လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Apple app store ကို အမှီလိုက်နိုင်ပြီဖြစ်သော Google play store

Posted by Unknown Tuesday, November 6, 2012 0 comments


Google app store မှ Android OS အတွက် Application ပေါင်း သိန်းကျော် ဖြန့်ချီပြီဖြစ်ကြောင်း ကြေ ညာခဲ့သည်။ ယင်း အရေအတွက်သည် Apple ၏ iTunes စတိုးမှ iOS အတွက် ထုတ်လုပ် ဖြန့်ချိထားသည့် App အရေအတွက်နှင့် မတိမ်းမယိမ်းဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်မှ စတင်ဖွင့်လှစ်သော Apple ၏ App store တွင် iOS အတွက် Application ပေါင်း ၇ သိန်းကျော်သွားပြီ ဖြစ်ကြောင်း ယခင်အပတ်က ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို အမှီလိုက်သည့် အနေဖြင့် Google မှလည်း ၎င်းတို့ ဖန်တီးသော Application ပေါင်း ၇ သိန်းကျော်ကို Google play မှ Download ဆွဲအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ယခု ရက်ပိုင်းအတွင်း ကြေညာလိုက်ခြင်း ဖြစ်သည်။ Apple သည် Application ထုတ်လုပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံကို Developer များအတွက် ရင်းနှီးမြှုပ်နှံထားသည်။ ထို့ကြောင့် ကမ္ဘာ တစ်လွှား မိုဘိုင်းဖုံး အသုံးပြုသူ အရေအတွက် ၂၁၉.၁ ဘီလျံ အတွက် အဓိက ရွေးချယ်စရာ Platform နှစ်ခုမှာ Android နှင့် iOS နှစ်ခု ဖြစ်နေပြီး Application ကလည်း အဓိက ယှဉ်ပြိုင်ရမယ့် တိုက်ပွဲ တစ်ခု ဖြစ် လာကြောင်း သိရသည်။ယခုနောက်ပိုင်း Google က Nexus အမည်ဖြင့် စမတ်ဖုန်း၊ Tablet များ ထုတ်လုပ်ပြီး Apple ကိုလိုက်လံ ယှဉ်ပြိုင်လျက်ရှိသည်။ Apple တို့၏ App စတိုးတွင်သာ Application များစွာ စုံလင်သော သမိုင်းကို Google တို့ အမှီလိုက် ယှဉ်ပြိုင်လာနိုင်ပြီ ဖြစ်ပြီး Android OS အတွက် Application ဖန်တီးခြင်းကို ငွေအရင်းနှီးများစွာ တိုးမြင့် မြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

(Tech Space Journal)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page