ဒေါ်လာ ၁၅ ကျပ်တန် Simcard များ Sea Game မှာရောင်းချပေးမည်
Friday, November 30, 2012
1
comments

လာမည့်နှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့်
အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ
များကို အမေ
ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များ ကို ရောင်းချပေး သွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။အဆိုပါ SimCard များ ကို
ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅
ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင် ရန်
ကြို တင်ပေးသွင်း ထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။ ယင်း SimCard များအတွက် ပြော ဆိုခကို လည်း ထပ်မံဖြည့်သွင်းနိုင် ပြီး
အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း
ချပေး မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင်
ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေး ရရှိရန် အတွက် ဆောင် ရွက် သွား မည်ဖြစ်ပြီး
ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber
cable ကွန် ရက် များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊
မန္တလေးမြို့များတွင် ရုပ် သံ များ ဆောင် ရွက်နိုင် ရန် Fiber Cable နှင့်
Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင်
အားကစားကွင်း များတွင်WiFi နှင့်Wi max အင်တာ နက်ဆက်သွယ်ရေးစနစ်များကို
တိုးချဲ့ ချထားပေးနိုင်ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများ ကိုရွေး ချယ် ဆောင်
ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။ “လာ မယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က
တော်တော် အရေးပါပါတယ်။ ဘာလို့ လည်း ဆိုတော့ ဒီကိုလာပြီး သတင်းယူ ကြမယ့်
လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာ နက် သုံး တဲ့နေ ရာမှာ အမြန်နှုန်း
ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့
ရယူ တာ တို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း
အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင် တော့ ဆောင်ရွက်ပေးထား
ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင် တီ လုပ် ငန်းဆောင် ရွက်နေသူတစ်ဦးက
ဆိုပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တရားဝင် ထုတ်ပြန်ချက် များအရ UMTS (3G)
စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁
ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀
ခုနှင့် GSM (2.75)တယ်လီ ဖုန်း ဆက် သွယ်ရေး စခန်းပေါင်း ၁၂၀ ခု အထိ
တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါ သည်။
Mobile Guide
1 comments:
Titanium Rimless Glass Glass - Vitanium Art
The titanium rimless glass is an 2019 ford fusion hybrid titanium excellent glass for glass, however, it is apple watch 6 titanium not titanium easy flux 125 only efficient, but also titanium cost has some of the titanium phone case best features and
Post a Comment