လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Mobile platform သည် ကုမ္ပဏီအတွက် များစွာ အကျိုးရှိကြောင်း Facebook စီအီးအို ပြောကြား

Posted by Unknown Tuesday, November 6, 2012 0 comments

Facebook ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအတွက် mobile platform သည် အလွန်အရေးပါကြောင်း ကုမ္ပဏီ တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ MarkZuckerberg က ကုမ္ပဏီ တတိယ သုံးလပတ် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။ Mobile computing ခေတ်တွင် Facebook သည်လည်း အလွန် တိုးတက် အောင်မြင်လာပြီး မိုဘိုင်းပစ္စည်းများပေါ်မှ တစ်ဆင့် Facebook အသုံးပြုသူဦးရေသည် desktop ထက် ပိုမိုများပြားကြောင်း ၎င်းက ပြောကြားသည်။ မိုဘိုင်းပေါ်တွင် Facebook အသုံးပြုသူဦးရေနှင့် အကြိမ်အရေအတွက် ပိုမိုများပြားလာပြီး မိုဘိုင်းအသုံးပြုသူ ၇၀ ရာခိုင်နှုန်းခန့်က နေ့စဉ် အသုံးပြုလျက်ရှိသည်။ Facebook ၏ အဓိက တာဝန်မှာ မိုဘိုင်းစနစ်ဖြင့် ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်နိုင်စေရန် ဖြစ်ကြောင်း Zuckerberg က ပြောကြားခဲ့သည်။ မိုဘိုင်းစနစ်အသုံးပြု၍ ကုမ္ပဏီ၏ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီကြော်ငြာ အမြတ်ငွေ စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၄၀ ခန့်) မှာ မိုဘိုင်းကြော်ငြာများမှ ရရှိခြင်းဖြစ်ကြောင်း Wall Street သတင်းဌာနသို့ ပြောကြားခဲ့သည်။ လစဉ် Facebook  အသုံးပြုသူဦးရေ 1.01 ဘီလီယံရှိပြီး ၎င်းအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၇ ပုံ ၁ ပုံခန့်ရှိကာ စက်တင်ဘာလကုန် အထိ စမတ်ဖုန်းများမှတစ်ဆင့် Facebook အသုံးပြုသူဦးရေ ၆၀၄ သန်း ရှိသည်။ Facebook ကုမ္ပဏီ၏ အဓိက မိုဘိုင်းကြော်ငြာထုတ်ကုန်မှာ Sponsored story များဖြစ်ပြီး ၎င်းကြော်ငြာများကို News Feed များတွင် ထည့်သွင်းဖော်ပြလေ့ ရှိသည်။ Sponsored story များသည် ကုမ္ပဏီအတွက် နေ့စဉ် အမြတ်ငွေ ၃ သန်းကို ပုံမှန် ရှာဖွေပေးနေကြောင်း Facebook ၏ chief operating officer (COO) ဖြစ်သူ Sheryl Sandberg က ပြောကြားခဲ့သည်။ iOS နှင့် Android platform များကို အမြဲ မမှီခိုသင့်ကြောင်း သုတေသီများက လေ့လာ ပြောကြားခဲ့သော်လည်း Zuckerberg ကမူ Facebook  အနေဖြင့် ၎င်း platform များကို သီးသန့် platform တစ်ခုအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ကြောင်းနှင့် အဓိကအနေဖြင့် အဆိုပါ platform များမှတစ်ဆင့် Facebook အသုံးပြုမှု မြင့်တက်ရေးကိုသာ ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page