Facebook Fan Page များ၌ အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုနိုင်ပြီ
Tuesday, November 6, 2012
0
comments

Facebook တွင် Shopping Fan Page များ များပြားလာသည်နှင့်အမျှ အဆိုပါ Fan
Page များနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှ ဈေးဝယ်ယူနိုင်မည့် အစီအစဉ်ကို
ဆောင်ရွက်ထားကြောင်း myanpay.com.mm မှ တာဝန်ရှိသူက ပြောသည်။
“အခုနောက်ပိုင်း Facebook မှာ Shopping Site တွေ များလာတယ်။
အဲဒီဝက်ဘ်ဆိုက်တွေ အနေနဲ့ Fan Page တွေ ပြုလုပ်လာကြတယ်။ ဒီပစ္စည်းကို
ကြိုက်ရင် ဘယ်ကိုအော်ဒါမှာပါဆိုပြီး ဖော်ပြကြတယ်။ အခုကျတော့
အွန်လိုင်းငွေပေးချေမှုစနစ် Myanpay Link နဲ့ ချိတ်ဆက်ပြီး Fan Page တွေက
တစ်ဆင့် အွန်လိုင်းပေါ်မှာ ဈေးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
Fanpage ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ Fan Page တွင် Myanpay
Link ထည့်သွင်းထားရုံသာဖြစ်ကြောင်း ဝယ်ယူသူ အနေဖြင့် အဆိုပါလင့်ခ်သို့
ဝင်ရောက်ကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။Facebook တွင် အရောင်းအဝယ်
ပြုလုပ်နိုင်စေရန်အတွက် အဆိုပါ Tools ကို ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း
သိရသည်။ အသုံးပြုမည့် Fan Page ပိုင်ရှင်များ ဈေးဝယ်ယူမည့်သူများ အနေဖြင့်
Myanpay အကောင့် ရှိရမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ Fan Page တွင်
အရောင်းအဝယ်ပြုလုပ်ခြင်းအပြင် ငွေလှူဒါန်းနိုင်ရန် Donate Tools ကိုလည်း
ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း၊ ထည့်သွင်းလိုသော Facebook Fan Page
ပိုင်ရှင်များ အနေဖြင့် www.myanpay.com.mm တွင် မေးမြန်းနိုင်ကြောင်း သိရသည်။
(ထွန်းထွန်း၊ မိုးသူ)
0 comments:
Post a Comment