လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Broadband စနစ်နှင့် မိုဘိုင်းလုံခြုံရေး

Posted by Unknown Tuesday, November 13, 2012 0 comments

Broadband ဆိုတဲ့ နည်းပညာအကြောင်းကို ဗဟုသုတအဖြစ် လေ့လာကြည့်ကြရအောင်ပါ။ Broadband ဆိုတာဟာ bandwidth ကျယ်တဲ့ device ဒါမှမဟုတ် တယ်လီကွန်မြူနီကေးရှင်း signal ကို ရည်ညွှန်းခေါ်ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။ “Broad”  ဆိုတဲ့ ကျယ်ပြောသောလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးကို ကွဲပြားတဲ့ အချိန်နဲ့ တွဲဖက်တဲ့ စကားလုံးပေါ် မူတည်ပြီး အယူအဆနဲ့ အသုံးတွေ ကွဲပြားပါတယ်။ ဒီစကားလုံးရဲ့ မူရင်းက ရူပဗေဒ၊ အသံပိုင်းဆိုင်ရာ လွင့်ထုတ်မှုနဲ့ ရေဒီယိုစနစ် အင်ဂျင်နီယာ ပညာရပ်တို့မှာ အသုံးပြုပါတယ်။ ဆိုင်ရာ လွင့်ထုတ်မှုနဲ့  ရေဒီယိုစနစ် အင်ဂျင်နီယာ ပညာရပ်တို့မှာ အသုံးပြုပါတယ်။ Wideband ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ် တူညီပါတယ်။ ဒီစကားလုံးဟာ ၁၉၉၀ ပြည့်နှစ်ကစလို့ အင်တာနက် သုံးစွဲမှုဆိုင်ရာ နယ်ပယ်မှာ စတင်ပြီး ရေပန်းစားလာတဲ့ စကားလုံး ဖြစ်ပါတယ်။ တယ်လီကွန်မြူနီကေးရှင်း နယ်ပယ်မှာတော့ broadband ဆိုတာဟာ ကြီးကျယ်ပြန့်တဲ့ frequencie ထုတ်လွင့်မှုတွေကို ရည်ညွှန်းတဲ့ ထုတ်လွင့်မှု နည်းလမ်းတစ်ခုကို ရည်ညွှန်းခေါ်ဆိုတာ ဖြစ်ပါတယ်။

တယ်လီဗေးရှင်း အင်တာနာတွေကို broadband လို့ သတ်မှတ် ခေါ်ဆိုနိုင်ပါတယ်။ Broadband ဗီဒီယိုစနစ်ဆိုတာထဲမှာ အင်တာနက်ပေါ်က Streaming  ဗီဒီယိုတွေ ပါဝင်ပါတယ်။ ဒီဗီဒီယိုတွေကို broadband လို့ သတ်မှတ် ခေါ်ဆိုနိုင်ပါတယ်။ Broadband ဗီဒီယိုစနစ်ဆိုတာထဲမှာ အင်တာနက်ပေါ်က Streaming ဗီဒီယိုတွေ ပါဝင်ပါတယ်။ ဒီဗီဒီယိုတွေဟာ broadband အင်တာနက်စနစ် အတွင်းသုံးစွဲမှ စွမ်းဆောင်ရည်ပြည့်ဝစွာ ခံစားရမှာပါ။ Broadband ဗီဒီယိုဆိုတဲ့ စကားလုံးဟာ တစ်ခါတစ်ရံမှာတော့ IPTV ဗီဒီယိုတွေကိုလည်း ရည်ညွှန်းခေါ်ဆိုတာ တွေ့ရပါတယ်။ စံသတ်မှတ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံတကာ တယ်လီဂရပ်နဲ့ တယ်လီဖုန်း အတိုင်ပင်ခံ ကော်မတီ (CCITT) က "broadband service" ဆိုတဲ့ စကားလုံးကို ပုံမှန် 1.5 ကနေ 2 Mbit/s ထက်ပိုတဲ့ ရုပ်သံအချက်အလက် ပို့လွှတ်မှုမှာ သုံးစွဲဖို့ သတ်မှတ်ခဲ့ကြပါတယ်။ Mobile broadband, Wireless broadband, Ultra-wideband နဲ့ broadband universal service တို့ကို ဆက်လက် လေ့လာကြပါမယ်။

