လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

iPhone 5 တွင်သုံးထားသော Nano Sim card အကြောင်း

Posted by Unknown Tuesday, November 6, 2012 0 comments

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 5 ဖုန်းသစ်မှာ အများမျှော်လင့်ထားသလိုပဲ အတည်ပြုချက်ရထားတဲ့ nano-SIM စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။ ၎င်း nano-SIM ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းမှာ GSM မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးခဲ့စဉ်က အသုံးပြုခဲ့တဲ့ Subscriber Identity Module (SIM ) ကတ် တွေရဲ့ စတုတ္ထမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ iPhone 4, iPhone 4S နဲ့ iPad မှာ အသုံးပြုထားတဲ့ micro-SIM ထက် ပိုမိုသေးငယ်တာကြောင့် အခြားထုတ်ကုန်ထံ ပြောင်းလဲအသုံးပြုတဲ့အခါမှာလည်း အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် သုံးစွဲသူများ အတွက် အခက်ကြုံနေရတဲ့ အဆိုပါ SIM ကတ်သစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်များကို ဖော်ပြလိုက်ပါတယ်။ Apple iPhone 4 ထွက်ပေါ်လာ ချိန်မှာတော့ 3FF ကတ်လို့ခေါ်တဲ့ micro-SIM အသုံးပြုမှုဟာ ပိုမိုကျော်ကြား လာပါတယ်။ အဆိုပါ micro-SIM ကို Apple က ၂၀၁၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး အသုံးပြုသူများဟာ 25 x 15 mm ရှိတဲ့ mini-SIM ကို ကတ်ကြေးနဲ့ ခွဲစိတ်ခန်းသုံးဓား ဖြင့် ဖြတ်ကာ 15 x 12 mm ရှိတဲ့ micro-SIM ကို အသုံးပြုခဲ့ကြပါတယ်။ 4FF ကတ်လို့ခေါ်တဲ့ Nano-SIM သစ်ကိုတော့ Apple က iPhone 5 နဲ့အတူ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Apple က ဒီဇိုင်းပြုလုပ်ထားတဲ့ nano-SIM ကို ဥရောပဆက်သွယ်ရေးစံသတ်မှတ်မှုအဖွဲ့အစည်း (ETSI) က ပြီးခဲ့တဲ့ ဇွန်လမှာ မိတ်ဆက်ပေးခဲ့တာပါ။ ၎င်း nano-SIM ဟာ လက်ရှိ micro-SIM ထက် ၄၀ ရာခိုင်နှုန်းသေး ငယ်ပြီး အတိုင်းအတာကတော့ အကျယ် ၁၂.၃ မီလီမီတာ၊ အမြင့် ၈.၈ မီလီမီတာနဲ့ အထူ ၀.၆၇ မီလီမီတာ ဖြစ်ပါတယ်။ Nano-SIM ဟာ အရွယ်အစားကလွဲပြီး လက်ရှိ SIM ကတ်များနဲ့ ကွဲပြားခြားမှုမရှိသလို တူညီတဲ့ အရည်အသွေး ကိုလည်း အထောက်အပံ့ပေးပါတယ်။ Nano-SIM ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် အားနည်းချက်ရှိပါတယ်။ သာမန် SIM ကတ်များ ကနေ ဖြတ်ထုတ်ပြီး ပြုလုပ်ထားတဲ့ micro-SIM ကတ်များနဲ့ မတူတဲ့အချက်များကတော့ nano-SIM ကို ၎င်းနည်းလမ်း အတိုင်း ပြုလုပ်နိုင်မှုမရှိခြင်းနဲ့ micro-SIM ထက် ၁၅ ရာခိုင်နှုန်း ပိုမိုပါးလွှာခြင်း တို့ဖြစ်ပါတယ်။ အကယ်၍ သာမန် SIM သို့မဟုတ် micro-SIM ကနေ nano-SIM အရွယ် ဖြတ်ထုတ်လို့ ရခဲ့ပါက SIM ကတ်အထူကို ပါးလွှာစေဖို့ အတွက် ကော်ပတ်နဲ့တိုက်စားရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။

သုံးစွဲသူတွေအနေနဲ့ nano-SIM ကတ်တွေကို ၎င်းတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ ရရှိနိုင်ပေမယ့် nano-SIM ကတ်တွေကနေ micro-SIM နဲ့ သာမန် SIM ကတ် တို့ကို ပြောင်းလဲအသုံးပြုလို တဲ့အခါမှာတော့ adapter တွေကို အသုံးပြုဖို့ လိုအပ်ပါမယ်။ iPhone 5 ကို စတင်ရောင်းချတဲ့အချိန်မှာတော့ ၎င်း adapter များကို ဈေးကွက်ထဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။

 

