လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မိုက်ကရိုဆော့ဖ်ရဲ့ အနာဂတ်တွက်ကိန်းများ

Posted by Unknown Tuesday, November 13, 2012 0 comments

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် ဒီနေ့ဒီအချိန်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့ iPhone တို့ Android Phone တို့ ဘာတို့ဆိုတာ မရှိခဲ့ပါဘူး။  ဒီလိုပဲ iTunes ဆိုတာ မရှိခဲ့သလို XBox တို့ You Tube တို့ Flick တို့လည်း မရှိခဲ့ပါ။ Google နဲ့ ပတ်သက်လို့လည်း ပရိသတ်အကြိုက် ဖြစ်နေကြတဲ့ Google Mail တို့ Mac တို့ Voice တို့ Talk တို့ Reader တို့ ဘာဆိုဘာမှ မရှိသေးပေ။ အခုတော့ ကွန်ပျူတာစနစ်တွေမှာ ဖြစ်ဖြစ် မိုဘိုင်းကိရိယာတွေမှာ ဖြစ်ဖြစ် ဒါမှမဟုတ် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းတွေ ဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က မရှိခဲ့တဲ့ အရာတွေ ရှိနေပြီး လူအများ သုံးစွဲခွင့်ရနေကြတယ်။ တချို့ဆိုရင် ထွန်းပေါ်လာလာချင်း တစ်မုဟုတ်ချင်း ပေါ်ပြူလာ ဖြစ်သွားစေတဲ့ ပစ္စည်းမျိုးတွေအထိ မြင်တွေ့ခွင့် ရကြတယ်။ ဒီလိုဆိုရင် နောက်ထပ် ၁၀ နှစ်ကြာမှာ ဘယ်လိုအရာတွေ ပေါ်ထွန်းလာလိမ့်မလဲလို့ တွေး စရာ ဖြစ်သွားစေပါလိမ့်မယ်။ ဒီလိုအယူအဆကို လက်ကိုင်ထား လုပ်ကိုင် ကြိုးပမ်းနေတာကတော့ Microsoft think tank တစ်ခုဖြစ်တဲ့ Office Labs ပဲဖြစ်တယ်။ Microsoft ရဲ့ ကြိုတင်တွေးတောလို့ရတဲ့ အယူအဆမှာ ကွန်ပျူတာနဲ့ မော်နီတာ တွဲဖက်ပြီး လုပ်ကိုင်ရတဲ့ စနစ်မျိုးတွေကို ဘယ်နေရာမှာရှိတဲ့ ဘယ်လိုအရာမျိုးမှာမဆို built in ပါရှိနေလိမ့်မယ်လို့ ဆိုထားတယ်။ အမျိုးသမီးတစ်ဦးမှာ တပ်ဆင်ထားတဲ့ မျက်မှန်က တပ်ဆင်ထားတဲ့ အမျိုးသမီးအတွက် လက်ငင်း အခြေအနေအတိုင်း ပြောစကားတွေကို ဘာသာပြန်ပြီး တစ်ဆင့် ပြောပေးနေလိမ့်မယ်။ ဆိုလိုတာက နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံကို သွားမယ်၊ တရုတ်နိုင်ငံကို သွားမယ်ဆိုရင် ဂျပန်လူမျိုး၊ တရုတ်လူမျိုးတို့က ပြောသမျှကို မိမိနားလည်နိုင်မယ့် ဘာသာစကားနဲ့ပြန်ပြီး ပြောပြပေးနေမှာ ဖြစ်တယ်။ ကော်ဖီပန်းကန်မှာ ကော်ဖီအမြင့် ဘယ်လောက် ရှိနေသေးတယ်။ အပူချိန် ဘယ်လောက် ရှိတယ်ဆိုတာကို ကော်ဖီပန်းကန်ရဲ့ တစ်နေရာကနေ ဖော်ပြပေးနေလိမ့်မယ်။ အီလက်ထရွန်နစ် သတင်းစာဆိုရင် စက္ကူသဘာဝလို ပါးလွှာပေါ့ပါးပြီး လိပ်ယူသွားလို့ ရတယ်။ ဘယ်လို အလင်းရောင်နဲ့ ဖြစ်ဖြစ်ထင်ထင်ရှားရှား ဖတ်ရှုနိုင်မယ်။ လုပ်ငန်းလုပ်ကိုင်သူ တစ်ယောက်အတွက် မှန်အပြားသားနဲ့ အသုံးပြုနိုင်မယ့် ကွန်ပျူတာစနစ် ရှိနေမှာ ဖြစ်တယ်။ မှန်သားပြင်ကို ထိတို့လို့ပဲ ဖြစ်ဖြစ် လက်ဟန်ခြေဟန်နဲ့ ဖြစ်ဖြစ် ညွှန်ကြားခိုင်းစေပြီး လိုအပ်တဲ့ မြင်ကွင်းတွေကို ရယူစေနိုင်မယ့် လက်ဟန်ခြေဟန်နဲ့ လေထဲမှာလှုပ်ရှား ညွှန်ကြားသမျှကို Screen က လိုက်လုပ်ပေးမယ်။ On Screen buttons လို့ ခေါ်တဲ့ ပုံဖေါ်မျက်နှာပြင်ပေါ်က ထင်ဟပ်လာတဲ့ ခလုတ်တွေကို တို့ထိပြီး လုပ်ကိုင်ခွင့်ရမယ်။ မလိုအပ်တော့တဲ့အခါ လက်နဲ့သပ်လို့ပဲ ဖြစ်ဖြစ် တွန်းဖယ်လို့ ဖြစ်ဖြစ် လုပ်ကိုင်ခွင့် ရကြလိမ့်မယ်။