Mobile broadband

Mobile broadband ဆိုတာဟာ USB ကြိုးမဲ့ Moderm, မိုဘိုင်းဖုန်း Portable moderm နဲ့ တခြားသောမိုဘိုင်း device တွေကနေ ဖြတ်ပြီး ကြိုးမဲ့အင်တာနက် သုံးစွဲမှုတို့အတွက် ခေါ်ဆိုတဲ့ မာကတ်တင်း အခေါ် ဖြစ်ပါတယ်။ Mobile Notebook နဲ့ Laptop အများစုမှာတော့ Mobile broadband ကို သုံးစွဲဖို့အတွက် built-in ထည့်ပေးထားတတ်ကြပါတယ်။ မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေက ဒီဝန်ဆောင်မှုကို သုံးစွဲကြပါတယ်။ မြောက်အမေရိကမှာတော့ မိုဘိုင်းဖုန်းတွေကို ဆဲလ်ဖုန်းအဖြစ် ရည်ညွှန်း ခေါ်ဆိုကြပါတယ်။ LTE နဲ့ Mobile WiMax တို့ကတော့ အချက်အလက်အတွက် သီးသန့်ဖြစ်ကြပြီး၊ အသံအတွက် VOIP စနစ်ကို သုံးစွဲကြပါတယ်။ Mobile broadband ကွန်ရက်မှာ GPRS, 3G, WiMax, LTE Flash-OFDM, IPW, iBarst UMFS/HSPA, EVDO နဲ့တချို့သော သယ်ဆောင်ရ လွယ်ကူတဲ့ ဂြိုဟ်တုအခြေပြု စနစ်တွေလို ကွဲပြားတဲ့ စနစ်တွေကို သုံးစွဲကြပါတယ်။ သို့ပေမယ့် ဒီစကားလုံးဟာ CDMA-1 နဲ့ ညီနောင်စနစ် ဖြစ်တဲ့ EVDO, GSM ရဲ့ EDGE နဲ့ UMTS/3G  Foma ပေါ်က HSPDA/ HSUPA/ HSPA တို့အတွက် သုံးတဲ့စာလုံး ဖြစ်ပါတယ်။ WiMax ဟာ IEEE 802.16 ရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ Mobile Broadband စနစ်သုံးစွဲသူတွေဟာ ၂၀၁၀ ပြည့်နှစ်မှာ သန်းပေါင်း ၅၀၀ အထိ ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အကုန်မှာတော့ အမေရိကနဲ့ အနောက်ဥရောပက သန်းပေါင်း ၂၀၀ ကျော်ရှိပြီး အာရှပစိဖိတ် ဒေသက သန်းပေါင်း ၄၀၀ ကျော် ရှိလာတယ်လို့ တွက်ချက်ထားကြပါတယ်။

Wireless broadband

Wireless broadband ဆိုတာကတော့ မြန်နှုန်းမြင့် ကြိုးမဲ့အင်တာနက် သုံးစွဲမှုစနစ် သို့မဟုတ် ကွန်ပျူတာကွန်ရက် သုံးစွဲမှုကို ခေါ်ဆိုတဲ့ နည်းပညာပါ။ ကြိုးမဲ့ကွန်ရက်ဟာ ကြိုးကို သုံးစွဲတဲ့ ကွန်ရက်နဲ့ ယေဘုယျအားဖြင့် တူညီပါတယ်။ ကြိုးသုံးစွဲတဲ့ ကွန်ရက်က Cable Modem သို့မဟုတ် Asymmetric digital subscribe line (ADSL) လို့ စနစ်တွေ ဖြစ်ပါတယ်။ ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုကို ရယူသုံးစွဲတဲ့ အခါမှာ 100 Mbit/s နဲ့ download ကိုရယူနိုင်ပြီး ကီလိုမီတာ ၅၀ အတွင်းမှာ သုံးစွဲနိုင်ပါတယ်။ WiMax ဟာ ဥရောပမှာ အလွန်ရေပန်းစားတဲ့ စနစ် ဖြစ်ပါတယ်။ Mobile wireless broadband ကို Mobile broadband လို့လည်း ခေါ်ဆိုပါတယ်။ ဆဲလ်ဖုန်းတာဝါတွေကနေ အင်တာနက် သုံးစွဲနိုင်ဖို့အတွက် PC သို့မဟုတ် Laptop တွေမှာ PC ကတ်နဲ့ USB device တို့ကို ဝယ်ယူပြီး တပ်ဆင်သုံးစွဲ နိုင်ပါတယ်။

