လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဗိုင်းရပ်အကိုက်ခံရပြီးနောက် ပျောက်ဆုံးနေသော Data များ

Posted by Unknown Tuesday, November 13, 2012 0 comments

ကွန်ပျူတာတွေမှာ ဗိုင်းရပ်အကိုက်ခံရပြီးနောက်ပိုင်းမှာ Data ပျောက်ကွယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ထည့်ထားတဲ့ DATA တွေ မတွေ့ရတော့တဲ့အခါ စိတ်ညစ်ပြီး Viurs ကင်းသွားအောင်ဆိုပြီး format ပြုလုပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့ အမှန်တကယ်တမ်းက Virus တွေဟာ များသောအားဖြင့် DATA တွေကို Hidden File အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ မိမိ DATA တွေအစား အမည်တူ Virus တွေကိုတည် ဆောက်လိုက်ကြပါတယ်။ အသုံးပြုသူက မသိလို့ သွားပြီး ဖွင့်မိတဲ့အခါမှာတော့ User ရဲ့ ခွင့်ပြုချက်နဲ့ Virus တွေကို Run ခွင့် ပြုလိုက်သလို ဖြစ်သွားပါတယ်။ ဒါဆိုရင်တော့ အခြေအနေတော်တော် ဆိုးသွားပါပြီ။ Window ရဲ့ .exe တွေကိုလိုက်ပြီး ပူးနေရင်တော့ ပြသနာက စပါပြီ။ ကွန်ပျူတာ အသုံးပြုသူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားလေးကို ပြောပြချင်ပါတယ်။ Virus ကို Run ပြုလုပ်မိသွားမှ သတိထားမိပြီး ငါ့ကွန်ပျူတာတော့ Virus ကိုက်ပါပြီဆိုပြီး Antivirus တွေထပ်တင် Update တွေလုပ် ပြီးတော့ Full Scan နဲ့ စစ်ချလိုက်ပါရော။ အဲဒီအခါမှာ Virus တွေပါ ဝင်ရောနေတဲ့ Window ရဲ့ System file တွေ exe တွေ အားလုံးကို Antivirus က Virus အဖြစ်နဲ့မြင်ပြီး Virus ပေါင်း ထောင်နဲ့သောင်းနဲ့ချီ ကိုက်နေသလိုမျိုး ပြတတ်ပါတယ်။ Full Scan စစ်လို့မပြီးခင်မှာပဲ Window ဟာ Restart ဖြစ်ပြီး ပြန်မတက် လာနိုင်တဲ့ ဘဝမျိုးကို ခဏခဏ ရောက်ကျရပါတယ်။ Recycler, Copy Shortcut လို Virus မျိုးတွေဟာ DATA တွေကို Hidden File, Folder အဖြစ် ပြောင်းလည်းပစ်ကြပါတယ်။ Hidden ဖြစ်နေတဲ့ သာမာန် File, Folder တွေကို ဖော်ရတာ မခက်ပေမယ့် Virus ကိုက်လို့ ပြန်ဖော်ရတဲ့အခါမှာတော့ လွယ်လွယ်ကူကူ မရရှိပဲ အခက်တွေ့ကြရပါတယ်။ ဒါကြောင့် Hidden တွေကို ပြန်ဖော်တဲ့ နည်းလေးကို ဖော်ပြပေးပါမယ်။

၁။ ပထမဆုံးအနေနဲ့ Tools ထဲက Folder options ကိုဝင်လိုက်ပါ(shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ Alt+T– Alt+o)။
၂။ Folder options Box ကျလာပါလိမ့်မယ်။ အဲဒီအထဲကမှ View ထဲက Show hidden files, folders, and drives ကိုရွေးပြီးတော့ အမှန်ခြစ်နှစ်ခုကို ဖြုတ်ပေးလိုက်ပါ။ အမှန်ခြစ်ဖြုတ်တုန်းမှာ Yes or No မေးရင် Yes ကိုနှိပ်ပေးလိုက်ပါ။ အခုဆိုရင် Hidden ဖြစ်နေတဲ့ဖိုင်တွေ ပြန်ပေါ်လာပါပြီ။ ကျနော်တို့ Hidden Files ကို ပြန်ဖော်ဖို့က နည်းလမ်းသုံးသွယ်ရှိပါတယ်။

၁။ Hidden folder ကို Right click>Properties> Hidden ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ရင်လဲ ရပါတယ်။ ဒါကတော့ သာမာန် Hidden တွေကို ဖြုတ်တဲ့နည်းပေါ့။
၂။ ဒုတိယနည်းကတော့ Command Prompt ထဲကနေ ပြန်ဖော်တာပါ။
ပထမဦးဆုံး Start> All Programs> Accessories> Command Prompt ကို ခေါ်လိုက်ပါ။ shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ (win + R> cmd) Command Prompt box ကျလာပြီဆိုရင် attrib –s –h –r drive name): (hidden folder name)။

၃။ တတိယအနေနဲ့ကတော့ Unhide software နဲ့ ပြန်ဖော်တာပဲ ဖြစ်ပါတယ်။ အပေါ်ကနည်းတွေနဲ့ မရရင် ဒီနည်းက အကောင်းဆုံးပါပဲ။ Software ကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ပေးထားတာမို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။
Software ကို အရင်ဆုံး http://www.saithantsin.com/2012/08/unhide-software.html  မှ Download ဆွဲလိုက်ပါ။ rar ဖိုင်ကို ဖြည်လိုက်ပါ။ Hidden folder ကို ဆွဲယူပြီးတော့ software လေးပေါ် တင်ပေးလိုက်ပါ။
ဒါဆိုရင် Folder, File တွေဟာ အလိုလို ပြန်ပေါ်လာပါလိမ့်မယ်။ Hidden ဖြစ်နေတဲ့ File, Folder တွေအားလုံးကို တစ်ခုခြင်းစီ ဆွဲတင်ပေးပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

စိုင်းသန့်စင်

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page