လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

McWill ကတ်အပါအဝင် ကြိုတင် ငွေပေးကတ်များအား ပြင်ပဈေးထက်လျော့၍ အွန်လိုင်းပေါ်တွင် ဝယ်ယူနိုင်

Posted by Unknown Tuesday, November 6, 2012 0 comments

McWill ကတ် အပါအဝင် ကြိုတင် ငွေပေးကတ်များအား ပြင်ပဈေးထက် လျော့၍ အွန်လိုင်းပေါ်တွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည် လက်ရှိ ပြည်တွင်းဈေးကွက်တွင် ရောင်းချလျက်ရှိသော  GSM, WCDMA,  CDMA 800MHz, CDMA 450MHz ကြိုတင် ငွေပေး ကတ်များအပြင် iTunes Prepaid Cards, Network WiFi Prepaid, RedLink Internet Prepaid Cards, McWill 400MHz Prepaid Cards များအား ဝယ်ယူနိုင်မည် ဖြစ်သည်။ “ပြည်တွင်းမှာ အသုံးများတဲ့ ကတ်တွေကို တင်ထားပါတယ်။ ဈေးသက်သက်သာသာနဲ့ အွန်လိုင်းပေါ်မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူက ပြောသည်။ www.prepaid-card.com.mm တွင် အဆိုပါကတ်များကို ဝယ်ယူနိုင်မည် ဖြစ်သည်။ ဝယ်ယူလိုသော ကတ်အမျိုးအစားတွင် Add to Cart ကိုနှိပ်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူထားသော ကတ်၏ အရည်အတွက်ကို ပြင်လိုလျှင် Quantity အောက်ရှိ Text Box ထဲတွင် ပြင်ကာ Update ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုကဲ့သို့ ဝယ်ယူနိုင်ရန်အတွက် Myanpay Account ရှိရမည်ဖြစ်သည်။ မိမိ၏ Myanpay အကောင့်မှတစ်ဆင့် ငွေပေးချေ ရခြင်း ဖြစ်ကြောင်း၊ ငွေပေးချေမှု ပြီးစီးပါက Successful page သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ လကုန်ခန့်မှ စတင်ကာ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကြိုတင် ငွေပေးကတ်များ ဝယ်ယူနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝက်ဘ်ဆိုက်၏ တာဝန်ရှိသူက ပြောသည်။ www.prepaid.com.mm တွင် ဝယ်ယူသော ကတ်၏ Pin Code, Expire Date နှင့် ငွေပေးချေမှု အသေးစိတ်ကို မိမိအသုံးပြုခဲ့သည့် Email သို့ ပို့ပေးမည်ဖြစ်ကြောင်း၊ အခြား အမျိုးအစား မတူညီသော ကတ်ကို ထပ်မံ ဝယ်ယူလိုပါက Home ကို နှိပ်ကာ ထပ်မံ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ အဆိုပါဝက်ဘ်ဆိုက်တွင် တစ်သောင်းတန် GSM နှင့် CDMA ကြိုတင် ငွေပေးကတ်များအား ပုံမှန်ထက် ၂၀၀ ကျပ် သက်သာ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝယ်ယူထားသော ကတ်အား ပြန်ဖျက်လိုပါက Delete ကိုနှိပ်၍ ပြန်ဖျက်နိုင်ကြောင်း သိရသည်။ ဝယ်ယူပြီး ငွေပေးချေရန်အတွက် Myanpay အကောင့်အား Login ဝင်ပြီးပါက ဝယ်ယူသူ၏ အချက်အလက်အား မှန်မမှန်စစ်ဆေးကာ Continue ကို နှိပ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းနောက် Myanpay Account Information များ (Myanpay Account Email, Username) အား မှန်မမှန် စစ်ဆေးပေးပြီး pay ကို နှိပ်ကာ ငွေချေမည်ဖြစ်ကြောင်း သိရသည်။

(ထွန်းထွန်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page