ 3mm အထူရှိသော Microsoft ၏ keyboard မှာ Surface tablet ၏ cover အဖြစ် သုံးနိုင်သလို စာရိုက်ရာတွင် အသုံးပြုသည့် keyboard အဖြစ်လည်း သုံးနိုင်မည်ဖြစ်သည်။ Surface tablet 32GB ရိုးရိုးကို အမှာလက်ခံပြီး ၃ ပတ်အတွင်းမှသာ တင်ပို့မည်ဖြစ်ကာ 32GB (with keyboard/cover) နှင့် 64GB (with keyboard/cover) models များကိုမူ အမှာလက်ခံပြီး တစ်ပတ်မှ ၂ ပတ်အတွင်း တင်ပို့မည်ဟု ဆိုထားသည်။ Surface tablet ၏ cover အဖြစ်သုံးနိုင်သော keyboard ကို သီးသန့်ဝယ်ယူနိုင်ပြီး အနည်းငယ်ပိုထူသော black Type Cover  မှာ ၁၂၉.၉၉ ဒေါ်လာ ကျသင့်ကာ white၊ red၊ cyan နှင့် magenta အရောင် ၄ မျိုးမှာမူ ၁၁၉.၉၉ ဒေါ်လာ ကုန်ကျမည်ဖြစ်သည်။ Microsoft ၏ Surface tablet မှာ ပထမဆုံး Microsoft brand တပ်ထားသော PC လည်း ဖြစ်သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page