လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Planet Side 2 ကို နိုဝင်ဘာလ ၂၀ ရက်တွင် ဖြန့်ချိမည်

Posted by Unknown Tuesday, November 6, 2012 0 comments


Sony Online Entertainment ၏ အခမဲ့ ကစားနိုင်မည့် အွန်လိုင်း PC shooter ဂိမ်းဖြစ်သော Planet Side 2 ကို နိုဝင်ဘာလ ၂၀ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း  ကုမ္ပဏီမှ ကြေညာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လက ပွဲထုတ် မိတ်ဆက်ပေးခဲ့သည့် Planet Side 2 ၏ ဇာတ်လမ်းကို အမေရိကန် ကာတွန်းရေးဆရာ Marv Wolfman က ရေးဆွဲထားကြောင်း သိရသည်။ အဆိုပါဂိမ်းသည် Sony Online Entertainment က ၂၀၀၃ ခုနှစ်တွင် ဖြန့်ချိခဲ့သည့် လစဉ်ကြေး ပေးသွင်းကာ ကစားရသော MMO shooter ဂိမ်း Planet Side ၏ နောက်ဆက်တွဲဂိမ်းလည်း ဖြစ်သည်။ Planet Side 2 ကို မူလဂိမ်းပုံစံအတိုင်း ကစားရမည်ဖြစ်ပြီး Terran Republic, New Conglomerate နှင့် Vanu Sovereighty အဖွဲ့သုံးခုအကြား တိုက်ခိုက် ကစားရမည်ဖြစ်သည်။ ကစားသူများသည် ကွဲပြားခြားနားသည့် လက်နက် အမျိုးအစားများနှင့် ယာဉ်အမျိုးအစားကို တပ်ဆင်ခြင်းဖြင့် battle ranking level များ မြင့်တက်လာအောင် ကစားရမည်ဟု သိရသည်။

(နောင်နောင်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page