နောင်အခါ စာစီစာရိုက် လုပ်ငန်းတွေအတွက်ဆိုရင် နှုတ်က ရွတ်ဆိုသမျှကို စာရိုက်ပေးနိုင်မယ့် လုပ်ငန်းစဉ်မျိုးတွေကို အသုံးချတော့မှာ ဖြစ်တဲ့အတွက် ကီးဘုတ်အသုံးပြုတဲ့ ကဏ္ဍ မှေးမှိန် သွားနိုင်တယ်။ ဖောက်ထွင်းမြင်ရတဲ့ ဒစ်ပလေး ဆိုတာတွေက argumented reality အတွက် အထူးအရေးပါတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပေးမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်အခါ တက္ကစီကားရဲ့ရှေ့မှန်ကြီးကို argumented-reality screen အဖြစ် အသုံးချဖို့ ကြိုးစားနေကြတာ ဖြစ်လို့ပါပဲ။ Screen ပေါ်ကနေ သတင်းအချက်တွေ ထုတ်ပြန်ပေးမယ်။ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်အတွက် လိုအပ်တဲ့ သတင်းတွေကို ကြည့်ရှုခွင့် ရသွားစေလိမ့်မယ်။ ရောက်ရှိနေတဲ့ နေရာဝန်းကျင်မှာ ဘယ်လိုဆိုင်တွေ၊ ဟိုတယ်တွေရှိတယ်၊ စိတ်ဝင်စားစရာနေရာ ဘယ်နှစ်ခုရှိတယ်ဆိုတာတွေကို ပြပေး လို့ရမယ်။ လုပ်ငန်းကိစ္စအတွက် တွေ့ဆုံ ဆွေးနွေးဖို့သွားရမယ့် အဆောက်အဦး နေရာကိုပြပြီး ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကို တင်ပြပေးနိုင်လိမ့်မယ်။ အစည်းအဝေးတွေ တွေ့ဆုံ ဆွေးနွေးပွဲတွေမှာလည်း digital whiteboard တွေ အသုံးပြုကြမှာ ဖြစ်သလို smart table ကြီးနဲ့ အသုံးချ လုပ်ကိုင်ကြလိမ့်မယ်။ ဒီအခါမှာ smart table က ဖုန်းကိုလည်း လုပ်ကိုင်ပေးမယ်။ smart card သဘာဝမျိုးနဲ့လည်း အသုံးချနိုင်စေမယ်။ မိုဘိုင်းကိရိယာပေါ်က သတင်း အချက်အလက်တွေကို smart table ကြီးပေါ် ချပေးမလား၊ Smart table ပေါ်က အချက်အလက်ဖိုင်တွေကို မိုဘိုင်းပေါ် ဆွဲတင်ယူမလား၊ လက်ဟန်နဲ့ ခိုင်းစေလို့ ရသွားမှာ ဖြစ်တယ်။ စားပွဲပေါ်က သတင်းအချက်အလက် ဖော်ပြချက်တွေကို နံရံမှာ ချိတ်ဆွဲထားတဲ့ မော်နီတာကြီးတွေဆီကို လက်ဟန်နဲ့ ပို့ဆောင်ပေးနိုင်စေမယ်။ အဲဒီအချိန်မှာရှိနေတဲ့ စမတ်ဖုန်းဆိုတာတွေက အလွန်ပါးလွှာတဲ့ ကတ်ပြားပုံသဏ္ဌာန်နဲ့ အသုံးပြုကြရလိမ့်မယ်။ စမတ်ဖုန်းလေးတွေနဲ့ စာအုပ်ကို မှတ်သားထားနိုင်မယ့် အနေအထား ဖြစ်တယ်။ ဒီကတ်လေးကိုပဲ boarding pass တစ်ခုလိုလည်း အသုံးချခွင့် ရနိုင်လိမ့်မယ်။ ဖုန်းကို ဖဲချပ် အရွယ်အစားလေးလောက် ခွဲယူလို့ရအောင် ဖန်တီးကောင်း ဖန်တီးကြလိမ့်မယ်။ ခွဲလို့ရတဲ့ အလွှာနှစ်ချပ်ကို တစ်ချပ်ကို ဗီဒီယိုကြည့်ပြီး တစ်ချပ်ကို ဗီဒီယိုချက်တင် လုပ်လို့ရမယ့် အနေအထားတွေ ဖြစ်သွားနိုင်တယ်။ ဒီအတွက် Microsoft ရဲ့ တွက်ဆချက်တွေအရ အသုံးဝင်ဆုံး ဖြစ်လာနိုင်မယ့် နည်းပညာတွေမှာ၊ ကွန်ပျူတာပါဝါအပြင်၊ display technology, networking speed, device miniaturisation, flexible display, touchscreen gesture technologies တို့ကို ဦးတည်ချက်ထား လုပ်ကြမှာဖြစ်ကြောင်း တင်ပြ ပေးလိုက်ရပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page