လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

သတ္တုကိုယ်ထည်နဲ့ ONN M2 Tablet

Posted by Unknown Wednesday, November 7, 2012 0 comments

သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ONN အမှတ်တံဆိပ် M2 မော်ဒယ် Tablet ဖြစ်ပါတယ်။  A10 processor ကို ထည့်သွင်း ပေးထားတဲ့အတွက် CPU အမြန်နှုန်း 1.5GHz ရှိပါတယ်။ Capactive Multi touch အသုံးပြုနိုင်တဲ့ ၇ လက်မ IPS panel ဖြစ်ပြီး resolution ကို 1024x600 အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Memory 1GB (DDR3) ပါဝင်တဲ့အတွက် Multi tasking ကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သိုလှောင်မှုအနေနဲ့ 8GB ပါဝင်ပါတယ်။ Android 4.0 ICS ထည့်သွင်း ပေးထားပြီး HD အရည်အသွေးဗီဒီယိုတွေကို ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ရှေ့နဲ့နောက် ကင်မရာတစ်လုံးစီ ပါဝင်ပြီး ဗီဒီယို call အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ G-Sensor စနစ်၊ WiFi စနစ်နဲ့ Long time playback စနစ်တွေလည်း ပါဝင်ပြီး အာမခံက ၃ လဖြစ်ပါတယ်။ ဒီ Tablet ရဲ့ တန်ဖိုးကတော့ ၉၅,၀၀၀ ကျပ်ဖြစ်ပြီး စိတ်ပါဝင်စားသူတွေအနေနဲ့ iRevo ဖုန်း- ၂၃၀၀၄၂၀၊ ၀၉- ၇၃၀၉၉၉၁၁ သို့ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

(သူရ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page