လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ပရိုမိုးရှင်း အစီအစဉ်များကိုသာ ဖော်ပြပေးသည့် ဝက်ဘ်ဆိုက်လွှင့်တင်

Posted by Unknown Tuesday, November 6, 2012 0 comments
 

ကုမ္ပဏီများမှပြုလုပ်သည့် ပရိုမိုးရှင်း အစီအစဉ်များ အတိုင်း အချိန်နှင့်တစ်ပြေးညီ ဖော်ပြ ဝန်ဆောင်မှုပေးမည့် www.discountcorner.biz ဝက်ဘ်ဆိုက်ကို Yangon Heardz Media မှ လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စမ်းသပ်၍ စတင်လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ ဝက်ဘ်ဆိုက်၌ အမျိုးအစား (၁၆) မျိုးကို လိုအပ်သလို ရှာဖွေနိုင်အောင် ခေါင်းစဉ်များဖြင့် တည်ဆောက်ထားသည်။ ဝက်ဘ်ဆိုက်အပြင် Mobile Application လည်း ရှိသည့်အတွက် Mobile Phone User များ အနေဖြင့် ကွန်ပျူတာမလိုဘဲ Mobile Phone မှ တစ်ဆင့် လျင်မြန်စွာဖြင့် လိုအပ်သော သတင်းအချက်အလက်များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Mobile Application မှာ ဖုန်းအတွက် သီးသန့် Design ထုတ်ထားခြင်းကြောင့် ဝက်ဘ်ဆိုက်ပေါ်ကနေပြီး မိမိရှာဖွေလိုသည့် အရာကို ပိုမိုမြန်ဆန်သည့်  အချိန်ဖြင့် ရှာဖွေပေးနိုင်မည် ဖြစ်သည်။ “Discount Corner ဖြစ်တဲ့အတွက် အဓိကအနေဖြင့် ကုန်ပစ္စည်းတွေရဲ့ ပရိုမိုးရှင်းနဲ့ Discount အစီအစဉ်တွေကို Update လုပ်ပေးနေမှာ ဖြစ်တယ်။ အလွန်ဆုံး ၁၀ ရက်ထက် မကျော်ဘဲ Content ပိုင်းကို အမြဲ Update လုပ်ပေးနေမှာ ဖြစ်တယ်” ဟု Yangon Heardz Media  မှ ဒါရိုက်တာဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောသည်။ ထို့အပြင် ဝက်ဘ်ဆိုက်မှ အချက်အလက်များကို အင်တာနက် အသုံးမပြုသူများလည်း သိရှိနိုင်စေရန် Discount Corner Free Flyer  ကို ၁၅ ရက်တစ်ကြိမ် လူစည်ကားရာ ရှော့ပင်းစင်တာများ၊ ဈေးများ၏ ကောင်တာများတွင် အခမဲ့ ဖြန့်ချိပေးသွားမည် ဖြစ်သည်။

(အေးဖြူ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page