လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဖိုက်ဘာအင်တာနက်လိုင်း Bandwidth တိုးချဲ့ ဝန်ဆောင်မှုပေးရန်စီစဉ်

Posted by Unknown Tuesday, November 6, 2012 0 comments

ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပေးနေသည့် ဖိုက်ဘာအင်တာနက်လိုင်း (FTTX Service) ၌ Bandwidth တိုးချဲ့ဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ELite Tech IT Services ၏ FTTX ဌာနမှ ဦးဇော်မင်းထက်က ပြောသည်။ လက်ရှိတွင် 512 Kbps, 1Mbps, 2Mbps များကို ဝန်ဆောင်မှုပေးလျက် ရှိသည်။ “4Mbps Plan ကိုတော့ လက်ရှိ စမ်းသပ်သုံးစွဲနေပြီ ဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးတာ ကတော့ လောလောဆယ် 2Mbps အထိပဲ ပေးတယ်။ အခုလက်ရှိပေးနေတဲ့ ဝန်ဆောင်မှုထဲမှာ 2Mbps ကို အများဆုံး အသုံးပြုကြတယ်” ဟု ၎င်းက ပြောကြားသည်။ FTTX ဖိုက်ဘာအင်တာနက်လိုင်း ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် Elite Tech IT Services နှင့် Fortune International ကုမ္ပဏီတို့ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ 4Mbps အပြင် 8Mbps အထိ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 4Mbps နှင့် 8Mbps သုံးစွဲလိုပါက သီးခြား လျှောက်လွှာတင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို လက်ရှိ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်များတွင် တပ်ဆင်မှု များပြားလျက်ရှိကြောင်း သိရသည်။ ၂၀၁၀ ခုနှစ် နှောင်းပိုင်း ဝန်ကျင်က စတင်ဝန်ဆောင်မှုပေးခဲ့သော အဆိုပါဝန်ဆောင်မှုအား ခေတ္တရပ် ဆိုင်းခဲ့ပြီးနောက် ယခုနှစ် မတ်လခန့်မှ စတင်ကာ ပြန်လည် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ကြောင်း၊ Elite Tech IT Services အနေဖြင့် မင်္ဂလာဒုံ၊ အင်းစိန်၊ ဒေါပုံ၊ သာကေတ၊ စမ်းချောင်း၊ ကမာရွတ်အစရှိသည့် မြို့နယ် ၁၆ မြို့နယ်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။ “လောလောဆယ် ကိုယ်စားလှယ်တွေထားပြီး ရောင်းချဖို့အစီအစဉ် မရှိသေးပါဘူး။ သတ်မှတ်နေရာမှာပဲ လာရောက်လျှောက် ထားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ လျှောက်ထားပြီး တစ်ပတ်အတွင်း တပ်ဆင်ပေးမည်ဖြစ်ပြီး လတ်တလော အင်တာနက်စနစ်နှင့် VOIP ဖုန်းနှစ်မျိုးသာ ပါဝင်ဦးမည် ဖြစ်သည်။ FTTX စနစ်မှာ အင်တာနက်ဖုန်းနှင့် ရုပ်သံလိုင်းများ ပေါင်းစပ်ပါဝင်သော Triple Play စနစ် ဖြစ်သည်။ လက်ရှိ ကနဦးတပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်နှင့် နှစ်စဉ်ကြေး ၆ သောင်းကျပ်ဖြစ်ပြီး ရုပ်သံလိုင်း ပါဝင်ပါက ကနဦး တပ်ဆင်ခ ၉ သိန်းကျပ်၊ နှစ်စဉ်ကြေး ၈ သောင်း ၄ ထောင်ကျပ် ဖြစ်သည်။ အဆိုပါစနစ်ကို ရန်ကုန်မြို့အပြင် မန္တလေး၊ ပြင်ဦးလွင်မြို့များ၌လည်း အသုံးပြုလျက် ရှိသည်။ ပေးချေရမည့် တပ်ဆင်ခ၊ နှစ်စဉ်ကြေး၊ လစဉ်ကြေး အားလုံးကို ကျပ်ငွေဖြင့်သာ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
(ထွန်းထွန်း၊ မိုးသူ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page