Micro-SIM တစ်ခုကို nano-SIM တစ်ခုအဖြစ်  ပြောင်းလဲနိုင်သလား

Apple ကုမ္ပဏီက အသစ်ထုတ်လုပ်ဖြန့်ချိမယ့် iPhone 5 မှာ 4FF လို့လူသိများတဲ့ nano-SIM လို့ခေါ်တဲ့ SIM ကတ်သစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 4 ကို စတင်မိတ်ဆက်စဉ်က အသုံးပြုခဲ့တဲ့ micro-SIM (3FF) ကနေ iPhone 5 ကို အသုံးပြုလိုသူများအနေနဲ့ nano-SIM ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ iPhone 4 နဲ့ 4S မှာအသုံးပြုတဲ့ mico-SIM ရဲ့အရွယ်အစားဟာ 15 x 12 x 0.76 mm ဖြစ်ပါတယ်။ သာမန် mini-SIM (2FF) ကနေ micro-SIM ကို ဖြတ်ရာမှာ အခက်အခဲမရှိပေမယ့် micro-SIM ကနေ nano-SIM သို့ ပြောင်းလဲ လိုတဲ့အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။ Nano-SIM ရဲ့ အထူဟာ ၀.၆၇ မီလီမီတာ သာရှိပါတယ်။ Micro-SIM ထက် ၀.၀၉ မီလီမီတာ ပိုပြီးပါးပါတယ်။ ဒါပေမဲ့ ESTI စံသတ်မှတ်မှု အဖွဲ့အစည်းက Nano-SIM ရဲ့ အထူကို ၀.၀၃ မီလီမီတာ ထပ်ပေါင်းခွင့်ပေးထားတဲ့ အတွက် Nano-SIM ရဲ့ အထူဟာ ၀.၇၀ မီလီမီတာ ရှိပြီး micro-SIM ထက် ၀.၀၆ မီလီမီတာ ပိုပါးပါတယ်။ ဒါပေမဲ့ စင်ကာပူအော်ပရေတာ Star Hub ရဲ့ nano-SIM အထူကို micrometer screw gauge နဲ့တိုင်းတာ ကြည့်တဲ့အခါမှာ အထူဟာ ၀.၆၈ မီလီမီတာသာရှိပြီး micro-SIM ရဲ့အထူကတော့ ၀.၈၂ မီလီမီတာရှိတယ် လို့ CNET အယ်ဒီတာ John Chan က ဆိုပါတယ်။ 

iPhone 5 မှာ ပါဝင်တဲ့ nano-SIM tray ဟာ ESTI က သတ်မှတ်ထားတဲ့ ၀.၇၀ မီလီမီတာ အထူရှိတဲ့ nano-SIM ထည့်သွင်နိုင်တဲ့ SIM tray ဖြစ်ပါတယ်။ ဒါကြောင့် ၀.၈၂ မီလီမီတာရှိတဲ့ micro-SIM ကနေ ကော်ပတ်နဲ့ ၀.၁၂ မီလီမီတာ တိုက်စားပစ်ရပါမယ်။ Micro-SIM ကို ပလာယာနဲ့ကိုင်ပြီး ကြေးပြားမရှိတဲ့ဘက်ကို 240 grit ကော်ပတ်နဲ့ မိနစ် အနည်းငယ် တိုက်စားပြီးတဲ့အခါမှာ ၀.၇၀ မီလီမီတာ ကို ရရှိပါမယ်။ ကော်ပတ်စားတဲ့ အချိန်မှာ ဆိုးရွားတဲ့အနံ့နဲ့ အမှုန်တွေ နှာခေါင်းထဲ ဝင်နိုင်တာကြောင့် face mask ကို အသုံးပြု ပြီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ပတ်စားလိုက်တဲ့အခါမှာ SIM card က identify number တွေပျက်သွားမှာ ဖြစ်တဲ့အတွက် အဲ့ဒီနံပါတ်တွေကို မှတ်သားထားဖို့လိုပါတယ်။ ၀.၇၀ မီလီမီတာအထိ ကော်ပတ်စား ပြီးတဲ့အခါမှာ SIM ကို ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်ပြီး ၎င်း SIM ကို HTC One X ထဲကို ထည့်ပြီး အသုံးပြုတဲ့အခါမှာလည်း ပြဿနာမရှိဘူးလို့ Chan ကဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ဆောင်းပါးကို ရေးသားဖော်ပြချိန်မှာ iPhone 5 မထွက် သေးတာကြောင့် SIM ရဲ့ အလျားနဲ့ အနံကို ဖြတ်တောက်ပြီး စမ်းသပ်ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ CNET အယ်ဒီတာ John Chan က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် micro-SIM ကို nano-SIM သို့ပြောင်းလဲမပြုလုပ်ခင်  iPhone 5 ရဲ့ nano-SIM tray မှာ micro-SIM ကို ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ အသေအချာစစ်ဆေးပြီးမှသာ ကော်ပတ်စားတဲ့ လုပ်ငန်းစဉ်ကို ပြုလုပ်သင့်ပါ ကြောင်း အကြံပြု ဖော်ပြလိုက်ရပါတယ်။

(Myanmar Play App)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page