Broadband Universal ဝန်ဆောင်မှု

Broadband Universal ဝန်ဆောင်မှုဟာ နိုင်ငံသားတွေကို အစိုးရကနေ အင်တာနက် သုံးစွဲနိုင်အောင် စီမံပေးတဲ့စနစ် ဖြစ်ပါတယ်။

ကြိုးမဲ့နှင့်မိုဘိုင်း Device လုံခြုံရေး

ယနေ့ခေတ်မှာတော့ အင်တာနက်ဆိုတဲ့ စကားလုံးကို လူအတော်များများက ရင်းနှီးနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် မြို့ပြလူတန်းစားအတွက် သိပ်ပြီး နားမစိမ်းတော့တဲ့ စကားလုံး ဖြစ်ပါတယ်။ မကြာခင်ကာလမှာလည်း လူအတော်များများက မိုဘိုင်းဖုန်းတွေ သုံးစွဲလာနိုင်ပါတော့မယ်။ ဖုန်းတွေကနေ သာမန်ဖုန်းပြောတာလောက် မဟုတ်ဘဲ အင်တာနက်ကိုပါ သုံးစွဲလာနိုင် ကြတော့မှာပါ။ ဒီလိုအချိန်မျိုးမှာ လူတိုင်း သတိပြုစရာက ကိုယ့်ရဲ့ အချက်အလက်တွေရဲ့ လုံခြုံရေးဟာ ဘယ်လောက်အထိ ရှိသလဲ။ လုံခြုံအောင် ဘယ်လို ထားရမလဲဆိုတဲ့ အချက်ပါ။ အင်တာနက်ကို ကြိုက်တဲ့ အချိန်၊ ကြိုက်တဲ့နေရာကနေ ကြည့်နိုင်၊ သုံးနိုင်သလို ကိုယ့်ရဲ့ ကြိုးမဲ့ကွန်ရက်ထဲကို တိုက်ခိုက်ချင်သူတွေက အလွယ်တကူ ဖောက်ထွင်း ဝင်ရောက် နိုင်ပါတယ်။ ဒီလို ဖြစ်နိုင်ခြေတွေထဲကနေ အကျဉ်းချုပ်ပြီး အဖြစ်များတဲ့ အရာကိုတော့ လာခဲ့မယ်ဆိုရင် Wi-Fi Hotspot တွေကို တွေ့ရပါလိမ့်မယ်။

ကြိုးမဲ့ကွန်ရက် လုံခြုံရေး

သင်ဟာ အကယ်၍ အင်တာနက် သုံးဖို့အတွက် ကြိုးမဲ့ကွန်ရက်ကို သုံးနေတယ်ဆိုရင် ဒါဟာ လုံခြုံမှု ရှိရဲ့လားလို့ သေချာအောင် လေ့လာသင့်ပါတယ်။ ကိုယ့်ရဲ့ အချက်အလက်တွေကို လေထဲက တစ်ဆင့် သွားစေ တဲ့အခါ ဟက်ကာတွေနဲ့ ဆိုက်ဘာရာဇဝတ်သားတွေက ကြားကနေ အလွယ်တကူ ဖောက် ယူနိုင်ကြပါတယ်။ ကြိုးမဲ့ကွန်ရက်အတွက် Internet Service Provider (ISP) တွေကလည်း ပြုလုပ်ပေးထား တတ်ကြပါတယ်။ ကြိုးမဲ့ကွန်ရက်အတွက် လုံခြုံရေး ကိစ္စကို စဉ်းစားမယ် ဆိုရင်တော့ အောက်ဖော်ပြပါ။
- ကိုယ်ရဲ့ Signal စွမ်းအားကို ကန့်သတ်ပါ။ ဒီလိုလုပ်လိုက်ခြင်းဟာ  သင့်အိမ်ရဲ့ ပြင်ပကနေ သင့်ကို ထောက် လှမ်းမှု မလုပ်နိုင်တော့ပါဘူး။
- SSID  broadcasting ကို disable လုပ်ခြင်းအားဖြင့် သင့်ရဲ့ ကွန်ရက်ကို ဒီ Signal အတွင်းမှာရှိတဲ့ တခြားသော ကြိုးမဲ့သုံးစွဲသူတွေက  သိနိုင်ကြမှာ မဟုတ်ပါဘူး။
- MAC (Media Access Control) Address filtering ကို Enable လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကြိုးမဲ့ကွန်ရက်ထဲကို တခြားသော ဝင်ခွင့်မရှိတဲ့သူတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။
- WPA (Wi-Fi Protected Access) သို့မဟုတ် WPA2 လို့ ခေါ်ဆိုတဲ့ ကြိုးမဲ့ utilize ကို သုံးစွဲပါ။
- အကယ်၍ WPA အစား WFP (Wired Equivalent Privacy) ကို သုံးစွဲနေတယ် ဆိုခဲ့လျှင် encryption ကို အမြင့်ဆုံးအထိ မြှင့်ထားပါ။

Wi-Fi Hotspot လုံခြုံရေး

အင်တာနက်ကို ကော်ဖီဆိုင်၊ ဟိုတယ်နဲ့ လေဆိပ်စတဲ့ လူအများသုံးစွဲတဲ့ နေရာတွေမှာ သုံးစွဲမယ်ဆိုခဲ့လျှင် လုံခြုံရေးအတွက် ထည့်စဉ်းစားဖို့ လိုအပ်လာပါပြီ။ တစ်ခါတစ်ရံမှာတော့ ကိုယ့်ရဲ့အိမ်မှာ သုံးတယ်ဆိုခဲ့ လျှင်တောင် လုံခြုံဖို့က မလွယ်ကူပါဘူး။ ဒါကြောင့် ဘယ်လိုလုံခြုံအောင် လုပ်မလဲ ဆိုတာကို လေ့လာ ထားသင့်ပါတယ်။

Mobile Device Malware

လက်ရှိအချိန်တွေမှာ မိုဘိုင်းဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး မြင့်မားလာပါတယ်။ ဒီလိုစွမ်း ရည်ပိုင်း မြင့်မားလာတာနဲ့အမျှ virus တွေနဲ့ malware တွေရဲ့ အန္တရာယ်ကို သတိပြုဖို့ လိုလာပါတယ်။ မိုဘိုင်းဖုန်းတွေမှာ အလုပ်လုပ်တဲ့ antivirus တွေကို တင်ထားတာက လုံခြုံရေးအတွက် စိတ်ချရပါတယ်။

Malware တွေကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းကတော့

- မိုဘိုင်းဖုန်းထုတ်တဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ပြီး လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပြီး လုံခြုံရေး၊ Update တွေကို download ပုံမှန်လုပ်ယူဖို့ လိုအပ်ပါတယ်။
- ပရိုဂရမ် သို့မဟုတ်  application တွေကို download မပြုလုပ်ခင်မှာ စိတ်ချယုံကြည်ရတဲ့ ဆိုက်ဖြစ်ရဲ့လားလို့ သတိပြုလေ့လာဖို့ လိုအပ်ပါတယ်။
- အခမဲ့ပေးမယ်တို့ အခမဲ့ ringtone တို့ကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲတာတွေထဲမှာ malware တွေ ပါလာတတ်တာကြောင့်ပါပဲ။                        
(မြင့်ဇော်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page